Friday, March 15, 2013

ခိုးမှုဖြင့် တရားရင်ဆိုင်နေရပြီး အဓမ္မကျင့်ခံရသည် ဆိုသော ကလေးငယ် လုံခြုံရေးစိုးရိမ်ရ


ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံးတွင် ခိုးမှုဖြင့် အမှုရင်ဆိုင်နေရပြီး အဓမ္မပြုကျင့်ခံရသည်ဆိုသော အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို  မတ် ၁၄ ရက်တွင် ပထမဆုံးအကြိမ်  စတင် ရုံးထုတ် စစ်ဆေးခဲ့သော်လည်း ကလေးငယ်၏ လုံခြုံရေးမှာ စိုးရိမ်နေရဆဲ ဖြစ်သည်။
တရားရင်ဆိုင်နေရသော မိန်းကလေးငယ်ကို မြို့နယ်ရဲစခန်းများမှ ရဲများက ခေါ်ယူစစ်ဆေးမည်ဆိုပြီး မကြာခဏ လာရောက် ခေါ်ယူနေသဖြင့် ကလေးအတွက် လုံခြုံရေး စိတ်မချရဘဲ စိုးရိမ်နေရသည်ဟု မိန်းကလေးအား ခေါ်ယူစောင့်ရှောက်ထားသည့် ရှေ့နေများ ကွန်ရက်မှ ရှေ့နေတစ်ဦး က ဧရာဝတီသို့ ပြောသည်။

ဧရာဝတီနှင့် ကီလန်တန်တို့ မတ်လ (၁၃) ရက်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်

Biweeklyeleven-8-march13

၂၀၁၃ AFC Cup ပြိုင်ပွဲ၊ အုပ်စုပွဲစဉ်အဖြစ် ဧရာဝတီယူနိုက်တက် အသင်းနှင့် မလေးရှားကလပ် ကီလန်တန်အသင်းတို့သည် မတ်လ (၁၃) ရက်(ယနေ့) ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဟောင်ကောင်ကလပ် ဆန်ဟိုင်းအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့သည် ပြီးခဲ့သည့် မတ်လ ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်အသင်းသည် ပွဲဦးထွက်ပွဲစဉ်၌လည်း ပါဆီဘိုအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိထားရာ နှစ်ပွဲကစား နှစ်ပွဲနိုင် ၆ မှတ်ရရှိထားကြောင်း သိရသည်။

ရပ်ရွာမှ ဘွဲ့ရများကို ဆွဲခန့်ဆရာအဖြစ် ခန့်အပ်ရာတွင် အဆင့် ၅ ဆင့်ခွဲခြားပြီး မြို့နှင့် အလှမ်းဝေး ရွာများအား ပထမဦးစားပေး ခန့်အပ်မည်ဟု သိရ


ကျောင်းများတွင် ကျောင်းဆရာ မလုံလောက်မှုကြောင့် ရပ်ရွာမှ ဘွဲ့ရပညာတတ်များကို ဆွဲခန့်ဆရာ၊ ဆရာမများအဖြစ် ခန့်အပ်မည်ဖြစ်ပြီး ထိုသို့ ခန့်အပ်ရာတွင် အဆင့် ၅ ဆင့် ခွဲကာ မြို့နှင့် အလှမ်းဝေး ရွာများအားအား ပထမဦးစားပေးအဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ဆွဲခန့်ကျောင်းဆရာများ ခန့်အပ်ရာတွင် အဆင့် A မြို့ပေါ်နှင့် နီးသောနေရာ၊ အဆင့် B ဆင်ခြေဖုံးမြို့နယ်နှင့် ဆက်စပ်သည့်နေရာ၊ အဆင့် C မြို့သို့ ၁ နာရီကျော်ခန့် လာရောက်ရသည့်နေရာ၊ အဆင့် D မြို့သို့ နေ့ချင်းပြန် လာနိုင်သည့် နေရာနှင့် အဆင့် E မြို့သို့လာရန် အလှမ်းဝေးသော နေရာဟူ၍ ငါးမျိုးခွဲခြားထားပြီး မြို့နှင့်ဝေးသည့် ရွာများကို ဦးစားပေး ခန့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ရန်ကုန်သင်္ကြန် ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ် ၁၅ ခု၊ ကမ္ဘာအေးစေတီလမ်းတွင် ၉ ခုနှင့် ပြည်လမ်းတွင် ၄ ခု ခွင်ြ့ပုမည်ဖြစ်ပြီး မဏ္ဍပ်တာဝန်ခံအဖြစ် ၅ ဦးထားရှိရမည်ဟု သတ်မှတ်ထား



general-6-march14
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သင်္ကြန်တွင် ပြည်လမ်းရှိ ရေကစားမဏ္ဍပ်များ မြင်ကွင်း
ယခုနှစ် ရန်ကုန်သင်္ကြန်၌ ကန်တော်ကြီးကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ်အကြီး ၁၅ ခု၊ ကမ္ဘာအေးစေတီလမ်းတွင် ၉ ခုနှင့် ပြည်လမ်းတွင် ၄ ခု ခွင့်ပြုသွားမည်ဖြစ်ပြီး ယခင်နှစ်က မဏ္ဍပ်များအား တာဝန်ယူရန် တာဝန်ခံနှစ်ဦးသာ ထားရှိခဲ့ရသော်လည်း ယခုနှစ်တွင် မဏ္ဍပ်ဆောက်လုပ်မည့် ပိုင်ရှင် အပါအ၀င် ၅ ဦးအား တာဝန်ခံအဖြစ် ထားရှိရမည်ဟု သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်နေရာချထားပေးရေး ဆပ်ကော်မတီမှ သိရှိရသည်။

ကနေဒါအခြေစိုက် သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်


ကနေဒါအခြေစိုက် သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်ဒေသတွင် ရွှေတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရန် နားလည်မှုစာချွန်လွှာ ရေးထိုးပြီးဖြစ်ကြောင်းသတင်းရရှိသည်။

ဆီးဂိမ်းစ်အတွက် ပြင်ဆင်နေသော ယူ-၂၃ အရန်အသင်းနှင့် နေပြည်တော်အသင်းတို့ သရေကျ



Sports-1-march15
လာမည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၃ အသင်းကို အထောက်အကူပြုရန် ဖွဲ့စည်းထားသော ယူ-၂၃ အရန်အသင်းနှင့် နေပြည်တော်အသင်းတို့သည် ပြီးခဲ့သည့် မတ်လ (၁၄) ရက်က သုဝဏ္ဏကွင်းတွင် ခြေစမ်းကစားခဲ့ရာ (၁-၁) ဂိုးဖြင့် သရေကျခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၁၄ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စုများ ထွက်ပေါ်၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တီမော၊ ဘရူနိုင်းတို့နှင့် မြန်မာအသင်း ကျရောက်နေ



Sports-2-march15
ဘောလုံးသင်တန်းတစ်ခုတွင် တွေ့ရသည့် မြန်မာယူ-၁၂ ကစားသမားများ
အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၄ အာရှယူ-၁၄ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စု (E) နှင့် (F) ပွဲစဉ်များကို ရေးဆွဲထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင်စီမံကိန်း ဆက်လုပ်မည့်အပေါ် ပတ်ဝန်းကျင်အရေးထိန်းသိမ်းသူများ ကန့်ကွက်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာကို အကောင်အထည်ဖော်မည့် ကော်မတီများ၏ လုပ်ငန်းစဉ်မှာ ကောင်းမွန်သော်လည်း စီမံကိန်းဆက်လုပ်မည်ဆိုသည့် အစီရင်ခံစာကို ငြိမ်းကွန်ယက်မှ လက်ခံနိုင်ဖွယ်မရှိသည့်အတွက်  နိုင်ငံတော်သမ္မတထံသို့ စာတင်ရန်အစီအစဉ်ရှိကြောင်း သိရှိရသည်။

စီမံကိန်းဆက်လက် လုပ်ကိုင်ရန် ကန့်ကွက်ရခြင်းမှာ အဆိုပါစီမံကိန်းကြောင့် ဒေသခံများအတွက် သောက်ရေ ရှားပါးလာခြင်း ၊ စွန့်ပစ်ပစ္စည်းများကြောင့် အဆိပ်အတောက် ဖြစ်ပေါ်လာရခြင်း နှင့် တောင်များကို   ဖြိုချခြင်း ကြောင့် ဒေသခံများအလုပ်လက်မဲ့ဖြစ်နေရခြင်းတို့မှာ ဒီမိုကရေစီလမ်းစဉ်နှင့် ဆန့်ကျင်နေခြင်းကြောင့် သမ္မတထံ စာတင်ရန်စီစဉ်ခြင်းဖြစ်သည်ဟု ငြိမ်းကွန်ယက်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ဆိုသည်။

ချင်းတွင်းမြစ်အတွင်း ရေဓာတ်ငွေ့သုံး ရှပ်ပြေးယာဉ်မောင်းနှင်မှု၌ (၁၀)%ကျော် ဆီစားသက်သာ


ချင်းတွင်းမြစ်အတွင်း မုံရွာနှင့်မင်းကင်းခရီးစဉ် ပြေးစွဲနေသည့် သီဟထွန်းအမြန်ရေယာဉ်အသင်းမှ အမှတ်(၂၀) ရှပ်ပြေးရေယာဉ်ကို ရေဓာတ်ငွေ့ဖြင့် ပူးတွဲမောင်းနှင်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း လိုက်ပါ စမ်းသပ် မောင်းနှင်ခဲ့သူ အင်ဂျင်နီယာသုတေသီ ဦးကျော်ကျော်က ဆိုသည်။

 “အနီးကပ် အသေးစိတ် ရေဓာတ်ငွေ့ စက်ကရိယာကို ညှိ့နှိုင်းစမ်းသပ် မောင်းနှင်နိုင်ဖို့အတွက် ဆရာ အပါအ၀င် ကျွမ်းကျင် ပညာရှင်သုံးယောက် လိုက်ပါခဲ့တယ်၊ အရင်က တပ်ထားတဲ့ ရေဓာတ်ငွေ့စက်ကို Fine Tuner အသေးစိတ် လုပ်ခဲ့တယ်၊ ဆယ်မိနစ်တစ်ခါ ဗို့ယူတယ်၊ အမ်ပီယာ ယူတယ်၊ တမ်ပရေချာ ယူတယ်၊ အသွားအပြန် ခရီးစဉ်မှာ သောင်တင်တဲ့ အချိန်တွေ အပါအ၀င် ဆီစားနှုန်း ၁၂.၅ ရာခိုင်နှုန်း သက်သာခဲ့ပါတယ်၊ တီထွင်သူဘက်က ကြည့်ရင် ဒီနှုန်းက လုံလောက်ပါတယ် ဟု အင်ဂျင်နီယာ ဦးကျော်ကျော်က ပြောသည်။

နေပြည်တော်တွင် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ