Thursday, November 29, 2012

 ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးပြုလုပ်မည်ဖြစ်ပြီး ဘတ်ဂျက်ကိစ္စကို အဓိကထားဆွေးနွေးမည်


ပထအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာလ ၂၉ ရက်နေ့မှ စတင်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
'ဒီတစ်ခေါက်လုပ်တဲ့ အစည်းအဝေးက ပုံမှန်အစည်းအဝေးမဟုတ်ဘူး။ အရေးပေါ်အစည်းအဝေးဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ပြည်ထောင်စုအစိုးရအဖွဲ့က တိုင်းဒေသကြီးကို သုံးစွဲဖို့ပေးတဲ့ ဘတ်ဂျက်အခြေအနေတွေကို တင်ပြတာတို့၊ ပြင်ဆင်တဲ့ကိစ္စတွေကို ဆွေးနွေးမယ်လို့သိရတယ်။ အခုနောက်ပိုင်းမှာ တိုင်းဒေသကြီးအနေနဲ့ ဘတ်ဂျတ်သုံးဖို့ဆိုရင် လွှတ်တော်မှာ အတည်ပြုမှ ရမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကို မေးမြန်းဖြေကြားခြင်းတွေလည်း ပြုလုပ်မှာဖြစ်ပါတယ်။ မေးခွန်းမေးမြန်းခြင်း အစီအစဉ်မှာလည်း အရင်လွှတ်တော်အစည်းအဝေးတုန်းက ကျန်ရှိတဲ့မေးခွန်းတွေကို ဦးစားပေးမေးမြန်းဖြေကြားမယ်လို့ သိရတယ်''ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားခဲ့သည်။
ယခုပြုလုပ်မည့် အရေးပေါ်အစည်းအဝေးကို သုံးရက်ခန့်ပြုလုပ်သွားမည်ဟုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။