Sunday, August 19, 2012

ရန်ကုန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အဆောက်အအုံများကို ဆောက်လျက်ရှိ

ရန်ကုန်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဆောက်အအုံများကို တည်ဆောက်လျက်ရှိ






အမေရိကန် နိုင်ငံဖြင့် ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ရာသီမရွေး သစ်ပင်ပန်းမန်များ အစုံစိုက်ပျိုးနိုင်သော Green Building Technology ဖြင့် အဆောက်အအုံ တည်ဆောက်လျက်ရှိကြောင်းကို Structural and Environmental Engineer ဦးကျော်ကျော်က ပြောသည်။
ထိုကဲ့သို့ပင် International Business Promotion Center (IBPC) မှလည်း အစ္စရေးနိုင်ငံဖြင့် ပူးပေါင်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဆောက်အအုံများကို Green House Technology ဖြင့် နေပြည်တော်တွင် တည်ဆောက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
ယခုအခါ ပြည်ပနိုင်ငံ၏ အဆင့်မြင့် နည်းပညာများဖြင့် တည်ဆောက်ပြီးသား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အဆောက်အအုံများကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ မလိခအိမ်ရာတွင် ဖွင့်လှစ်ထားပြီး ဖြစ်သည်ဟု သိရသည်။
ယင်းနည်းပညာဖြင့် အဆောက်အအုံတည်ဆောက်မှု ပြန့်ပွားစေရန်အတွက်လည်း ကျွမ်းကျင်ပညာရှင်များဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

ရှိန်းဝင်းထိုက်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။