Friday, March 15, 2013

ဆည်တဲ ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြခံရ

ရန်ကုန်(မဇ္ဈိမ)။           ။ (၂:၁၅) ဒေါ်အောင်ဆန်းစုကြည်သည် နေ့လည် ၂ နာရီ ၁၅ မိနစ်တွင် ဆည်တဲ ကျေးရွာမှ
ပြန်လည်ထွက်ခွာပြီး လိပ်ခွံတောင်ပေါ်မှ  သပိတ်စခန်းသို့ သွားရောက်ခဲ့ကြောင်း ဆည်တဲ ကျေးရွာမှ ဒေသခံ တဦးက မဇ္ဈိမသို့ ပြောသည်။


အဆိုပါ ဒေသခံက “ လွန်ခဲ့တဲ့ ၁၅မိနစ်က ရွာထဲက ပြန်ထွက်သွားပြီ။ ရွာသားအကုန်လုံး သူ့ကို လမ်းလျှောက်ပြီး
ဆန္ဒပြကြတယ်။ သူ့နောက်လိုက်ပြီးတော့ ဆန္ဒပြတာ ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြခဲ့ကြောင်း မဇ္ဈိမကို
ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ ကျေးရွာများကိုရွှေ့ပြောင်းရန်နှင့် ရွာသူရွာသားများရဲ့ အကျိုး၊ အလုပ်အကိုင် အခွင့်အလမ်း
တွေကို လုပ်ကိုင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တဲကျေးရွာ ဓမ္မာရုံမှ လမ်းလျှောက်ထွက်ခွာသွားပြီး ရွာသူရွာသားများက နောက်မှ လိုက်လံကာ “ ဦးပိုင် ကာကွယ်ပေးသူကို အလိုမရှိ” ၊ “ မီးလောင်ဗုံး တရားခံများအား အမြန်ဆုံး အရေးယူပေးရေး” ၊
“ ပုဒ်မ ၁၄၄ အမြန်ဆုံး ရုပ်သိမ်းရေး ” အစရှိသည့် ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒပြခဲ့ကြောင်း ဒေသခံမှ
ပြောဆိုခဲ့သည်။

ယခုလက်ရှိ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တဲကျေးရွာမှ လိပ်ခွံတောင်ပေါ် သပိတ်စခန်းသို့
သွားရောက်နေပြီး လိပ်ခွံတောင် သပိတ်စခန်းနှင့် အဆက်အသွယ် မရရှိသေးပေ။ လိပ်ခွံတောင် သပိတ်စခန်းနှင့် ဆည်တဲ ကျေးရွာမှာ သုံးမိုင်ခန့် အကွာအဝေးရှိကြောင်း ဆည်တဲကျေးရွာဒေသခံမှ မဇ္ဈိမကို ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။