
HIV, AIDS တိုက်ဖျက်ရေးအဖွဲ့ (UNAIDS) က ဒေါ်အောင်ဆန်း စုကြည် အား တစ်ကမ္ဘာလုံး ဆိုင်ရာ UNAIDS သံတမန်အဖြစ် ရွေးချယ် လိုက်ကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။
“သူကထင်ရှားကျော်ကြား ပြီးအများလေးစားတဲ့သူဖြစ်တယ်။ သူစပြီး လှုပ်ရှားခွင့်ရကတည်းက အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီ အက်စ် ရောဂါ ဝေဒနာသည်တွေကို နှိမ့်ချ ခွဲခြားမှု လျှော့နည်းအောင် လုပ်ဆောင်ခဲ့တဲ့သူ တစ်ဦးဖြစ်တဲ့ အတွက် နိမ့်ချခွဲခြားမှု လျော့နည်း အောင် ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်” ဟု Marie Stopes International Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဒေါက်တာ စစ်ပိုင်ကဆိုသည်။
ယခုနှစ်အစောပိုင်းက အမေရိ ကန်ပြည်ထောင်စု ဝါရှင်တန်တွင် ကျင်းပခဲ့သည့်နိုင်ငံတကာ AIDS တိုက်ဖျက်ရေး ညီလာခံတွင် HIV, AIDS ရောဂါဝေဒနာသည်များအား တန်းတူထားဆက်ဆံရန် ကမ္ဘာ့လူထုကို ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းထားသည်။
UNAIDS အမှုဆောင်ဒါ ရိုက်တာ Mr. Michiel Sidibe က ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ရှိသူမ၏ နေအိမ်တွင် တွေ့ဆုံပြီးနောက် အဆိုပါတာဝန် ပေးမှုကို လက်ခံခဲ့ကာ အဆိုပါ လက်ခံမှုသည် ကုလသမဂ္ဂအေဂျင်စီကို ဂုဏ်ပြုခြင်းဖြစ် ကြောင်း နိုင်ငံတကာသတင်းများ ၏ ဖော်ပြချက်အရ သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။