Thursday, November 29, 2012

အမေရိကန် ဒီမိုကရေစီကို ပုံတူ ကူးချမရဟု သမ္မတဦးသိန်းစိန်ဆို


အမေရိကန်က ကျင့်သုံးနေ သော ဒီမိုကရေစီကို ပုံတူ ကူးချရန် မဖြစ်နိုင် သေးကြောင်း သမ္မတ ဦးသိန်းစိန်က အမေရိကန် သမ္မတ အိုဘားမား၏ ရန်ကုန် တက္ကသိုလ်တွင် ပြောကြား ခဲ့သော မိန့်ခွန်း အပေါ် ဝေဖန် သုံးသပ်ခဲ့သည်။
“ဘာပဲဖြစ်ဖြစ် သူက (အိုဘား မား) ဒီမိုကရေစီအရေးနဲ့ လူ့အခွင့် အရေးကို အသားပေးပြီး သူတို့ရဲ့ နိုင်ငံရဲ့ဖြစ်ပေါ်မှုတွေကို ကွက်ကွက် ကွင်းကွင်းနဲ့ ရှင်းပြသွားသော် လည်းကျွန်တော်တို့အပိုင်းကတော့ ငါတို့လည်းပုံတူ ကူးချမယ်လို့ ဒီလို လုပ်လို့ မရသေးပါဘူး”ဟု သမ္မတ ဦးသိန်းစိန်က ကမ္ဘောဒီးယားနိုင်ငံ၊ ဟိုတယ် ကမ္ဘောဒီးယားနားတွင် နိုဝင်ဘာလ ၂၁ ရက်နေ့က ပြည် တွင်းသတင်းသမားများနှင့်တွေ့ ဆုံစဉ် အထက်ပါအတိုင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က မြန်မာ နိုင်ငံ၏သမိုင်းနောက်ခံ၊ ကိုးကွယ် သည့်ဘာသာ၊ ယဉ်ကျေးမှုဓလေ့ ထုံးစံနှင့် မြန်မာလူမျိုးတို့၏တန်ဖိုး ထားမှုသည် အခြားနိုင်ငံများနှင့် မတူ ကြောင်း၊ ၄င်းအပြင် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အဆင့်အတန်းတို့တွင် လိုအပ်ချက် များ အများကြီး ရှိနေသေးကြောင်း၊ ၄င်းတို့နှင့်တစ်ဆက်တည်း အသိ ဥာဏ်ပညာအပိုင်းတွင်လည်း လို အပ်ချက်များ ရှိနေသေးကြောင်း ပြောကြားခဲ့သည်။
“နောက်တစ်ခုကတော့ ဒီမို ကရေစီနဲ့ပတ်သက်တဲ့ အသိတရား ပေါ့နော်။ ဒီမိုကရေစီဆိုတာ ခုန ကလိုလွတ်လပ်မှုနဲ့တာဝန်ယူမှုတွေ တာဝန်သိမှုတွေ ဒါတွေက ယှဉ်တွဲ ပြီးတော့ နေတာဖြစ်ပါတယ်။ လွတ်လပ်မှုကတော့ ခုနကလိုရချင် တယ်။ ပြီးတော့ တာဝန်သိမှုတို့ တာဝန်ယူမှု အပိုင်းတွေမှာ အား နည်းနေမယ်ဆိုရင် ဒီမိုကရေစီ ကျင့်သုံးရင် ကမောက်ကမနဲ့ ဖြစ်မှာ ဖြစ်ပါတယ်”ဟု ၄င်းကဆက်လက် ပြောဆိုခဲ့သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့က မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးနေ့ တစ်ဝက်လာရောက်ခဲ့သော အမေရိ ကန်သမ္မတ အိုဘားမားသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမတွင် နိုင်ငံရေးအဖွဲ့အစည်းဝင် များ၊ လူထု အခြေပြု အဖွဲ့အစည်းများ မှ ပုဂ္ဂိုလ်များအပါအဝင် တက္ကသိုလ် ကျောင်းသား ကျောင်းသူ များအား တစ်နာရီခန့် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတို့ကို အလေးထား ပြီးမိန့်ခွန်းပြောကြား ခဲ့ခြင်းဖြစ်သည်။
သမ္မတအိုဘားမားက မြန်မာ နိုင်ငံ၏ဒီမိုကရေစီထွန်းကားရေး ဆောင်ရွက်ချက်များနှင့်စီးပွားရေးပြု ပြင်ပြောင်းလဲမှုခရီးလမ်းတစ်လျှောက် တွင် မိတ်ဆွေနိုင်ငံအဖြစ် ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ၄င်း ၏မိန့်ခွန်းတွင်ထည့်သွင်းပြောကြား ခဲ့သည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။