နိုင်ငံတော်သမ္မတနှင့် အမျိုးသား စီးပွားရေးနှင့်လူမှုရေး အကြံပေးကောင်စီ (National Economic and Social Advisory Council- NESAC) အဖွဲ့ဝင်များသည် သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
တွေ့ဆုံဆွေးနွေးမှုတွင် လယ်ယာကဏ္ဍ၌ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသည့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲမည့် ကိစ္စရပ်များ၊ ၀န်ကြီးဌာနများ၏ ၀န်ထမ်းရေးရာ ဆိုင်ရာ အထောက်အကူပြု လုပ်ငန်းစဉ်များနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း အစိုးရသတင်းစာများတွင် သတင်းဖော်ပြခဲ့ပြီး အသေးစိတ် သတင်းထုတ်ပြန်မှု မပြုလုပ်ခဲ့ကြောင်း သိရပါသည်။