|
Wednesday, August 28, 2013
★ Peacebaba - Want to chat?
★ Cer - Want to meet her?
★ Cer - Want to meet her?
![]() |
Cer - Want to meet her? |
Yes! | Maybe | No |
![]() |
cer |
24 - Myanj Kalay |
We discovered these matches for you |
![]() | ![]() |
Meet people nearby |
Unsubscribe from future mailings in one click: Unsubscribe.
myZamana, Inc. 427 N Tatnall St #40705 Wilmington, DE 19801

★ Afghan is waiting to chat with you!
★ Afghan is waiting to chat with you!
![]() |
Afghan wants to chat and meet with people nearby. Do you want to chat? |
Yes! | Maybe | No |
![]() |
Afghan |
22 - Kabul |
We discovered these matches for you |
![]() | ![]() | ![]() |
Meet people nearby |
Unsubscribe from future mailings in one click: Unsubscribe.
myZamana, Inc. 427 N Tatnall St #40705 Wilmington, DE 19801
myZamana, Inc. 427 N Tatnall St #40705 Wilmington, DE 19801
လက်ထပ်ရန်ငြင်းသဖြင့် အမျိုးသမီးတစ်ဦး ဓားထိုးခံရ
လက်ထပ်ရန် ငြင်းဆန်သည့် အမျိုးသမီးတစ်ဦးကို ရည်းစားဟောင်းက ဓားဖြင့်ထိုးသည့် အမှုတစ်ခု သြဂုတ် ၂၅ ရက်က ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
ဓားထိုးခံရသည်မှာ ကမာရွတ်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွင် စာရေးမအဖြစ် လုပ်ကိုင်သူဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားသည်။
ထိုအမျိုးသမီးကို ဓားဖြင့်ထိုးသည်မှာ အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသည့် လူငယ်တစ်ဦးဖြစ်ပြီး ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်တွင် နေထိုင်သည့် ကိုသိန်းသိန်းအောင် (ခ)ကိုချစ်ကို ဆိုသူဖြစ်သည်ဟု လည်း ရဲဌာနက ဆိုထားသည်။
အမျိုးသမီးသည် သြဂုတ် ၂၅ ရက်ည ၈ နာရီကျော်တွင် ယခင်က ရည်းစားဖြစ်ခဲ့ဖူးသူ ထိုလူငယ်နှင့် လမ်းကြား တစ်ခုတွင် ပြန်တွေ့ရာ အတင်းအကြပ် လက်ထပ်ခိုင်းသဖြင့် မယူနိုင်ကြောင်း တုန့်ပြန်ပြောကြားခဲ့ရာ လူငယ်က ဓားဖြင့် ထိုးလိုက်ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။
၎င်းလူငယ် အသုံးပြုခဲ့သည့်ဓားမှာစာရွက်ဖြတ်ရာတွင် သုံးသည့် အဆစ်များပါသော ဓားဖြစ်ပြီး အမျိုးသမီး၏ ၀ဲဘက် ရင်အုံအောက်ကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် သူမကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ကုသထားရပြီး ဒဏ်ရာသည်လည်း စိုးရိမ်ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ယခုကိစ္စကို ဓားထိုးခံရသည့် အမျိုးသမီးက တရားလိုပြုလုပ် တိုင်တန်းထားပြီး ကမာရွတ် ရဲစခန်းကလည်း အမှုဖွင့်ထားကာ ဓားဖြင့်ထိုးသည်ဟု စွပ်စွဲခံထားရသူကိုလည်း ရဲများက ဖမ်းဆီးစစ်ဆေးနေကြောင်း တိုင်းရဲဌာနက ထုတ်ပြန်သည်။၎င်းလူငယ်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ အပြင်းအထန် နာကျင်စေမှုဖြင့်တရားစွဲမည်ဖြစ်သည်။

ရန်ကုန်မှာလည်း လုံခြုံရေး တိုးမြှင့်ထား
စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ် ထန်းကုန်း ရွာမှာ လူမျိုးရေး ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်း အခြေအနေ တွေ တည်ငြိမ် နေပေမယ့် တခြား ဒေသတွေမှာ နောက်ထပ် ပဋိပက္ခ ဖြစ်လာနိုင်တဲ့ အခြေအနေ တခိျု့ ထပ်ပြီး ပေါ်ပေါက် ခဲ့တာမို့ အာဏာပိုင် တွေက လုံခြုံရေး တင်းကျပ် မှုတွေ လုပ်နေ ပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခတွေကို တနေရာပြီး တနေရာ မကြာခဏ ဆိုသလို ကြုံလာခဲ့တာ နှစ်နဲ့ချီ ကြာလာ ပြီးတဲ့နောက် လူ့အဖွဲ့အစည်း နှစ်ခု အကြားမှာ သံသယ နဲ့မခံချင်စိတ်တွေ ဆက်ရှိနေ ကြပြီး အချိန်မရွေး ပြဿနာ ပြန်ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်ပါတယ်။
တနင်္လာနေ့ တုန်းက ဧရာဝတီတိုင်း ပန်းတနော် မြို့မှာ ဖြစ်ခဲ့တဲ့ အချင်းပွားမှုကြောင့် ဘာသာရေး ပဋိပက္ခ မဖြစ်အောင် ရပ်ရွာမှာရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဝိုင်းဝန်း ဖြေရှင်း ပေးခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း ပြဿနာ ပြေလည်သွား ပေမယ့် ဒေသခံ မူဆလင် အတော်များများ ကြောက်လန့်ပြီး တိမ်းရှောင် နေကြပါတယ်။ အဓိက ကတော့ ကောလဟာလ သတင်းတွေကြောင့် ဖြစ်တယ်လို့ မြို့ခံမူဆလင် တဦးက ဆိုပါတယ်။
ပန်းတနော်မှာ အခုလို အခြေအနေ ကြုံရသလို၊ ရန်ကုန် တောင်ဥက္ကလာ ၁၀ ရပ်ကွက် မှာလည်း ဆိုက်ကား စီးပြီး ကလေး ကျောင်းသွားကြိုတဲ့ ဗုဒ္ဒဘာသာ အမျိုးသမီး တဦးကို လူနှစ်ဦးက ဘလိတ်ဒါးလိုမျိုး အသွား ထက်တဲ့အရာ တခုနဲ့ မျက်နှာကို လှီးခဲ့တဲ့ ရာဇဝတ်မှု တခု တနင်္လာနေ့က ဖြစ်ခဲ့ပါတယ်။
တိုက်ခိုက်တဲ့ သူတွေဟာ ဘယ်သူ ဘယ်ဝါ ဆိုတာ မသိရသေး ပေမယ့် လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ လုပ်ရပ် ဖြစ်နိုင်တယ် ဆိုတဲ့ သံသယ တွေကြောင့် အာဏာပိုင်တွေက လုံခြုံရေးတွေ တိုးမြှင့်ချထား နေပါတယ်။
အခု ဖြစ်ရပ်တွေဟာ သီးခြား ဖြစ်စဉ် တွေလို ဖြစ်နေပေမယ့် မကြာသေးခင် ကာလတွေ အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေ အနေ တွေကြောင့် နောက်ထပ် ပြဿနာတွေ မကြီးထွား လာအောင် အာဏာပိုင်တွေက လုံခြုံရေးကို ဂရုစိုက်ပြီး ဆောင်ရွက် နေတာ တွေ့ရပါတယ်။
ဒါပေမယ့် ပြဿနာရဲ့ အရင်းအမြစ် ဖြစ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုကြား စိတ်ဝမ်းကွဲမှု တွေကို ဖြေရှင်းဖို့ ကတော့ အစိုးရအဖို့ ကြီးမားတဲ့ အခက်အခဲ အဖြစ်ရှိနေ ပါတယ်။
အခုလို ပြဿနာတွေ၊ ပဋိပက္ခတွေ ကြိုကြား ကြိုကြား ဖြစ်လာနေတဲ့ အချိန်မှာပဲ မန္တလေးမြို့ မှာတော့ ဒါတွေ မကြုံရစေဖို့ ပဋိပက္ခ များ ဖန်တီးမှုကို ကြိုတင် တားဆီး ကာကွယ်ရေး အဖွဲ့ကနေ သီတဂူ ဆရာတော်ကြီး ဦးဉာဏိဿရရဲ့ ငြိမ်းချမ်းရေး ဓမ္မသဘင် တရားပွဲကြီးကို ကျင်းပကြပါတယ်။
အဲဒီအဖွဲ့ဟာ မန္တလေး မြို့ပေါ်မှာ အဲဒီလို ပဋိပက္ခတွေ မဖြစ်ရအောင် ၄ ကြိမ်လောက် တားဆီး ကာကွယ် နိုင်ခဲ့ပြီး ဖြစ်သလို ပြဿနာ ဖြစ်တဲ့ ဒေသတွေကိုလည်း သွားရောက် ပြီး ပဋိပက္ခများ မဖြစ်အောင် တားဆီးရေး အဖွဲ့တွေ ဖွဲ့စည်းဖို့ အတွက်ကိုလည်း အကြံပြု နေတာ ဖြစ်ပါတယ်။
အခုလည်း ထန်းကုန်း ရွာအထိ လည်း သွားရောက် ခဲ့ပြီး ပဋိပက္ခ ကြိုတင် တားဆီးရေး အဖွဲ့တွေတောင် ဖွဲ့စည်း နိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း အသင်းရဲ့ ဒုတိယ ဥက္ကဌ ဒေါ်ဝင်းမြမြက ဘီဘီစီ ကို ပြောကြား ခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

ဆိုင်ကယ်စီးခွင့် ပြန်ရရန် တိုင်းဒေသကြီးအစိုးရထံ အသနားခံစာ တင်မည်
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်စီးခွင့် ပြန်ရရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရထံသို့ အသနားခံစာ တင်မည်ဖြစ်သည်ဟု လှိုင်သာယာမြို့နယ်မှ ဒေသခံများက သြဂုတ် ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။
အသနားခံစာတင်ရန်အတွက် လှိုင်သာယာမြို့နယ်မှ ဒေသခံများက သြဂုတ် ၂၈ ရက်တွင် စုပေါင်းသဘောထား ခံယူမည်ဖြစ်ကာ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေထံ လိပ်မူပြီး အသနားခံစာတင်မည် ဖြစ်သည်ဟုလည်း
ဒေသခံ များက ပြောသည်။
လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်စီးနင်းသူများကို တင်းကျပ်စွာ ဖမ်းဆီးခြင်းကို သြဂုတ်လအတွင်းက စတင်ခဲ့ပြီး
ထောင်ဒဏ် သုံးနှစ်နှင့် ဆိုင်ကယ်သိမ်းမည်ဖြစ်သည်ဟု အချို့ရပ်ကွက်များအတွင်း လိုက်လံ ကြေညာခဲ့သည်ဟု လည်း လှိုင်သာယာ ဒေသခံများက ပြောသည်။
လှိုင်သာယာ ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်ဆန်းက "မနက်က လှိုင်သာယာမြို့နယ်အတွင်းမှာ ဆိုင်ကယ်စီးနင်းတဲ့ သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ ပြောတယ်။ လှိုင်သာယာက ဆင်ခြေဖုန်းမြို့လေးတစ်မြို့ပါ။ ဆိုင်ကယ်စီးနင်းခွင့် မရရင် လှိုင်သာယာမှာ အခက်အခဲ ရှိနိုင်တဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကအစ အဆင်မပြေ
ဖြစ်နိုင်ပါတယ်"ဟု ပြောသည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ အချို့ကျေးရွာများသို့ သွားရောက်ရာတွင် လိုင်းကားမရောက်၍ ဆိုင်ကယ်ကယ်ရီများ ကိုသာ အားထားရသောကြောင့် ဆိုင်ကယ်စီးခွင့် ပြန်ရလိုကြောင်း ဒေသခံများက ပြောခြင်းဖြစ်သည်။
လှိုင်သာယာမြို့နယ်၊ ကျွန်းကလေးကျေးရွာမှ ဒေသခံ ဦးမောင်မောင်ကျော်ကလည်း "အရမ်းဆိုးသွမ်းပြီး
မောင်းနှင်နေတဲ့ လူတွေကို လုပ်မယ်ဆိုရင် ဒဏ်ငွေရိုက် တရားရုံးတင်ပါ။ အခု ဒီလိုမျိုး ဆိုင်ကယ်စီးနင်းမှုကို သိမ်းမယ်ဆိုရင် သွားရေးလာရေးအတွက် အဆင်မပြေတော့မှာကို စိုးရိမ်နေကြတယ်" ဟုပြောသည်။
ယခင်က တရားမ၀င် ဆိုင်ကယ်စီးနင်းခြင်းကို ဖမ်းဆီးမှုရှိသော်လည်း ယခုကဲ့သို့မပြင်းထန်ကြောင်း လိုင်စင်ရှိ ဆိုင်ကယ်ဆိုပါက ကျပ်ငါးသောင်းဖြင့် ပြန်ရွေးနိုင်သော်လည်း ယခုတစ်ကြိမ် ဖမ်းဆီးမှုတွင် ထောင်ဒဏ်ပါလာပြီး လိုင်စင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆိုင်ကယ်ကို သိမ်းယူမည်ဆိုသောကြောင့် ဒေသခံများအနေဖြင့် အဆင်မပြေ မှုများ ဖြစ်ပေါ်နေသည်ဟု ၎င်းတို့က ဆိုခြင်းဖြစ်သည်။
လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းမှု အရေအတွက်မှာ အစီးရေ သိန်းနှင့်ချီ ရှိသည်ဟုလည်း ဒေသခံများက ဆိုသည်။
လှိုင်သာယာမြို့နယ်ရှိ လိုင်းကားစီးရန် ခက်ခဲပြီး ဆိုင်ကယ်ဖြင့် သွားလာမှုကို အားထားရသည့် ကျေးရွာအချို့မှာ ကမ်းပြိုကျေးရွာ၊ ကျွန်းကြီးကျေးရွာ၊ တလိကျေးရွာ၊ ရိုးကြီး၊ ရိုးလေး၊ ရေအုတ်၊ ကံညောင်ကျေးရွာနှင့် ဒိုင်စုကျေးရွာ တို့ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း တရားမ၀င်စီးနင်းနေသော ဆိုင်ကယ်များကို ပြီးခဲ့သည့် ဇူလိုင်လဆန်း ပိုင်းက မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့ရပ်ကွက်တွင် ဖမ်းဆီးခဲ့ပြီး အဌားဆိုင်ကယ်များကို ဖမ်းဆီးခဲ့ခြင်း
ဖြစ်သည်။

အလုပ်ချိန် ပိုခိုင်းသော အလုပ်ရှင်များကို အစိုးရက တရားစွဲမည်
တရားဝင် သတ်မှတ်ထားသော အလုပ်ချိန်ထက် ပိုခိုင်းနေသော အလုပ်ရှင်များကို ခေါ်ယူသတိပေးမည် ဖြစ်ပြီး သုံးကြိမ်ထက် ကျော်လွန်ပါက တရားစွဲမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဒုဝန်ကြီးက သြဂုတ် ၂၇ ရက် ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကတည်းက မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေအရ အလုပ်သမားတိုင်း၏ ပုံမှန်အလုပ်ချိန်သည် တစ်ရက်လျှင် ရှစ်နာရီဖြစ်ပြီး အချိန်ပိုအနေဖြင့် သုံးနာရီ လုပ်ကိုင်နိုင်ကြောင်း ခွင့်ပြုထားသည်။
အစိုးရက အချိန်ပိုခိုင်းသော အလုပ်ရှင်များကို သတိပေးပြီး မလိုက်နာလျှင် တရားစွဲမည်ဆိုခြင်းသည် လွှတ်တော်၏ အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မရှင်က ရန်ကုန်နှင့် ပဲခူးတိုင်းတို့မှ စက်ရုံများကို ကွင်းဆင်း စစ်ဆေးပြီးနောက် ထွက်ပေါ်လာသည့် အစီရင်ခံစာ၏ နောက်ဆက်တွဲ ရလဒ်တစ်ခုလည်း ဖြစ်သည်။
လွှတ်တော်အမတ်၂၆ ဦးဖြင့် ဖွဲ့စည်းထားသည့် ထိုကော်မတီက စက်ရုံ ၃၆ ရုံသို့ သွားရောက်စစ်ဆေးပြီး လွန်ခဲ့သည့် ၁၄ရက်က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် အလုပ်သမားအများစုသည် တစ်ရက်လျှင် ၁၃ နာရီ အလုပ်လုပ်
နေရပြီး သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိသလောက် ဖြစ်နေသဖြင့် ကျန်းမာရေးချို့တဲ့ရာ စိတ်ဓာတ်အင်အား ကျဆင်းနေကြောင်း ပါရှိသည်။
လွှတ်တော်၏ ကော်မရှင် စစ်ဆေးခဲ့သည်မှာ အထည်ချုပ်၊ ဖိနပ်စက်ရုံ၊ ဆံပင်တုစက်ရုံ၊ ငါးပုစွန် အအေးခန်းစက်ရုံ၊ ဇာထိုးပန်းထိုးစက်ရုံ၊ လျှပ်စစ်စက်ရုံ၊ ပီနံအိတ်စက်ရုံ၊ သကြားလုံးစက်ရုံ၊ ကြွေပြားစက်ရုံနှင့် သစ်အချောထည်စက်ရုံတို့
ဖြစ်ကြသည်။
လုပ်သားများ အချိန်ပိုလုပ်နေရမှု ရှိ/ မရှိကို အစိုးရဌာနက သိရှိရန် စက်ရုံအသီးသီးရှိ လုပ်သား ကိုယ်စားလှယ်များက တင်ပြပေးကြရန် အစည်းအဝေးပွဲများ ပြုလုပ်၍ ၀န်ကြီးဌာနက ရှင်းပြလိမ့်မည်ဟု အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မရှင်၏ အတွင်းရေးမှူးဖြစ်သည့် လွှတ်တော်အမတ် ဦး ခိုင်မောင်ရည်က ရှင်းပြသည်။
ထို့ပြင် ဦးခိုင်မောင်ရည်က "အလုပ်သမားတွေက ခွင့်ကို တရားဝင် ယူလို့ရတယ် ဆိုတာတောင် မသိဘူး။ တစ်ရက် ခွင့်ယူရင် တစ်ရက်စာ ဖြတ်ခံရမယ်လို့ မြင်ထားတယ်။ ဒါကြောင့်မို့လို့ ခြောက်နှစ်လောက် အလုပ်လာလုပ်ပြီးတော့ တစ်ရက်မှ ခွင့်မယူတဲ့သူကိုလည်း တွေ့ခဲ့ရတယ်။ ခုနစ်နှစ် လုပ်လာပြီးမှ တစ်ရက်လောက် ခွင့်ယူတဲ့ ကောင်မလေး တစ်ယောက်၊ သူ့မောင် မင်္ဂလာဆောင်လို့ဆိုပြီးတော့ ခွင့်ယူတဲ့ တစ်ယောက်ကိုလည်း တွေ့ခဲ့တယ်"ဟု ၎င်းတို့ စက်ရုံ များသို့ လုပ်သားအခွင့်အရေးအခြေအနေကို ကွင်းဆင်း စစ်ဆေးစဉ်က အတွေ့အကြုံကို ပြန်ပြောပြခဲ့ သေးသည်။
မြန်မာနိုင်ငံတွင် ၁၉၅၁ ခုနှစ်က ပြဋ္ဌာန်းထားသည့် "ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေ"၊ "အလုပ်ရုံဥပဒေ" တို့ရှိပြီး ထိုဥပဒေများထဲတွင် အလုပ်သမားအခွင့်အရေးများ ပါရှိသော်လည်း အလုပ်ရှင်များက လိုက်နာမှု အားနည်းကြောင်း၊ ၎င်းတို့ မလိုက်နာလျှင်လည်း သက်ဆိုင်ရာ အာဏာပိုင်တို့က အရေးယူမှု မရှိသလောက် နည်းပါးကြောင်း အလုပ်ရေးရာ တက်ကြွလှုပ်ရှားသူများက ပြောသည်။

ယာဉ်မောင်း၏ မဆင်မခြင်မှုကြောင့် အမျိုးသမီးတစ်ဦး ဓာတ်တိုင်ပိ သေဆုံး
ရန်ကုန် ၊ ၂၇-၈-၂၀၁၃
ရန်ကုန်တိုင်း ဒေသကြီး ၊ ဒဂုံမြို့နယ် ၊ ပြည်ထောင်စု ရိပ်သာရှေ့ တွင် ယနေ့နံနက် ၆ နာရီက ပြည်လမ်းမကြီး တစ်လျှောက် ဆူးလေမှ မြေနီကုန်း ဘက်သို့ မောင်းနှင် လာသည့် ယာဉ်လိုင်း အမှတ် ၁၂၄ မြောက်ပိုင်း ခရိုင် အထူးယာဉ်လိုင်း မှ မော်တော်ယာဉ် သည် အရှိန် မထိန်းနိုင်ဘဲ ပလက်ဖောင်း ပေါ်မှ ဓာတ်တိုင်ကို ၀င်တိုက်ပြီး ဓာတ်တိုင် ကျိုးကျ သဖြင့် နံနက်ပိုင်း အားကစား လေ့ကျင့်ရန် လမ်းလျှောက် လာသူ အမျိုးသမီး တစ်ဦး ( အမည် စိစစ်ဆဲ ) အား ပိမိသငဖ့် နေရာတွင် ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။ အဆိုပါ ယာဉ်မောင်း မှာ ထွက်ပြေး သွားသဖြင့် တာဝန်ရှိ သူများက အရေးယူ ဆောင်ရွက် နိုင်ရန် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။
The Myawady Daily

ပြည်သူ့ရင်ပြင်ပန်းခြံအတွင်းရှိ ကလေးရေကစားကန်အတွင်း လူငယ်တစ်ဦးသေဆုံးနေသည်ကိုတွေ့ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ အတွင်းNatural Worldကုမ္ပဏီ မှ တာဝန်ယူလုပ်ကိုင်နေသည့် အခမဲ့ ကလေးရေကစားကန် အတွင်း လူငယ်တစ်ဦး သေဆုံး လျက်အနေအထားဖြင့် တွေ့ရှိရ သောကြောင့် ဒဂုံမြို့နယ်ရဲစခန်းမှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
သြဂုတ်လ ၂၇ ရက်နေ့ နေ့ လယ် ၂ နာရီအချိန်တွင် အဆိုပါ သေဆုံးနေသူအား လုံခြုံရေး ၀န် ထမ်းများမှ စတင်သတိထားမိပြီး နောက် တာဝန်ရှိသူများထံ အကြောင်းကြား၍ သွားရောက် စစ်ဆေးရာ ရေအနက်တစ်ပေခွဲ ခန့်တွင် ထိုင်လျက်ရေကန်ဘောင် ကိုကျောမှီနေသော အနေအထား ဖြင့် သေဆုံးလျက်တွေ့ရှိရသည် ဟု သိရသည်။
""သူ့ကို သူငယ်ချင်း ၄ယောက် နဲ့ မနက် ၁၀ နာရီလောက်ထဲက အတူတူ ရေကစားနေတာကို သတိထားမိတယ်။ တစ်နေ့လုံး နားလိုက်ဆော့လိုက်နဲ့ သူငယ် ချင်းက မိန်းကလေးနှစ်ယောက်၊ ယောက်ျားလေးနှစ်ယောက်၊ နေ့ လယ်ဘက် ၁ နာရီလောက် ကျွန် တော်တို့ အမှိုက်သွားသွန်တော့ သူဘာဖြစ်လို့လဲ မသိဘူး၊ သူ့ သူ ငယ်ချင်းတွေက ရင်ဘတ်ကိုဖိပြီး စကားတွေ ပြောနေကြတယ်။ ကျွန်တော်တို့ အမှိုက်သွန်ပြီး ပြန် လာတော့ သူ့သူငယ်ချင်းတွေ မရှိ တော့ဘူး။ သူ့တစ်ယောက်တည်း တွေ့ရတယ်။ နေ့လယ် ၂ နာရီခွဲ လောက်ကြာတော့ သူ အဲဒီနေ ရာမှာကြာနေပြီ။ ရေထဲမလှုပ် မယှက်နဲ့ဆိုတော့ အိပ်နေတယ် ထင်ပြီး အအေးပတ်မှာစိုးလို့ သွား နှိုးတာ ခေါ်လို့မရတော့ဘူး။ လူ ကလည်း အေးစက်နေတာပဲ။ အဲဒီတော့မှ သူသေနေမှန်း သိရ တာ""ဟု စတင်တွေ့ရှိသူ လုံခြုံရေး ၀န်ထမ်းတစ်ဦးက ပြောကြား သည်။
အဆိုပါနေ့၌ ဒဂုံရဲစခန်းမှ သေဆုံးသူ၏အမည်နှင့် နေရပ် တို့အား စုံစမ်းလျက်ရှိသေး ကြောင်း သိရသည်။
ဝင်းကိုကို
Hot News Weekly

★ Sana - Want to chat?
★ Sana - Want to chat?
![]() |
Sana - Want to chat? |
Yes! | Maybe | No |
![]() |
Sana |
22 - Kabul |
We discovered these matches for you |
![]() | ![]() | ![]() | ![]() |
Meet people nearby |
Unsubscribe from future mailings in one click: Unsubscribe.
myZamana, Inc. 427 N Tatnall St #40705 Wilmington, DE 19801
myZamana, Inc. 427 N Tatnall St #40705 Wilmington, DE 19801
Subscribe to:
Posts (Atom)