Thursday, November 29, 2012

SEA Game တွင် သုံးရန် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာတန် Sim Card များချထားပေးမည်


လာမည့်နှစ်တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပမည့် အရှေ့တောင် အာရှ
အားကစား ပြိုင်ပွဲတွင် ပြည်ပနိုင်ငံ များမှ လာရောက်သူ များကို အမေ ရိကန်ဒေါ်လာ ၁၅ ဒေါ်လာတန် SimCard များကို ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ သိရသည်။


အဆိုပါ SimCard များကို ရောင်းချရာတွင် SimCard တန် ဖိုးမှာ ၅ ဒေါ်လာသာဖြစ်ပြီး ကျန် ၁၀ ဒေါ်လာသည် ဖုန်းပြောနိုင်ရန် ကြိုတင်ပေးသွင်းထားရသည့် ငွေကြေးဖြစ်ကြောင်း သိရသည်။
ယင်းSimCard များအတွက် ပြော ဆိုခကိုလည်း ထပ်မံဖြည့်သွင်းနိုင် ပြီး အားကစားပွဲသို့ လာရောက်သူ များမှဝယ်ယူရန်ဆန္ဒရှိပါကရောင်း ချပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လာမည့် SEA Game တွင် ကမ္ဘာ့အဆင့်မှီ ဆက် သွယ်ရေးရရှိရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပ မည့် နေပြည်တော်ရှိ အားကစား ကွင်းများတွင် သီးသန့် Fiber cable ကွန်ရက်များတပ်ဆင်သွား မည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ အားကစားပွဲတော် ကျင်းပမည့်နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ရုပ်သံများ ဆောင်ရွက်နိုင်ရန် Fiber Cable နှင့် Satellite များတပ်ဆင်သုံးစွဲ သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အားကစားကွင်းများတွင် WiFi နှင့်Wi max အင်တာနက် ဆက်သွယ်ရေးစနစ်များကို တိုးချဲ့ ချထားပေးနိုင်ရန် ဝန်ဆောင်မှုပေး မည့် ကုမ္ပဏီများကိုရွေးချယ် ဆောင် ရွက်လျက်ရှိကြောင်းလည်း သိရပါသည်။
“လာမယ့် SEA Game မှာ အင်တာနက် အမြန်နှုန်းကောင်းဖို့ က တော်တော်အရေးပါပါတယ်။ ဘာလို့လည်းဆိုတော့ ဒီကိုလာပြီး သတင်းယူကြမယ့် လူတွေနဲ့ လာပြီး ကြည့်မယ့်သူတွေအတွက် အင်တာနက်သုံးတဲ့နေရာမှာ အမြန်နှုန်း ကောင်းဖို့ လိုပါတယ်။ ဒါမှသူတို့ သတင်း အချက်အလက်တွေ ကို ပေးပို့တာတို့ ရယူတာတို့က အဆင် ပြေမှာပေါ့။ တစ်ခုရှိတာက အဲဒီ ကစားပွဲပြီးသွားရင်လည်း အင်တာ နက်မြန်နှုန်းကို ဒီထက် ပိုကောင်း အောင်တော့ ဆောင်ရွက်ပေးထား ရင်သုံးရတဲ့သူတွေ အဆင်ပြေမှာ ပေါ့”ဟု အိုင်တီလုပ်ငန်းဆောင် ရွက်နေသူတစ်ဦးက ဆိုပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ တရားဝင်ထုတ်ပြန်ချက်များအရ UMTS (3G) စခန်းပေါင်း ၂၄ ခုနှင့် GSM (2.75) တယ်လီဖုန်း ဆက် သွယ် ရေး စခန်းပေါင်း ၅၁ ခု စုစုပေါင်း ၇၅ ခု ၂၀၁၂-၂၀၁၃ ခုနှစ်တွင် UMTS (3G) စခန်းပေါင်း ၄၀ ခုနှင့် GSM (2.75)တယ်လီ ဖုန်း ဆက် သွယ်ရေး စခန်းပေါင်း ၁၂၀ ခု အထိ တိုးချဲ့ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရပါ သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။