စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင် ကြေးနီတူးဖော် ရေးလုပ်ငန်း စီမံကိန်း အား သြဂုတ်လ(၂၁)ရက်နေ့တွင် ပြန်လည်စတင်လည်ပတ်နေခြင်းကြောင့် ဂျုံစိုက်ပျိုးသော လယ်ဧကများ အများဆုံးနစ်နာလျှက်ရှိကြောင်း သိရှိရသည်။
ကြေးနီတူးဖော်ရာမှထွက်ရှိသော စွန့်ပစ်မြေများအား လယ်ဧကများအတွင်းသို့ လာရောက်စွန့်ပစ်ခြင်း ကြောင့့်ဖြစ်ကြောင်း လက်ပံတောင်းတောင် အနီးမှ ဒေသခံတောင်သူများက ဆိုသည်။
''မနေ့  မနက်ကစပြီး တရုတ်လုပ်ငန်းတွေရဲ့ စက်ယန္တယားကြီးတွေက လည်နေပါပြီ။ သူတို့ စွန့်ပစ် မြေတွေကြောင့်လည်း ကျွန်မတို့စိုက်ခင်းတွေလည်း အများကြီးနစ်နာနေပါတယ်။ ဂျုံစိုက်ခင်းတွေ အများကြီးပါတယ်'' ပာု လက်ပံတောင်းတောင်နှင့်  တစ်မိုင်ခန့် ရှိ မိုးကြိုးပြင်ရွာသူ ဒေါ်မြင့် မြင့်  သိန်းက ပြောသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလုပ်ငန်တွင် ကြေးနီတူးဖော်ရန်အတွက် မြန်မာဝမ်ပေါင်အမည်ရှိ တရုတ်ကုမ္မဏီမှ တောင် (၃၃)လုံးနှင့် ကြေးနီများတူးဖော်မည်စီမံကိန်းရှိရာ အနီးရှိ ရွာ(၂၈) ရွာမှ စိုက်ဧက သောင်ဂဏန်းခန့် ပျက်ဆီးနိုင်သည့်  အလားအလာနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။
ယခုလတ်တလောတွင် စီမန်ကိန်းမြေအတွင်း ပြောင်းရွှေ့ရမည့်  ဇီးတောရွာ၊ကန်တောရွာ၊ ဆည်တည်ရွာ၊ ဝက်မှေးရွာမှ စိုက်ခင်းများသို့ လုပ်ငန်းသုံးမော်တော်ယဉ်များ မောင်းနှင်ခြင်းကြောင့် ပျက်စီးနေပြီဖြစ်ကြောင်းနှင့် သိမ်းဆည်းခံ လယ်ဧက (၇၈၆၉့ ၇၈)ရှိကြောင်း သိရသည်။
''ကျွန်မတို့ လယ်တွေက်ု ၂ဝ၁၁ ဖော်ဖော်ဝါရီလ ၄ရက်နေ့ မှာ (၃)နှစ်စာအတွက် လျှော်ကြေးဆိုပြီး ပေးသွားတယ်။ အခုလည်းကျရော အပိုင်ဝယ်လိုက်တဲ့ သဘောနဲ့ ပြောနေတယ်'' ပာု မမြင့်မြင့်သိန်း က ဆက်လက်ပြောသည်။
အဆိုပါ ကျေးနီစီမံကိန်းပြန်လည်စတင်ရန် ဆာလင်းကြီးမြို့ နယ် ရဲတပ်ဖွဲ့ မှ လုံထိန်းကား(၃)စီး၊ မီသတ်ကား(၁)စီးဖြင့်  စီမံကိန်းလုံခြုံရေးအား ပြည်ဝစွာယူထားပြီး မြို့နယ် ရဲတပ်ဖွဲ့မှူးမှ စီမံကိန်း ပြန်လည်စတင်ပြီဖြစ်သည်ဟု ဒေသခံများသို့ ပြောကြားခဲ့ကြောင်းသိရှိရသည်။
အဆိုပါစီမံကိန်းပြန်လည်စတင်ခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး တိုင်ဒေသကြီးအစိုးရ ဦးဌေးဦး၏ အမိန့်ပင်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှုး၏ ပြောကြားချက်ကို ကြားနာခဲ့ရသည့် ဒေသခံ တစ်ဦးက ဆိုသည်။
''လုပ်ငန်းပြန်စတာ ကျွန်တော်တို့ကို ဘာမှ ညှိနှိုင်းတာမရှိခဲ့ ပါဘူး။အမိန့်ပေးပြီး ပြန်စတာပါ'' ပာု ဝက်မှေးရွာသားတစ်ဦးက ပြောသည်။
အဆိုပါစီမံကိန်းတွင် လယ်ဧကဆုံးရှုံးနစ်နာမှုများအား မရှိစေရန် မြန်မာဝမ်ပေါင်ကုမ္မဏီအနေဖြင့် လုပ်ငန်းစတင်ဆောင်ရွက်ချိန်ကပင် တစ်ဧက သီးနှံလျှော်ကြေးအဖြစ် (၃)နှစ်စာ ငွေကျပ်ငါးသိန်းအား ပေးအပ်ခဲ့ သော်လည်း ဒေသခံတောင်သူအများစုမှ မပြောင်းရွှေ့လိုသည့်ဆန္ဒဖြင့် လက်ခံခြင်း မရှိခဲ့ပေ။
ထိုပြင် တိုင်းဒေသကြီး အစိုးရအနေဖြင့် ဇူလိုင်လ (၂၈)ရက်နှင့် (၂၉)ရက်နေ့တွင် ပြုလုပ်ခဲ့ သော ဒေသခံများနှင့် တွေဆုံဆွေးနွေးပွဲတွင် ကြေးနီတူးဖော်ရေးလုပ်ငန်းအတွက် လုပ်ငန်းခွင်သုံး ဓာတု ပစ္စည်းများကြောင့်  ကျန်းမာရေးဆိုးကျိုးများ ခံစားနိုင်ဖွယ်ရှိသဖြင့်  ဘေးကင်းရာသို့  ပြောင်းရွှေ့ နေထိုင်သင့်ကြောင်း ပြောကြားခဲ့သည်။
“''ကျွန်မတို့ ကတော့  လုံးဝမပြောင်းနိုင်ဘူး။ ကျွန်မတို့ ရွာ တရုတ်ရွာဖြစ်သွားမှာလည်း စိုးတယ်။ ပြီးတော့ ကျွန်မတို့ လယ်တွေယာတွေကိုလည်း ပစ်ပြီး ဘယ်မှမသွားနိုင်ဘူး။ ''ပာု ဒေသခံ အမျိုး သမီးတစ်ဦးက ပြောကြားသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။