Sunday, August 19, 2012

ပုသိမ် ရေဘေး ဒုက္ခသည် ၇၀၀၀ကျော်ရှိ

ပုသိမ် ရေဘေး ဒုက္ခသည် ၇၀၀၀ကျော်ရှိ






ဧရာဝတီ တိုင်း၏ မြို့တော် ပုသိမ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် င၀န်မြစ်ရေ တက်မှု ကြောင့် ရပ်ကွက် ၁၀ခု ကျော်တွင် ရေကြီးမှု ဖြစ်နေပြီး ဒုက္ခ သည်ပေါင်း ၇၀၀၀ကျော်ခန့်သည် ကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိ နေကြောင်း ပုသိမ် ပွင့်လင်း လူငယ်အဖွဲ့၏ ကိုဝေလုက The Voice Weekly သို့ သြဂုတ်လ ၁၆ရက်နေ့က ပြောကြားသည်။
" ရေကတော့ နှစ်တိုင်း တက် နေကြပါ။ ၄နှစ် တကြိမ်တော့ ဆိုးဆိုးဝါးဝါး ရေတက်တတ် ပါတယ်။ ဒါပေမဲ့ ဒီနှစ်က တော်တော် ဆိုးဆိုး ၀ါးဝါး ဖြစ် သွားတာပါ။ နေရာ တော်တော် များများ ရေမြုပ် သွားတာပါ" ဟု ၄င်းက ရှင်းပြသည်။ အဆိုပါရပ်ကွက် ၁၀ ခုတွင် ၁၊၂၊၃၊၇၊၈၊၁၂၊၁၄ ရပ်ကွက်တို့ အပါအ၀င် ရေကြီးမှုဒဏ်အဆိုးဆုံး ဖြစ်နေသည့် ရပ်ကွက် ၁၂၊၁၄ (ရေကြည်ဦး)တွင်လူ ၇၀၀ မှ ၈၀၀ခန့်ထိ ရှိနေပြီး ရေနံမြေ (တန် ၁၀၀)ဆန်စက် တွင်ကလေးသူငယ်များအပါအ၀င်လူ၂၀၀ ၀န်းကျင်ခန့်ဒုက္ခရောက်လျှက်ရှိနေကြောင်း ရပ်ကွက် ၁၀ခုပေါင်းလျှင် လူ၇၀၀၀ကျော်ခန့် ရှိကြောင်း ပုသိမ်မြို.ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများထံမှ စုံစမ်းသိရှိရသည်။
" လက်ရှိအခြေအနေက စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် ဆေးဝါးတွေ လိုအပ် နေပါတယ် " ဟု ယင်းနေရာသို့ သွားရောက် လှူဒါန်းမှု ပြုခဲ့သူ ကိုဝေလုက ရှင်းပြသည်။ ပုသိမ်၊ ရေကြည်နှင့် ပတ်ဝန်းကျင် အနီးတွင် လယ်ဧက ၅၀၀၀၀ ကျော် ရေမြှပ်နေပြီး ပုသိမ်မြို့ပေါ်ရှိ လမ်းမများထိ ရေ ၁ပေကျော် တတ်နေကြောင်း ဒေသ ခံများ ထံမှ စုံစမ်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။