Thursday, August 23, 2012

စီဒီအမ်အေ ၄၅၀ ဖုန်းကတ် နယ်တွင်ဈေးတက်


တရားဝင် ဘဏ်ချလန်တွင် ကျပ် နှစ်သိန်းသာ ပေးသွင်းရသော စီဒီအမ်အေ ၄၅၀ ဖုန်းကတ်များ အား နယ်မြို့များရှိ ဆိုင်များတွင် ကျပ်နှစ်သိန်း ရှစ်သောင်းအထိ ရောင်းချနေကြကြောင်း သတင်း ရရှိသည်။ “အရင်တုန်းက တစ်ပတ်ကို ပွဲစားတွေဆီက ၁၀ ကတ်လောက် ရတယ်။ အခု သုံးကတ်ပဲ ရတယ်။ နောက်ပြီး ကျွန်တော်တို့ ဝယ်ရ တာကိုက နှစ်သိန်း ခုနစ်သောင်း ပေးရတယ်” ဟု ပုသိမ်ဒေသခံ ဖုန်းရောင်းချသူတစ်ဦးက ပြော သည်။

ကျေးလက်ဒေသများတွင် ဂျီ အက်စ်အမ်နှင့် စီဒီအမ်အေ ၈၀ဝ ဖုန်းများ လိုင်းမမိသဖြင့် လိုင်းမိ သော စီဒီအမ်အေ ၄၅၀ ဖုန်းများ ကိုသာ ဝယ်ယူသူများပြီး တစ် ပတ်လျှင် ငါးကတ်ခန့် ရောင်းချရ ကြောင်း မြောင်းမြမြို့မှ ဖုန်း ရောင်းချသူတစ်ဦးက ပြောသည်။ “ဂျီအက်စ်အမ်တွေလို နှစ် သိန်းနဲ့ ဘယ်သူမဆို ဝယ်လို့ရ တယ်ဆိုရင်တော့ ဈေးတက်စရာ အကြောင်း မရှိပါဘူး။ အခု ဂျီ အက်စ်အမ်ကို နှစ်သိန်းနဲ့ပဲ ရောင်း ပေးနေတယ်” ဟု ပုသိမ်မြို့ခံဖုန်း ရောင်းချသူက ပြောသည်။
သို့သော် မြန်မာ့ဆက်သွယ် ရေးကမူ စီဒီအမ်အေ ၄၅၀ ဖုန်း များအား ဆက်တိုက်ရောင်းချပေး နေကြောင်း မြန်မာဆက်သွယ် ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင် ဂျင်နီယာချုပ်က ပြောသည်။ “စီဒီအမ်အေ ၄၅၀ ဖုန်း တွေ ရန်ကုန်မှာ ဈေးကွက်မရှိ တော့ဘူး။ နယ်တွေမှာတော့ အ ရောင်းသွက်နေတယ်။ ဆက်သွယ် ရေးရုံးပိုင်းလောက်ကပဲ အဆင် ပြေတဲ့ နီးစပ်ရာကို ချပေးနေတဲ့ သဘောထင်ပါတယ်” ဟု မိုဘိုင်း ဖုန်းအရောင်းဆိုင်မှ မန်နေဂျာ တစ်ဦးကပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆောင်ရွက်နေသော အစိုးရသစ် လက်ထက်တွင် ကျေးလက်ဒေသ များ၌ အသုံးပြု၍ရသော ဖုန်းများ မှာ မြို့ပေါ်တွင် အသုံးပြု၍ရ သော ဖုန်းထက်ဈေးကြီးနေ သည်။ သို့သော် ယခင်အစိုးရလက် ထက်က ကျပ်သိန်းနှစ်ဆယ်ခန့် ပေးဝယ်ခဲ့ရပြီး နိုင်ငံတကာတွင် ထောင်ဂဏန်းမျှသာ ပေးရသော ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို အစိုးရသစ်လက်ထက်၂၀၁၁ ခုနှစ် မှစ၍ ကျပ်နှစ်သိန်းဖြင့် ရောင်းချ ပေးလျက်ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။