Thursday, November 29, 2012

Truck ကားများ CIF တန်ဖိုး ပြင်ဆင် သတ်မှတ်ရန် စီးပွား/ကူးသန်း ဝန်ကြီး ဌာနသို့ တင်ပြမည်


လုပ်ငန်းသုံး Truck ကားများ ကို CIF တန်ဖိုး ပြင်ဆင် သတ်မှတ်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီး ဌာနသို့ တင်ပြသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မော် တော်ယာဉ် တင်သွင်း ထုတ်လုပ် ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်က နိုဝင်ဘာ ၂၅ ရက် UMFCCI တွင် ကျင်းပသည့် လုပ်ငန်းရှင် များနှင့် တွေ့ဆုံပွဲတွင် ပြောသည်။


“Truck ကားတွေကို CIF တန်ဖိုးပြင်ဆင်သတ်မှတ်ဖို့ တင်ပြ မှာပါ။ ဒီဇင်ဘာ ၂ ရက်နေ့ မှာတော့ အဖြေရမယ်လို့ ထင်ပါ တယ်”ဟု ၄င်းက ပြောသည်။ လက်ရှိတွင် မော်တော်ယာဉ် ထုတ်လုပ်တင်သွင်းရောင်းချသူများ အသင်းအနေဖြင့် အကောက်ခွန်ရုံး တွင် ကြုံတွေ့ရသော အခက်အခဲ များကို သက်ဆိုင်ရာ တာဝန်ရှိသူ များသို့ တင်ပြဆွေးနွေး သွားမည် ဖြစ်ကြောင်းTruck ကားများကို CIF တန်ဖိုးပြင်သတ်မှတ်ရာတွင် စီးပွားရးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် အကောက်ခွန် ရုံးကွာဟမှုများရှိနေကြောင်း မြန်မာ နိုင်ငံ မော်တော်ယာဉ် တင်သွင်း ထုတ်လုပ်ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်က ဆိုသည်။
ကားအရောင်းပြခန်း ပိုင်ရှင် တစ်ဦးက “ဥပမာပြောရမယ်ဆိုရင် Truck ကားတွေကို မှာတဲ့နေရာ မှာ CIF တန်ဖိုးကို စီးပွား/ကူးသန်း က အမေရိကန် ဒေါ်လာ ၁၀ဝ သတ်မှတ် ပေးလိုက်တယ်ဆိုရင်လုပ်ငန်းရှင်က တွက်ချက်ပြီး ကိုက် တဲ့အတွက် မှာလိုက်တယ်။ ကား ရောက်တဲ့ အခါကျတော့ အကောက် ခွန်ရုံးက ဒေါ်လာ ၁၀ဝ မဟုတ်ဘဲ နဲ့ ဒေါ်လာ ၂၀ဝ ဆိုပြီး သတ်မှတ် တယ်။ ဥပမာပြောတာပါ။ အဲဒီပုံစံ မျိုးဆိုတော့ လုပ်ငန်းရှင်တွေက မကိုက်တဲ့အတွက် ဈေးတက် ရောင်းရတာ ပေါ့”ဟု ရှင်းပြသည်။
ကားလုပ်ငန်းရှင်များ အနေဖြင့် လက်ရှိကြုံတွေ့နေရသော အခက် အခဲများမှာ အကောက်ခွန်ရုံးပိုင်း ဆိုင်ရာအခက်အခဲများ၊ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဆိပ်ကမ်းတွင် ကားထုတ်ယူသည့် အခါ အကောက်ခွန်ရုံးနှင့်ဆိပ်ကမ်း ပူးပေါင်းမှု အားနည်းသောကြောင့် ကြန့်ကြာ တတ်ကြောင်း၊ ကားများ ထုတ်ယူရန်ကြာမြင့်တက်ကြောင်း၊ ကားများ ကိုထုတ်ပေးရန်အတွက် စစ်ဆေးရေးအဖွဲ့သုံးဖွဲ့ရှိပြီး ဆိပ်ကမ်းရှိ တာဝန်ရှိသူ များက ကွန်တိန်နာများကို စစ်ဆေးသော နေရာတွင် ချပေးမှသာ စစ်ဆေးနိုင် ကြောင်း မော်တော်ကားလုပ်ငန်းရှင် ဦးသိန်းထိုက်က ဆိုသည်။
လက်ရှိတွင် ကားကုမ္ပဏီ၊ ကားအရောင်းစင်တာများ CIF တန်ဖိုး ပြင်ဆင်သတ်မှတ်မည်ဆို သောကြောင့် အရောင်းအဝယ်အေး ခြင်းနှင့် ရင်ဆိုင်နေရကြောင်း CIF တန်ဖိုးပြင်ဆင်သတ်မှတ်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ မော်တော် ယာဉ်တင်သွင်းရောင်းချထုတ်လုပ် သူများအသင်းက ထုတ်ပြန်ထား သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။