Thursday, November 21, 2013

ကုလဆုံးဖြတ်ချက် ဗြိတိန်ကြိုဆို

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် ဗြိတိန် အစိုးရ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးဝန်ကြီး Hugo Swire က ကြေချက်ထုတ်ပြန် ကြိုဆိုလိုက်ပါတယ်။

ကုမ္ပဏီဘက်မှ အခြေခံလစာ တိုးပေးသော်လည်း အလုပ်သမားများက ဆန္ဒပြရက်များကိုပါ လစာပေးစေလိုသည့်အတွက် ပြေလည်မှုမရသေး

ရန်ကုန်၊ မဇ္ဈိမ။      ။ အီလန်မြန်မာ ဆန္ဒပြအလုပ်သမားများကို ရရှိပြီးသား အခြေခံလစာအပေါ် ထပ်မံ၍ ကုမ္ပဏီဖက်မှ တစ်သောင်း တိုးပေးလိုက်သော်လည်း အလုပ်သမားများက ၎င်းတို့ ဆန္ဒပြခဲ့သည့်ရက်များအတွက် ရက်ပျက်ကြေး ထပ်မံလိုချင်သည်ဟုဆိုသောကြောင့် နိုဝင်ဘာ ၂၁ ရက်ထိ ညှိုနှိုင်းမှု အဆင်မပြေဖြစ်နေဆဲဖြစ်သည်။

တက္ကသိုလ်၊ ကောလိပ်များတွင် အဆောင်ပြန်ထားမည်

၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည့် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များ၊ ကောလိပ်များတွင် တက်ရောက်မည့် ကျောင်းသားများအတွက် တက္ကသိုလ်အဆောင်များ ပြန်လည်ထားရှိပေးတော့မည် ဖြစ်သည်။

လက်ပံတောင်းအရေးလှုပ်ရှားသူ ဒီငြိမ်းလင်းနှင့် မိုဃ်းသွေးအပါဝင် သုံးဦးကို ပုဒ်မ ၁၈ ဖြင့် ထောင်တစ်လချမှတ်

ရန်ကုန်၊ မဇ္ဈိမ။            ။ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု ဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာတန်းစီလှည့်လည် ဆန္ဒဖ်ာထုတ်ခဲ့သော ကိုဒီငြိမ်းလင်း နှင့် ကိုမိုဃ်းသွေးအပါဝင် သုံးဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးမှ နိုဝင်ဘာလ ၂၁ရက်တွင် ပုဒ်မ ၁၈ဖြင့် ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့လိုက်ကြောင်း Generation Wave အဖွဲ့က ကိုဘိုဘိုက နိုဝင်ဘာလ ၂၁ရက်တွင် မဇ္ဈိမကို ပြောသည်။