Thursday, August 23, 2012

လမ်းဖောက်လို့ ဖျက်ပေးလိုက်ရတဲ့ နေအိမ်တွေ အိမ် အစားထိုး ပြန်မရပဲ ဖြစ်နေ







ရန်ကုန်-မန္တလေး ၈ လမ်းသွား အမြန်ကားလမ်းမကြီး ဖောက်လုပ်ရာမှာ မလွတ်လို့ နေအိမ်တွေ ဖျယ်ပေးလိုက်ရတဲ့ မန္တလေးတိုင်း တံတားဦးမြို့နယ် ပဒဲဘ ကျေးရွာက

အိမ်ခြေ ၆၀ လောက်ဟာ အစားထိုး နေအိမ်တွေ ပြန်မရပဲ ဖြစ်နေလို့ မကျေမနပ် ဖြစ်နေကြပါတယ်။ လမ်းနဲ့ မလွတ်တဲ့ နေအိမ်တွေကို အစားထိုး ပြန်ပေးမယ်ဆိုပြီး
ဖျက်ခိုင်း ခဲ့တာဖြစ်ပြီး တကယ်တမ်း ပြန်မပေးတာကြောင့် ဒေသခံ ရွာသားတွေမှာ မကျေမနပ် ဖြစ်နေကြတာ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် အောက်တိုဘာလကနေ စတင်
ဖောက်လုပ်ခဲ့တဲ့ ဒီ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဟာ ၂၀၁၀ ခုနှစ်မှာ ပြီးဆုံးခဲ့ပေမယ့် အိမ် အဖျက်ခံရတဲ့ သူတွေကတော့ ယနေ့ အချိန်အထိ အိမ် အစားထိုး
ပြန်မရကြ သေးတာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော် သမ္မတ အပါအဝင် သက်ဆိုင်ရာ အစိုးရရုံးတွေကို ၃ ကြိမ်တိုင်တိုင် တင်ပြ ခဲ့ပေမယ့် တစ်စုံတစ်ရာ အကြောင်း
မထူးခဲ့ဘူးလို့ ဒေသခံတွေက Burma VJ Media ကိုပြော
ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။