Thursday, November 29, 2012

ကမ္ဘာလုံးဆိုင်ရာ UNAIDS သံတမန်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်မည်


ကမ္ဘာလုံးဆိုင်ရာ UNAIDS သံတမန်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်မည်HIV, AIDS ရောဂါသည်များ အပေါ် ခွဲခြား ဆက်ဆံမှု ပပျောက်ရေး အတွက် ကုလသမဂ္ဂ
HIV, AIDS တိုက်ဖျက်ရေးအဖွဲ့ (UNAIDS) က ဒေါ်အောင်ဆန်း စုကြည် အား တစ်ကမ္ဘာလုံး ဆိုင်ရာ UNAIDS သံတမန်အဖြစ် ရွေးချယ် လိုက်ကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် အရပ်သားများ မိုင်းသုံးသည်ဟု လေ့လာတွေ့ရှိ


မြန်မာနိုင်ငံတွင် အရပ်သားများ မိုင်းသုံးသည်ဟု လေ့လာတွေ့ရှိမြန်မာနိုင်ငံ တွင် မိုင်း အသုံးပြုခြင်းနှင့် မိုင်းထုတ်လုပ်ခြင်း များအား အရပ်သား ပြည်သူများပါ အသုံးပြု လျက်ရှိသည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ မြေမြှုပ်မိုင်း အသုံးပြုမှု စောင့်ကြည့် လေ့လာရေး အစီရင်ခံ စာတွင် ဖော်ပြပါရှိသည်။

အမေရိကန် ဒီမိုကရေစီကို ပုံတူ ကူးချမရဟု သမ္မတဦးသိန်းစိန်ဆို


အမေရိကန်က ကျင့်သုံးနေ သော ဒီမိုကရေစီကို ပုံတူ ကူးချရန် မဖြစ်နိုင် သေးကြောင်း သမ္မတ ဦးသိန်းစိန်က အမေရိကန် သမ္မတ အိုဘားမား၏ ရန်ကုန် တက္ကသိုလ်တွင် ပြောကြား ခဲ့သော မိန့်ခွန်း အပေါ် ဝေဖန် သုံးသပ်ခဲ့သည်။
“ဘာပဲဖြစ်ဖြစ် သူက (အိုဘား မား) ဒီမိုကရေစီအရေးနဲ့ လူ့အခွင့် အရေးကို အသားပေးပြီး သူတို့ရဲ့ နိုင်ငံရဲ့ဖြစ်ပေါ်မှုတွေကို ကွက်ကွက် ကွင်းကွင်းနဲ့ ရှင်းပြသွားသော် လည်းကျွန်တော်တို့အပိုင်းကတော့ ငါတို့လည်းပုံတူ ကူးချမယ်လို့ ဒီလို လုပ်လို့ မရသေးပါဘူး”ဟု သမ္မတ ဦးသိန်းစိန်က ကမ္ဘောဒီးယားနိုင်ငံ၊ ဟိုတယ် ကမ္ဘောဒီးယားနားတွင် နိုဝင်ဘာလ ၂၁ ရက်နေ့က ပြည် တွင်းသတင်းသမားများနှင့်တွေ့ ဆုံစဉ် အထက်ပါအတိုင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

Truck ကားများ CIF တန်ဖိုး ပြင်ဆင် သတ်မှတ်ရန် စီးပွား/ကူးသန်း ဝန်ကြီး ဌာနသို့ တင်ပြမည်


လုပ်ငန်းသုံး Truck ကားများ ကို CIF တန်ဖိုး ပြင်ဆင် သတ်မှတ်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီး ဌာနသို့ တင်ပြသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မော် တော်ယာဉ် တင်သွင်း ထုတ်လုပ် ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်က နိုဝင်ဘာ ၂၅ ရက် UMFCCI တွင် ကျင်းပသည့် လုပ်ငန်းရှင် များနှင့် တွေ့ဆုံပွဲတွင် ပြောသည်။

SEA Game တွင် သုံးရန် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာတန် Sim Card များချထားပေးမည်


လာမည့်နှစ်တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပမည့် အရှေ့တောင် အာရှ
အားကစား ပြိုင်ပွဲတွင် ပြည်ပနိုင်ငံ များမှ လာရောက်သူ များကို အမေ ရိကန်ဒေါ်လာ ၁၅ ဒေါ်လာတန် SimCard များကို ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ခိုင်ခံ့မှုမရှိသည့် စစ်ကျန်ဘတ်စ်၊ ဘီအမ်နှင့် ဒိုင်နာယာဉ်များနေရာတွင် ခရီးသည်တင် စီးတီးဘတ်စ်များ အစားထိုးသင့်ကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲလျက်ရှိသော ခိုင်ခံ့မှုမရှိသည့် စစ်ကျန်ဘတ်စ်များ၊ ဘီအမ်နှင့် ဒိုင်နာယာဉ်များနေရာတွင် အဆင့်အတန်းမီသော ခရီးသည်တင် စီးတီးဘတ်စ်များ အစားထိုးပြေးဆွဲသင့်ကြောင်း အဆိုကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၂) ပထမနေ့တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထူးက တင်သွင်းခဲ့သည်။

 ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ အစိုးရဌာန ၁၀ ခုမှ ထပ်မံဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၁၁၄ ဒသမ ၃၀၇ ဘီလီယံကို တောင်းခံ

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက်  ရန်ကုန်တိုင်းဒေသကြီး၏ ဌာန ၁၁ ခုမှ အသုံးစရိတ်အား ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ၁၁၄ ဒသမ ၃၀၇ ဘီလီယံကို ပြည်ထောင်စုအစိုးရအဖွဲ့မှ တောင်းခံခဲ့ကြောင်း နိုဝင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သော ပထအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်၏ တင်ပြချက်များအရ သိရှိရသည်။

 ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးပြုလုပ်မည်ဖြစ်ပြီး ဘတ်ဂျက်ကိစ္စကို အဓိကထားဆွေးနွေးမည်


ပထအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာလ ၂၉ ရက်နေ့မှ စတင်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
'ဒီတစ်ခေါက်လုပ်တဲ့ အစည်းအဝေးက ပုံမှန်အစည်းအဝေးမဟုတ်ဘူး။ အရေးပေါ်အစည်းအဝေးဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ပြည်ထောင်စုအစိုးရအဖွဲ့က တိုင်းဒေသကြီးကို သုံးစွဲဖို့ပေးတဲ့ ဘတ်ဂျက်အခြေအနေတွေကို တင်ပြတာတို့၊ ပြင်ဆင်တဲ့ကိစ္စတွေကို ဆွေးနွေးမယ်လို့သိရတယ်။ အခုနောက်ပိုင်းမှာ တိုင်းဒေသကြီးအနေနဲ့ ဘတ်ဂျတ်သုံးဖို့ဆိုရင် လွှတ်တော်မှာ အတည်ပြုမှ ရမှာဖြစ်ပါတယ်။

 လက်ပံတောင်းတောင် အရေး ပြေလည်မှု ရစေရန် ဒေါ်အောင်ဆန်းစုကြည် ကြားဝင် ဆောင်ရွက်ပေးလို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများနှင့် လုပ်ငန်းရှင်များအကြား ပြေလည်မှု ရစေရန် ကြားဝင် ဆောင်ရွက်ပေးလိုကြောင်း ဒေါ်အောင်ဆန်စုကြည်က နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်အချိန်တွင် မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ ကံကုန်းကျေးရွာ၌ ပြည်သူလူထုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

 မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့် အစုံ


ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ  ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လို လုပ်မလဲ၊ ဘယ်လို နေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လို ပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်။ 

နိုင်ငံ “သိက္ခာရှိစွာ” ဒေါ်စု ဖြေရှင်းလိုကြောင်းပြော

နယူးဒေလီ (မဇ္ဈိမ) ။      ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် သည် လက်ပံတောင်းတောင် စီမံကိန်းဒေသသို့ သွားရောက်ကာ ကြာသပတေးနေ့က ညနေ ၆ နာရီခန့်က ၈ မိနစ်ကြာ မိန့်ခွန်းတိုတရပ် ပြောကြားရာတွင် ကြေးနီစီမံကိန်းပြဿနာအား တိုင်းပြည် “သိက္ခာရှိစွာ” ဖြေရှင်းလို
ကြောင်း ပြောဆိုသွားသည်။

ယနေ့ သတင်းထုတ်ပြန်ချက်ကို ယနေ့ ပယ်ဖျက်လိုက်

နယူးဒေလီ (မဇ္ဈိမ) ။        ။ နိုင်ငံတော်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ကြာသပတေးနေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့
သော သတင်းထုတ်ပြန်ချက် ၁၁/၂ဝ၁၂ ကို ညနေ ၆း၂ဝ မိနစ်တွင် ပယ်ဖျက်လိုက်ကြောင်း သိရသည်။

သမ္မတရုံး အင်တာနက်စာမျက်နှာတွင် ပယ်ဖျက်ကြောင်းသာ ရေးသားထားပြီး မည်သည့် အကြောင်းကြောင့်ဟူမူ
ဖော်ပြထားခြင်း မရှိပေ။

လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည် လာပြီ

နယူးဒေလီ (မဇ္ဈိမ) ။      ။ လက်ပံတောင်းတောင်အရေး ဒေသခံများနှင့် ပြောဆိုဆွေးနွေးကာ ဟောပြောမည့်
ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့ ဦးတည်ကာ မော်တော်ယာဉ်များဖြင့် မန္တလေးမြို့မှ ထွက်ခွာလာရာ နံနက် ၁၁ နာရီတွင် ညောင်ပင်ဝင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

သပိတ်အင်အား ၈၀ ကျော် ဒဏ်ရာရ၊ သံဃာ အပါး ၃ဝ ဆေးရုံတင်ထားရ

နယူးဒေလီ (မဇ္ဈိမ) ။     ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရန် သပိတ်မှောက် တောင်းဆိုနေကြသော ဝမ်ပေါင် ကုမ္ပဏီရုံးရှေ့မှ ပင်မ သပိတ်စခန်းကို ကြာသပတေးနေ့ နံနက် ၃ နာရီခန့်က လုံခြုံရေးရဲများက အကြမ်းဖက် ဖြိုခွင်းခဲ့၍ သံဃာအပါး ၃ဝ မှာ မုံရွာဆေးရုံကြီးတွင် တင်ထားကုသမှုခံယူနေရပြီး တပါးမှ စိုးရိမ်ရသည့် အခြေအနေကြောင့် မန္တလေးသို့ ကုသရန် ပင့်ဆောင်သွားရသည်။

ကချင် ဒုက္ခသည်စခန်းတွင် ဝက်သက်ရောဂါ အဖြစ်များနေ

ချင်းမိုင်(မဇ္စျိမ) ။       ။ တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၆ ရှိ ကချင်ဒုက္ခသည်စခန်းတွင် ၁၂ နှစ်အောက် ကလေးငယ်များ ဝက်သက်ရောဂါ ဖြစ်ပွားမှု ပြန့်နှံ့လာသဖြင့် ကာကွယ်ဆေးများ ထိုးပေးနေရသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံက ပြောသည်။

နိုဝင်ဘာ လဆန်းပိုင်းတွင် တဦးစ နှစ်ဦးစသာ ဖြစ်ပွားခဲ့သော်လည်း နောက်ပိုင်း ၄ဝ ကျော်ထိ ကူးစက် ပြန့်ပွားခဲ့သ
ဖြင့် KIO ကျန်းမာရေးဌာနမှ ပြီးခဲ့သည့် သီတင်းပတ်က သွားရောက်၍ ကာကွယ်ဆေးထိုးပေးခဲ့ရသည်ဟု အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။ 

ကချင် ဒုက္ခသည်စခန်းတွင် ဝက်သက်ရောဂါ အဖြစ်များနေ

ချင်းမိုင်(မဇ္စျိမ) ။       ။ တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၆ ရှိ ကချင်ဒုက္ခသည်စခန်းတွင် ၁၂ နှစ်အောက် ကလေးငယ်များ ဝက်သက်ရောဂါ ဖြစ်ပွားမှု ပြန့်နှံ့လာသဖြင့် ကာကွယ်ဆေးများ ထိုးပေးနေရသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံက ပြောသည်။

နိုဝင်ဘာ လဆန်းပိုင်းတွင် တဦးစ နှစ်ဦးစသာ ဖြစ်ပွားခဲ့သော်လည်း နောက်ပိုင်း ၄ဝ ကျော်ထိ ကူးစက် ပြန့်ပွားခဲ့သ
ဖြင့် KIO ကျန်းမာရေးဌာနမှ ပြီးခဲ့သည့် သီတင်းပတ်က သွားရောက်၍ ကာကွယ်ဆေးထိုးပေးခဲ့ရသည်ဟု အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။ 

ကြေးနီစီမံကိန်းအနီးက သပိတ်စခန်းတွေကို အင်အားသုံး ဖြိုခွဲ



2012-11-29
မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြနေကြတဲ့ ဒေသခံတွေနဲ့ သံဃာတော်တွေရဲ့ သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ကြာသပတေးနေ့ မနက် (၃) နာရီဝန်းကျင် အချိန်က ဝင်ရောက်စီးနင်း ဖြိုခွဲခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားတဲ့ Spitfire လေယာဉ်တွေကို စတင်ရှာဖွေ



2012-11-29
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားခဲ့တယ်လို့ ယုံကြည်ရတဲ့ Spitfire ဗြိတိသျှ တိုက်လေယာဉ်တွေကို ရှေ့လာမယ့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ စတင်တူးဖေါ်ရှာဖွေဖို့ ပြင်ဆင်နေပြီလို့ ဗြိတိန် ရှာဖွေရေးအဖွဲ့ကခေါင်းဆောင် မစ္စတာ David Cundall က လန်ဒန်မြို့ စစ်သမိုင်းပြတိုက်မှာ မနေ့က ပြောကြားခဲ့ပါတယ်။

မန္တလေးသံဃာတွေ ထိုင်သပိတ်စတင်မည်



2012-11-29
မန္တလေးမြို့က သံဃာတော်တွေဟာ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို လုံထိန်းတပ်ဖွဲ့ဝင်တွေက အင်အားသုံးဖြိုခွဲခဲ့လို့ သံဃာတော်တွေ ဒဏ်ရာရရှိခဲ့ကြတာနဲ့ ပတ်သတ်ပြီး မန္တလေးဘုရားကြီးဝင်းအတွင်းမှာ သံဃာအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး သံဃာတော်ထိုင်သပိတ် စတင်ဖို့ဆုံးဖြတ်လိုက်ကြတယ်လို့ ဦးဆောင်သံဃာတော်တွေက ဆိုပါတယ်။
ဒီကနေ့ညနဲ့  မနက်ဖြန်ခါ သင့်တော်တဲ့အချိန်မှာ မန္တလေးသံဃာတော်တွေအနေနဲ့ ထိုင်သပိတ်လုပ်ကြမှာဖြစ်တယ်လို့ မန္တလေး၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဝအလင်းဆရာတော် ဦးသောဘိတက RFA ကို ပြောပြပါတယ်။

လက်ပန်းတောင်းမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော



2012-11-29
လက်ပန်းတောင်း အရေးကို ပြေလည်စွာ ဖြေရှင်းပေးမယ်လို့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်း ဒေသခံပြည်သူများနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

လက်ပန်းတောင်း သပိတ်ဖြိုခွဲမှုနဲ့ မီးလောင်ဗုံး



2012-11-29
နိုဝင်ဘာ ၂၉ ရက်နေ့ မနက်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စခန်းတွေကို ဖြိုခွဲရာမှာ ဓာတုဗေဒဗုံးနဲ့မီးလောင်ဗုံးတွေ အသုံးပြုခဲ့ခြင်း မရှိခဲ့ဘဲ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ အဓိကရုဏ်းတွေကို နှိမ်နှင်းရာမှာ အသုံးပြုတဲ့ သာမန် မျက်ရည်ယိုဗုံးကိုသာ အသုံးပြုခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှုး ဗိုလ်မှုးကြီးယုလွင်ကို RFA ကသီးသန့် ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားလိုက်ပါတယ်။