Monday, August 27, 2012

အင်ဒိုနီးရှား ကြက်ခြေနီ အကူအညီပေးရေး အဖွဲ့တဖွဲ့ မြန်မာသို့ စေလွှတ်


အင်ဒိုနီးရှား ကြက်ခြေနီ (Red Cross) အဖွဲ့မှ  အကူအညီ ပေးရေး အဖွဲ့တဖွဲ့သည် မြန်မာနိုင်ငံ အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်၏ ပဋိပက္ခအတွင်း ဒုက္ခရောက်နေကြသူများအား  ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ရန် ယနေ့သြဂတ်(စ်)လ ၂၅ရက်နေ့က ထွက်ခွာသွားပြီ ဖြစ်ကြောင်း The Jakartaglobe သတင်းတွင် ရေးသားသည်။
အဖွဲ့ဝင် ၈ဦးပါ အဆိုပါအဖွဲ့သည် အင်ဒိုနီးရှား စစ်လေယာဉ်ကွင်း တစ်ခုမှ ဂျက်လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပြီး လေယာဉ်ပေါ်၌ အလှူပစ္စည်း များဖြစ်သည့် ရောဂါ ကာကွယ်ရန် တကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ကိရိယာ ၅၀၀၊ စောင် ၃၀၀၀၊ လုံ ချည် ၁၀၀၀၀တို့ ပါဝင်သည်ဟု ဆိုသည်။

တွေ့ဆုံဆွေးနွေးမှု အမြန်လုပ်ဖို့ KNU တိုက်တွန်း

KNU ကရင်အမျိုးသားအစည်းအရုံး နဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေသေးတာကြောင့် ငြိမ်းချမ်းရေး အတွက် နောက်ထပ် တွေ့ဆုံမှုတွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ KNU က ပြောလိုက်ပါတယ်။ KNU နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ အကြား နောက်ထပ် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပေမဲ့ ဖြစ်မလာသေးတာကြောင့် KNU က အခုလို တိုက်တွန်းလိုက်တာပါ။ အသေးစိတ်ကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

ရခိုင်ဒေသ လူထု ဆန္ဒဖေါ်ထုတ်ရေး ကော်မီတီ ရသေ့တောင်တွင် ဖွဲ့စည်း


ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ရခိုင်ပြည်နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့သော ပြဿနာ အရပ်ရပ်များကို ဖေါ်ထုတ်အဖြေရှာနိုင်ရန်  အတွက် လူထု ဆန္ဒဖေါ်ထုတ်ရေး ကော်မီတီတစ်ရပ်ကို သြဂတ်စ် ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်သည်။

အမေရိကန် အားကစား သံတမန်တွေ မြန်မာနိုင်ငံရောက်

အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနဲ့ ဆက်ဆံရေးကို မြင့်တင်တဲ့အနေနဲ့ အမေရိကန်အစိုးရက ကြေးစား ဘတ်စကက်ဘော အားကစားသမားတွေနဲ့ နည်းပြတွေပါဝင်တဲ့ အားကစားသံတမန်အဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ် လိုက်ပါတယ်။

Samsung က Apple ကို ဒေါ်လာသန်း ၁ ထောင်ကျော် လျော်ရမည်






အမေရိကန် နည်းပညာကုမ္ပဏီ Apple ရဲ့ ပြိုင်ဘက် တောင်ကိုရီးယားက Samsung Electronic ကုမ္ပဏီဟာ လက်ကိုင် မိုလ်ဘိုင်း ဖုန်းတွေနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်တော်တော်များများကို ချိုးဖောက်တယ်လို့ ဆိုပြီး Apple ကုမ္ပဏီ ကို နစ်နာကြေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ ထောင်ကျော် ပေးရမယ်လို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ Apple ရဲ့ နည်းပညာ တော်တော်များများကို သုံးခဲ့တယ်လို့ ဆိုပြီး သောကြာနေ့က ချခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် Samsung ကုမ္ပဏီ က အယူခံဝင်ဖို့ များပါတယ်။

ကချင်နှင့် ရခိုင် ကလေးငယ်များအတွက် ပညာရေး ရန်ပုံငွေ ဈေးရောင်းပွဲတော် ကျင်းပ


ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ကလေးငယ်များအတွက် ပညာရေးရန်ပုံငွေ ဈေးရောင်းပွဲတော်တခုကို
ရန်ကုန်မြို့ ပြည်လမ်းမရှိ တော်ဝင်စင်တာတွင် ယနေ့ သြဂတ်စ်လ ၂၅ရက်နေ့တွင် ကျင်းပခဲ့သည်။

PNLO ပထမဆုံးအကြိမ် အပစ်ရပ် လက်မှတ်ထိုး

စံခလပူရီ (မဇ္ဈိမ)။   ။ ထိုင်းနိုင်ငံတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် အလွတ်သဘော နှစ်ကြိမ် တွေ့ဆုံခဲ့သည့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) က စနေနေ့တွင် ရှမ်းပြည်နယ် အစိုးရနှင့် ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲလိုက်သည်ဟု PNLO က ပြောသည်။

 DVB မကွေးသတင်းထောက်နှင့် ကျောင်းသားမိဘတစ်ဦးတို့အား မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ပိုင်နက်ကျူးလွန်မှု၊ တာဝန်ဝတ္တရား နှောက်ယှက်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း သိရ


DVB သတင်းဌာနမှ မကွေးသတင်းထောက် ဦးဇော်ဖေ(ခေါ်) ဦးသူရသက်တင်၊ အသက်(၄၀)နှစ်နှင့် တောင်တွင်းကြီးမြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးလှိုင်လှိုင် (ခေါ်) ဦးမြင့်လှိုင် အသက် (၄၁)တို့ နှစ်ဦးအား မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယတိုင်းပညာရေးမှူးက ပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှု၊ ပုဒမ ၃၅၃ တာဝန်ဝတ္တရား နှောက်ယှက်မှုတို့ဖြင့် သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ အချိန်က မကွေးမြို့ အမှတ်(၁)ရဲ တပ်ဖွဲ့ စခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

 မန္တလေးမြို့ တမ္ပ၀တီ ခတ္တန်းရပ်ကွက်တွင် လူသတ်မှုဖြစ်ပွား


7473

အခင်းဖြစ်ပွားရာ နေအိမ်အားတွေ့ရစဉ်
မန္တလေးမြို့၊တမ္ပ၀တီ ခတ္တန်းရပ်ကွက်တွင် သြဂုတ်လ ၂၃ရက်နေ့ ည၁၁နာရီ အချိန်ခန့် က လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

 အဆောက်အအုံဆိုင်ရာ စည်းမျဉ်းမူကြမ်းအား လတ်တလောတွင် ဌာနဆိုင်ရာများသို့ ပေးပို့ထား၊ ယခုနှစ် နှစ်ကုန်ပိုင်း၌ စတင်စမ်းသပ် အသုံးပြုနိုင်ပြီဖြစ်


အဆောက်အဦများ သဘာဝ ဘေးဒဏ်ခံနိုင်ရေးအတွက် ရေးဆွဲလျက်ရှိသည့် အဆောက်အဦဆိုင်ရာ စည်းမျဉ်း (Building Code)မူကြမ်း အား လတ်တလောအခြေအနေ၌ ၀န်ကြီးဌာနများ၊ ဌာနဆိုင်ရာရုံးများ သို့ ပေးပို့ထားကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ သိရှိရသည်။

မြန်မာ့သစ်လုပ်ငန်းမှ ဆင်နှစ်ကောင်နှင့် တရုတ်နိုင်ငံမှ ပင်လယ်ဖျံနှစ်စုံတို့အား နှစ်နိုင်ငံချစ်ကြည်ရေး အရ လဲလှယ်မည်



7477
ရှန်စီးပြည်နယ် တိုင်းယွမ်မြို့ရှိ တိုင်းယွမ် တိရစ္ဆာန်ဥယျာဉ်တွင် အလှပြနေသော
ပင်လယ်ဖျံကို တွေ့ရစဉ် Photo: People Daily
မြန်မာ့သစ်လုပ်ငန်းမှ ဆင်နှစ်ကောင်နှင့် တရုတ်နိုင်ငံမှပင်လယ် ဖျံနှစ်စုံတို့ကို နှစ်နိုင်ငံချစ်ကြည်ရေး အရ လဲလှယ်သွားမည်ဖြစ်ကြောင်း ထူး (Zoo & Gardens Business Unit) မှ သိရသည်။

 မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်ကာ ၀န်ထမ်းစည်းကမ်း ဖောက်ဖျက် ကျူးလွန်ခဲ့သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိနှင့်အောက်ခြေ၀န်ထမ်း ၈၂ ဦးတို့အား အရေးယူခဲ့ဟု ထုတ်ပြန်

မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်ကာ ၀န်ထမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှအရာရှိ (ဌာနမှူးအဆင့် မှ ဌာနစုမှူးအဆင့်အတွင်း)နှင့် အောက်ခြေ၀န်ထမ်း စုစုပေါင်း ၈၂ ဦးတို့အား အရေးယူမှုပြုလုပ်ခဲ့သည် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယခု အရေးယူခဲ့သည့် စာရင်း မှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီ လ ၁ ရက်မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

 သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံ၏ကူညီမှုဖြင့် ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံအစိုးရ စာချုပ်ချုပ်ဆို


သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန်အား ဂျပန်နိုင်ငံ၏ ကူညီမှုဖြင့်၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဖွင့်လှစ်နိုင်ရန် ဂျပန်-မြန်မာ နှစ် နိုင်ငံအစိုးရတို့စာချုပ်ချုပ်ဆိုထား ကြောင်း JICA Myanmar Office မှ မစ္စတာဟဂျိမီမတ်ဆူအိုက၏ ပြောကြားချက်အရ သိရသည်။
သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန်အား ဂျပန်နိုင်ငံမှ ကာလရှည် အတိုးနှုန်းနိမ့် Official Development Assistant (ODA) ချေးငွေဖြင့် လုပ်ဆောင်ရန် ရည်မှန်းထားကြောင်း သိရသည်။

 နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများ၏ ပညာရေးစနစ်များကို လာမည့် ပညာသင်နှစ်မှ စတင်ပြောင်းလဲမည်

နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့်သိပ္ပံများ၏ ပညာရေးစနစ်များ ကို လာမည့် ပညာသင်နှစ်မှ စတင်၍ ပြောင်းလဲမည်ဟု သိရှိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းအား ရမှတ် ၄၅၀ နှင့်အထက်ရရှိ အောင်မြင်သူများမှာ ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များ၌ ဖွင့်လှစ်မည့် B.E  နှင့် B.Arch ဘွဲ့သင်တန်းများအား တိုက်ရိုက်လျှောက်ထား နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ကျောင်းသားဦးရေ ၂၅၀ ဦးစီကို လက်ခံသင်ကြားပေးသွားမည် ဖြစ်ပြီး Bio. Technology ၀ါသနာပါသူ များအတွက် လေးနှစ်ဆက်တိုက် သင်ယူစေကာ အောင်မြင်သူများအား B.S.(Bio.Tech) ဘွဲ့ကို ပေးအပ်ချီး မြှင့်သွားမည်ဖြစ်သည်။

 မြန်မာ့လေကြောင်းမှ တာဝန်ယူလုပ်ကိုင်နေသည့် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းကို ပထမဆုံး အနေဖြင့် ယူအေအီးနိုင်ငံ အခြေစိုက် Dnata ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်


မြန်မာ့လေကြောင်းမှ တာဝန် ယူလုပ်ကိုင်နေသည့် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းအား ပထမဆုံးအနေဖြင့် ယူအေအီးနိုင်ငံ အခြေစိုက် Dnata နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သတင်းရရှိပါသည်။
ယူအေအီးနိုင်ငံ အခြေစိုက် Dnata  ကုမ္ပဏီသည် နိုင်ငံပေါင်း ကိုးနိုင်ငံရှိ လေဆိပ် ၂၀ ၌ မြေပြင် ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်ဟု သိရသည်။

ရေကြီးနစ်မြုပ်မှု ဒဏ်ခံစားနေရသည့် ဧရာဝတီတိုင်းဒေသကြီးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သွားရောက်၊ ရေနစ်မြုပ်ပျက်စီးခဲ့သည့် လယ်များအတွက် နိုင်ငံတော်အစိုးရမှ ကျပ်သိန်း ၄၀၀၀ ကျော် ထောက်ပံ့ပေးအပ်


ဧရာဝတီတိုင်းဒေသကြီးရှိ ရေနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ယာများအတွက် နိုင်ငံတော်အစိုးရမှ မျိုးစပါးတင်းပေါင်း ၈၀၉၅၈ တင်းစာ ငွေကျပ်သိန်းပေါင်း ၄၀၄၇ ‘ဒဿမ ၉ သိန်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ သြဂုတ်လ ၂၄ ရက်နေ့တွင် ကျောင်းကုန်းမြို့နယ် ဇရပ်ကွင်းကျေးရွာ၌ အခမ်းအနားဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည်။

ပြင်းထန်တဲ့ တိုက်ပွဲကြောင့် ကချင်စစ်ဘေးဒုက္ခသည် ပိုမိုထွက်ပြေး



2012-08-26
ကချင်ပြည်နယ် ဖားကန့် မြို့ နယ်မှာ အစိုးရ စစ်တပ်စစ်ကြောင်းတွေနဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးနေတဲ့ အတွက် စစ်ပြေးဒုက္ခသည်တွေ ဖါးကန့် မြို့ ပေါ်ကို ထွက်ပြေးလာတာ အခုဆိုရင် အနည်းဆုံး သုံးသောင်းကျော် ရှိပြီလို့  ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ NGO အဖွဲ့ဝင်တဦးက ပြောပါတယ်။
Photo courtesy of KIO
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လကစပြီး တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့၏ မှတ်တမ်းပုံ ဖြစ်ပါသည်။

၈၈ မျိုးဆက် အများစု နိုင်ငံကူးလက်မှတ် ထုတ်မပေးသေး



2012-08-26
၈၈ မျိုးဆက်ကျောင်းသား ဦးဆောင်သူတွေ ပြည်ပခရီးသွားလာဖို့ အတွက် နိုင်ငံကူး လက်မှတ်တွေကို အခုချိန်ထိ သက်ဆိုင်ရာက ထုတ်မပေးသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။
Photo courtesy of 88 Generation Students Group
၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်ပါသည်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး သွေးလှူပွဲ ကျင်းပ



2012-08-26
နိုင်ငံရေးအကျဉ်းသား ဦးရွှေထူးအပါအ၀င် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ ရည်စူးပြီး သွေးလှူဒါန်းပွဲ တစ်ခုကို မန္တလေးမြို့ ၅၅လမ်း၊ ၄၀-၄၁လမ်းကြား ရဲမွန်တောင်ရပ်ကွက်မှာရှိတဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ မြင့်မြတ်ဧရာဝတီလူငယ် လူမှုကွန်ယက်အဖွဲ့က ဦးဆောင်ပြီး ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
PHOTO: AFP
နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)

ဧရာဝတီ ရေဘေး ကျောင်းသားသမဂ္ဂ၀င်များ ရံပုံငွေရှာ



2012-08-26
ဧရာဝတီတိုင်းက ရေဘေးသင့် ပြည်သူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကူညီနိုင်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် (၅၀) လောက်က ဦးဆောင်ပြီး ဒီကနေ့ ဂီတနဲ့ ဖျော်ဖြေပြီး အလှူငွေ ကောက်ခံခဲ့ပါတယ်။

မိုးထိမိုးမိ ရွှေတူးဖော်ရေး အလုပ်သမား ခေါင်းဆောင်တွေ ၈၈ မျိုးဆက်ထံ အကူအညီတောင်းခံ



2012-08-25
မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မိုးထိ မိုးမိဒေသ ရွှေတူးဖော်ရေး လုပ်ငန်းခွင်က အလုပ်သမား ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့ နယ်မှာ ဖွင့်လှစ်ထားတဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရုံးခန်းကို ဒီကနေ့ ပထမဆုံးအကြိမ် လာရောက် အကူအညီ တောင်းခံခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လအတွင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ တူးကုန်းကျေးရွာ အုပ်စုရှိ မိုးထိ မိုးမိတောင် ရွှေတူးလုပ်သားများ တောင်းဆိုဆန္ဒပြမှု ပြုလုပ်နေကြစဉ်။

ရခိုင်တိုင်းရင်းသားတွေ မောင်တောမြို့မှာ နေထိုင်ဖို့ စိုးရိမ်နေ



2012-08-25
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် မောင်တောမြို့ပေါ်မှာ နေထိုင်တဲ့ လူနည်းစု ရခိုင်တိုင်းရင်းသားတွေရဲ့ နေအိမ်တွေမှာ အိမ်ခြံမြေ ရောင်းချမယ့် ဆိုင်းဘုတ်တွေ အခု ရက်ပိုင်းအတွင်း တစတစ တိုးပွားများပြား လာနေရာမှာ မနေ့ကအထိ နေအိမ် တစ်ရာကျော် ရှိသွားပြီလို့ သိရပါတယ်။

လှည်းကူး ရေဘေးဒုက္ခသည်တွေကို NLD သွားရောက်ကူညီ



2012-08-25
ရေဘေးဒဏ် ဆိုးဆိုးရွားရွားခံနေရတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က ရေဘေးဒုက္ခသည် လယ်သမားတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သွားရောက် ကူညီနေရာမှာ ဒီကနေ့ အဖွဲ့ချုပ်ရဲ့ ကျန်းမာရေးကွန်ယက်က အခမဲ့ ဆေးဝါးကုသပေးခဲ့တယ်လို့ NLD လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။
လှည်းကူးမြို့နယ်အတွင်း လက်ရှိ ရွာပေါင်း ၃၀ ကျော် အပါအ၀င် လယ်ဧက နှစ်သောင်းကျော် ရေနစ်မြှုပ်ခဲ့ပါတယ်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ မန္တလေးမှာ ကျင်းပ



2012-08-25
မန္တလေးမြို့ မဟာမြတ်မုနိ ဒက္ခိဏာရာမ ဘုရားကြီး အလယ်တိုက်မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ တစ်ရပ်ကို ဒီကနေ့ ကျင်းပခဲ့ကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်


2012-08-25
ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်ဖို့သမ္မတ ပေးပို့လိုက်တဲ့ ရခိုင်ပြည်နယ်အရေး သဝဏ်လွှာနဲ့ အတူ ပူးတွဲပါရှိတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်းကို ရခိုင် တိုင်းရင်းသား အမတ်တွေ ကန့်ကွက်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သမ္မတရုံးအရာရှိ (၂) ဦးက RNDP အမတ် ၅ ဦးနဲ့ မနေ့ညနေက အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

AFP
စစ်တွေမြို့တွင် ဖြစ်ပွားသော ပဋိပက္ခကြောင့် ပျက်ဆီးသွားသော အဆောက်အဦးများကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် တွေ့ရစဉ်။