Showing posts with label VOA news. Show all posts
Showing posts with label VOA news. Show all posts

Monday, August 27, 2012

တွေ့ဆုံဆွေးနွေးမှု အမြန်လုပ်ဖို့ KNU တိုက်တွန်း

KNU ကရင်အမျိုးသားအစည်းအရုံး နဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေသေးတာကြောင့် ငြိမ်းချမ်းရေး အတွက် နောက်ထပ် တွေ့ဆုံမှုတွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ KNU က ပြောလိုက်ပါတယ်။ KNU နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ အကြား နောက်ထပ် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပေမဲ့ ဖြစ်မလာသေးတာကြောင့် KNU က အခုလို တိုက်တွန်းလိုက်တာပါ။ အသေးစိတ်ကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

အမေရိကန် အားကစား သံတမန်တွေ မြန်မာနိုင်ငံရောက်

အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနဲ့ ဆက်ဆံရေးကို မြင့်တင်တဲ့အနေနဲ့ အမေရိကန်အစိုးရက ကြေးစား ဘတ်စကက်ဘော အားကစားသမားတွေနဲ့ နည်းပြတွေပါဝင်တဲ့ အားကစားသံတမန်အဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ် လိုက်ပါတယ်။

Thursday, August 23, 2012

သမ္မတ ဦးသိန်းစိန်ကို RNDP ကန့်ကွက်


ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် ခိုလူံနေကြသော ဒေသခံ ရခိုင်ပြည်သူများ
ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးက သ၀ဏ်လွှာနဲ့ ပူးတွဲသတင်းသုံးသပ်ချက် လွှတ်တော်ကို သတင်း သုံးသပ်ချက် ပေးပို့ခဲ့တဲ့အပေါ် RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်ထောင်စုလွှတ်တော်ထဲမှာ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ရခိုင်ပါတီနဲ့ မျိုးချစ်တွေရဲ့ သွေးထိုး လှုံ့ဆော်မှုတွေပါတယ်ဆိုတဲ့ သတင်း သုံးသပ်ချက်ကို သ၀ဏ်လွှာနဲ့အတူ ပူးတွဲ တင်ပြခဲ့တာမှာ ပူးတွဲ သတင်းသုံးသပ်ချက်ကို ကန့်ကွက်မှာဖြစ်တယ်လို့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က ပြောပြပေးပါမယ်။