Thursday, August 23, 2012

ရန်ကုန် အပါအ၀င် တိုင်းဒေသ ကြီးနှင့် ပြည်နယ် ငါးခုမှ မြို့နယ် အချို့တွင် လျှပ်စစ်မီး ၄ ရက်ပျက်မည်


ပဲခူးတိုင်း ဒေသကြီး အတွက် ဓာတ်အား တိုးချဲ့ဖြန့်ဖြူးနိုင်ရန် မဟာ ဓာတ်အား လိုင်းနှင့် ပင်မ ဓာတ်အား ခွဲရုံ ချိတ်ဆက်ခြင်း လုပ်ငန်း များဆောင်ရွက် မည်ဖြစ် ၍ ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ခုရှိ မြို့နယ် အချို့တွင် ဓာတ်အား ဖြတ်တောက် မှုများ ပြုလုပ် မည်ဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


သြဂုတ် ၂၅ ရက် နံနက် ၆ နာရီမှ ၂၈ ရက် ညနေ ၆ နာရီအထိ ဓာတ်အားပိတ် ဆောင်ရွက်မည်ဖြစ်ရာ ထိုနေ့များတွင် မနက် ၆ နာရီ မှ ည ၉ နာရီအတွင်း ဓာတ်အားပြတ်တောက် မှုများ ရှိမည်ဖြစ်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး ၏ နေရာအချို့တွင် လျှပ်စစ်မီးပြတ်တောက် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်း ဒေသကြီးအား ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင် ရန်နှင့် သုံးစွဲဓာတ်အားပြည့်မီစေရန်အတွက် အမှတ် (၂) လျှပ်စစ် စွမ်းအားဝန်ကြီး ဌာနသည် မြန်မာ့ လျှပ်စစ်ဓာတ် အားလုပ်ငန်းမှ တည်ဆောက် လျက်ရှိသည့် ၂၃၀ ကေဗွီ မင်းလှပင်မဓာတ်အားခွဲရုံ အား ဓာတ်အားပို့လွှတ်ကာ ၂၃၀ ကေ ဗွီရွှေတောင် -မြောင်းတကာ မဟာဓာတ်အားလိုင်းနှင့် ချိတ် ဆက်ရာတွင် ဘေးအန္တရာယ်ကင်း ရှင်းစွာ ဆောင်ရွက်ရန်အတွက် လျှပ်စစ်မီးဖြတ်တောက်ရခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူကဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။