Wednesday, January 30, 2013
ဆီးဂိမ်းမှာ အားကစားနည်း ၃ မျိုးသာ ဖြုတ်ရန် မြန်မာ သဘောတူ
ကချင်ရွာထဲသို့ လက်နက်ကြီးကျ၊ ၂ ဦးသေ
မင်းဘူးတွင် အိမ် ၂၂ လုံး မီးလောင်၊ လူတစ်ရာကျော် အိုးမဲ့ အိမ်မဲ့ဖြစ်
မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္ထရာ မြို့နယ် အပေါ ကျေးရွာ အုပ်စု၊ မင်းဒင်ကျေးရွာ တွင် မီးဖို၏ မီးကြွင်း မီးကျန် မှ တစ်ဆင့် နေအိမ် ၂၂လုံး မီးလောင်ကျွမ်းမှု တစ်ခု ဇန်နဝါရီလ ၂၈ ရက် ရက် နံနက် ၉နာရီ နာရီ ၁၅မိနစ် တွင် ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန ထံမှ စုံစမ်း သိရှိ ရသည်။
ငြိမ်းချမ်းရေး လူငယ်အဖွဲ့ နှင့်အတူ လမ်းလျှောက်သူ ပြင်သစ် နိုင်ငံသားကို မြန်မာနိုင်ငံမှ ပြန် ထွက်ခွာရန် ညွှန်ကြား
ရန်ကုန် မှ ကချင်ပြည်နယ် လိုင်ဇာသို့ လမ်းလျှောက်သည့် ငြိမ်းချမ်းရေး လူငယ် အဖွဲ့တွင် လိုက်ပါ လာသော ပြင်သစ် နိုင်ငံသား ကို တောင်ငူ မြို့နယ် လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန က ဇန်နဝါရီလ ၃၀ ရက်နေ့ တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာရန် ညွှန်ကြား ခဲ့ကြောင်း ယင်း ဌာနမှ ဦးစီးအရာရှိ ဦးဆန်းဝင်း က ပြောကြားသည်။
မြန်မာ့ပင်လယ်ပြင်အား ဗဟိုပြု၍ ၃.၇ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်
မြန်မာစံတော်ချိန် ၂၀ နာရီ ၀၅ မိနစ် ၅၂ စက္ကန့်တွင် ကမ္ဘာအေးမြေငလျင် စခန်းမှ တောင်ဘက် ၃၅ မိုင်ခန့် အကွာ မြန်မာ့ပင်လယ်ပြင်အား ဗဟိုပြု၍ ၃.၇ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမြေငလျင်ဌာနခွဲမှ သတင်းထုတ်ပြန်သည်။
အိုး/အိမ်မှ သိမ်းဆည်းထားသော မြေယာအရေး ကော်မရှင် လက်ခံသည်အထိ ဖြေရှင်းပေးမည်ဟုဆို
ရန်ကုန်တိုင်း ဒေသကြီး ဧရိယာ အတွင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ သိမ်းဆည်း ထားသည့် မြေများနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်သို့ တိုင်ကြား လာသော တိုင်ကြား စာစုစုပေါင်း ၅၁ ခုရှိရာ ယင်းတို့အား ကော်မရှင်မှ လက်ခံနိုင်သည် အထိ ဖြေရှင်းပေး သွားမည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်ကပြောသည်။
အခပေးနေရာများ၌ အခမဲ့ကားပါကင်များ အစားထိုးဝင်ရောက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကိုရီး ယား အိုလံပစ် မိန့်ခွန်း
2013-01-30
အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ မရုပ်သိမ်းဖို့ နည်းပညာ ဒုဝန်ကြီးအဆိုတင်
2013-01-30
ထိုးစစ်တွေရပ်စဲဖို့ ဆန္ဒရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ
2013-01-29
စံတော်ချိန် ၈း၁၀ မိနစ်၌ရန်ကုန်မှာလှုပ်တဲ့ငလျှင်..
မြန်မာစံတော်ချိန်၈း၁၀၌မရမ်ကုန်းမြို့နယ်တွက်ငလျှင်တခုလှုတ်ခတ်ခဲ့ပါသည်။အပျက်အစီးနှင့်အထိအခိုက်များကိုတော့...နောက်လူများကကြေငြာပါလိမ့်မည်.ကျနော်ကတော့လှုပ်ကြောင်းကိုပဲသတင်းပေးပါသည်...အသေးစိတ်သိချင်ပါလျှင်မိုးလေ၀သနဲ့ဇလဗေဒကိုသွားရောက်မေးမြန်နိုင်ပါကြောင်း.သတင်းကောင်းပါအပ်ပါသည်....
ဌာနများတွင် လူသစ်များ အရည်အချင်းမပြည့်ဝ၍ လက်ရှိလူများ ဆက်ခန့်ရဟုဆို
"နိုင်ငံတာဝန် ထမ်းဆောင်ပြီး အသက် ၆၀ ပြည့်သွားသော်လည်း အကြံပေးအဖြစ် ဆက်လက် ခန့်ထားရတဲ့ အဓိက
အကြောင်းမှာ အချို့ဌာနများတွင် ရာထူးကို အစားထိုးခန့်ထားရမည့် ပုဂ္ဂိုလ်၏ အရည်အချင်း ပြည့်မီမှု မရှိခြင်း၊ လုပ်ငန်းဆိုင်ရာ အရည်အချင်းနှင့် ပတ်သက်၍ အထက်အကြီးအကဲ၏ ယုံကြည်မှု အပြည့်အဝ မရရှိခြင်းတို့ကြောင့်
ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ တာဝန်ထမ်းဆောင်နေသူကိုသာ အကြံပေးအဖြစ် ဆက်လက်တာဝန်ပေးပြီး ထိန်းသိမ်း
ဆောင်ရွက်ရန် တာဝန်ပေးရခြင်း ဖြစ်ပါတယ်" ဟု ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီး ဦးစိုးမောင် က ပြောကြားသွားသည်။
အစိုးရ ဌာနအသီးသီးရှိ လုပ်ငန်းအတွေ့အကြုံရှိပြီး ကျွမ်းကျင်သော ဝန်ထမ်းများအား ရာထူးအလိုက် တိုးမြှင့် ထမ်းဆောင်သင့်သောအချိန်တွင် တာဝန်၊ ရာထူး တိုးမြှင့် ထမ်းဆောင်နိုင်ရန် အသက် ၆၀ ပြည့်သွားသော ဝန်ထမ်း
များအား နေရာဖယ်ရှားပေးရန် အစီအစဉ် ရှိမရှိ မလှိုင် မဲဆန္ဒနယ်မှ ဦးအေးမောက်၏ မေးခွန်းကို ပြည်ထောင်စု ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အသက်ပြည့်သွားသော်လည်း နိုင်ငံအတွက် လုပ်ငန်း လိုအပ်ချက်အရ ဆက်လက်တာဝန်ထမ်းဆောင်ရန် လိုအပ်သည့် အချိန်များတွင် သို့မဟုတ် အစားထိုး တာဝန်ပေးအပ်ရမည့် ဝန်ထမ်းများအဖြစ် ကျွမ်းကျင်မှု၊ လုပ်သက်နုနယ်နေ၍ ပူးတွဲ တာဝန်ထမ်းဆောင်ရန် လိုအပ်သည့်အချိန် သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအတွက် လိုအပ်ချက်
အရ အကြံပေးအရာရှိအဖြစ် ဆက်လက် တာဝန်ပေးမှုများ ရှိနေသည်ဟု ဝန်ကြီးက ဆိုသည်။
"ကျနော်တို့ သင်ကြားရေးဌာနမှာ ဌာနမှူးက အသက်ပြည့် ပင်စင်တင်ပြီး အငြိမ်းစားယူတယ်။ ပြီးမှ ကျောင်းအုပ်ကြီးက သူရဲ့သူငယ်ချင်းဆိုတော့ ဌာနလိုအပ်ချက်အရ အကြံပေး ဆိုပြီး ပြန်ခန့်ထားတယ်။ လိုအပ်လို့ ခန့်ထားမယ်ဆိုရင်
ပြောစရာမရှိပါဘူး။ တကယ်လိုအပ်မှု ရှိမရှိကို ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သင့်ပါတယ်။ အထက်ကို ပိုင်လို့ အကြံပေး
ဖြစ်နေသူတွေကိုတော့ မခန့်သင့်ပါဘူး" ဟု သင်ကြားရေးဌာနတခု မှ တွဲဖက် ပါမောက္ခတဦးက သုံးသပ်ပြောဆိုသည်။
ယခင် စစ်အစိုးရ၏ ၂/၈၈ အမိန့်ကို လက်ရှိသမ္မတ၏ ၃/၂၀၁၃ ဖြင့် ပယ်ဖျက်
နိုင်ငံတော်သမ္မတ က အမိန့်အမှတ် ၂/၂၀၁၃ ဖြင့် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်
ကြေညာသည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ထိုအမိန့် အမှတ် ၂/၈၈ သည် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေပုဒ်မ ၄၄၇ နှင့် ဆန့်ကျင်နေသဖြင့် သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
"ဒီဥပဒေကို ပယ်ဖျက်ပြီး နောက်ဆက်တွဲ အကျိုးဆက်ကတော့ အရပ်သားအုပ်ချူပ်မှု အစစ်ဖြစ်တာပေါ့။ ဒါဥပဒေ သဘောအရပါ။ ကျနော့်အမြင်ကတော့ လုပ်ရင်းကိုင်ရင်းနဲ့ ဖျက်သင့်တဲ့ဟာကို မဖျက်ဘဲ ကျန်တာလို့ပဲ မြင်ပါတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က မဇ္ဈိမကို ပြောသည်။
၂/၈၈ တွင် ည ၈ နာရီမှ မနက် ၄ နာရီအထိ မည်သူမဆို အမိန့်တစုံတရာမရှိဘဲ လမ်းပေါ်သို့ မထွက်ရန်၊ လူငါးယောက်နှင့် လူငါးယောက်အထက် ပို၍ လမ်းများပေါ်တွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊
ဟောပြောခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်း မည်သူမျှ မပြုလုပ်ရန်၊ မည်သည့်
နေရာတွင်မျှ သပိတ်စခန်းဖွင့်ခြင်း၊ လူစုလူဝေးဖြင့် ပိတ်ဆို့ဆန္ဒပြခြင်း မည်သူမျှ မပြုလုပ်ရန်၊ လုံခြုံရေး တာဝန် ထမ်းဆောင်နေသူများကို မည်သည့်နည်းလမ်းဖြင့်မျှ နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း မည်သူမျှ မပြုလုပ်ရန် တို့ ပါဝင်
သည်။
"အမတို့ ခေတ်က ဒီအမိန့်ကြောင့် ထောက်လှမ်းရေးတွေ အနောက်က အလိုက်ခံရတယ်။ လက်ဘက်ရည်ဆိုင် ထိုင်တာတောင်မှ ငါးယောက်ကျော်ရင် အဖမ်းခံရတယ်။ အိမ်မှာ ငါးယောက်ထက် ပိုနေရင် အိမ်ပေါ်တက်ပြီး ဝင်ရှာ
တယ်။ အိမ်ပေါ်တက်ပြီး ဖမ်းတယ်။ ဒီအမိန့်ကြောင့် ဆိုးဆိုးရွားရွား ခံခဲ့ရတယ်။ ခုမှ ဒီအမိန့်ကို ပယ်ဖျက်လိုက်တယ် ဆိုတော့ နောက်တောင် ကျနေပါသေးတယ်" ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မသက်သက်အောင် က သုံးသပ် ပြောဆိုသည်။
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရတက်လာပြီးနောက် မြန်မာနိုင်ငံတွင် လက်ရှိ အခြေအနေနှင့် မကိုက်ညီတော့
သဖြင့် ဖျက်သိမ်းသင့်သည့် ဥပဒေပေါင်း ၂၀၀ ကျော်ရှိနေကြောင်း လွှတ်တော်ဥပဒေကြမ်း ကော်မတီမှ ကော်မတီဝင်
တဦးက ယမန်နှစ်က ပြောဆိုခဲ့သည်။ ယင်းသို့ ဖျက်သိမ်းသင့်သည့် ဥပဒေများ စိစစ်ဖျက်သိမ်းမှုအပိုင်းတွင် မြန်မြန်
ဆန်ဆန် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း တရားရေးဝန်ထမ်းဟောင်းတဦးက ထောက်ပြဝေဖန်ပြောဆိုသည်။
ငြိမ်းချမ်းရေးလမ်းလျှောက်သူများ တောင်ငူကို အေးချမ်းစွာကျြော်ဖတ်
ပြည်တွင်းငြိမ်းချမ်းရေးအတွက်လိုင်ဇာသို့လမ်းလျှောက်နေသူများအား တောင်ငူမှရဲမှူး၊ အုပ်ချုပ်ရေးမှူးတို့က တစ်စုံတစ်ရာ ဟန့်တားခြင်းမရှိပဲ စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ဆုတောင်းစာများပင် ထည့်ပေး လိုက်ကြောင်း သိရှိရသည်။
ယမန်နေ့က ပြည်ပမီဒီယာအချို့တွင် တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူးမှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများအား ဖမ်းဆီးအရေးယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း၊ ထုတ်ပြန်သည့်နိုင်ငံတော်သမ္မ၏ စုဝေးလှည့် လည်ခွင့် တားမြစ်မိန့်အားပယ်ဖျက် ဇန်န၀ါရီလ (၂၈)ရက်နေ့ နေ့စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ ဇန်န၀ါရီလ(၂၉)ရက်နေ့ ညနေပိုင်းတွင် တောင်ငူမြို့သို့ရောက်ရှိခဲ့ကာ ၎င်းမြို့နယ်မှ အေးချမ်းစွာ ထွက်ခွာနိုင် ခြင်းဖြစ်သည်။
တောင်ငူမြို့ကိုဖြတ်နေစဉ်တွင် ရဲမှူး ဦးဇော်မင်း၊ အထွေထွေအုပ်ချုပ်ရေးမှုး ဦးသိန်းဇော်ဝင်းနှင့် ဥပဒေအရာ ရှိက ဒေါ်ဖြူဖြူဝင်းတို့မှ ဟန့်တားခြင်းမရှိပဲ ဖြူး၊ ပဲခူး၊အုတ်တွင်းမြို့များတွင် လက်မှတ်ထိုးခဲ့ရသည့်အတိုင်း လက်မှတ်ထိုးခိုင်းခဲ့ပြီး အဆိုကတိ၌ တေးသီချင်းသီဆိုချင်း၊ တူရိယာတီးမှုတ်ခြင်းမပြုရဆိုသည့် အချက်များ ပါဝင်လာကြောင်း ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့မှ သိရှိရသည်။
"ကျွန်တော်တို့ ညှိနှိုင်းမှုက နိုင်ငံတော်သီချင်းရယ်၊ ငြိမ်းချမ်းရေးသီချင်းရယ် သီဆိုခွင့်ရတယ်။ မိုးထိမိုးမိ ကိစ္စလိုမဖြစ်ရန် အာဏာပိုင်တွေ အနေနဲ့လုံခြုံရေးကို အထူးဂရုစိုက်ပြီး ကူညီစောင့်ရှောက်ပေးမယ်လို့ ပြောပါတယ်" ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့မှ ဦးဆောင်သူ ကိုဇင်ကိုကိုက ပြောသည်။
သက်ဆိုင်ရာတာဝန်ရှိသူများမှ တားဆီးခြင်းမပြုပဲ စစ်ဘေးသင့်ပြည်သူများအတွက် ဆုတောင်းစာများနှင့် ၎င်းတို့အိတ်ကပ်ထဲတွင်ပါသည့် ပိုက်ဆံများအားလုံး လှူဒါန်းခဲ့ခြင်းဖြစ်သည်။
"ကျေနပ်စရာကောင်းတာက ရဲမှူးရယ် မြို့နယ်အုပ်ချုပ်ရေးမှူးရယ် ဥပဒေအရာရှိရယ်က စစ်ဘေးသင့် ပြည်သူတွေအတွက် အလျှုငွေ ထည့်လိုက်ပါတယ်။"ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ လမ်းလျှောက်သူများအဖွဲ့ကို တောင်ငူမြို့မှ ပြည်သူအများစုမှ လာရောက်ကြိုဆိုခဲ့ကြောင်း ငြိမ်းချမ်း ရေးလမ်းလျှောက်သူများအဖွဲ့မှ သိရှိရသည်။
ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့သည် ရန်ကုန်မြို့မှ ဇန်န၀ါရီလ(၂၁)ရက်နေ့တွင် စတင်ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင်လမ်းလျှောက်သူ (၄၀)ဦးခန့်ရှိပြီဖြစ်သည်။
အီလက်ထရောနစ် ဥပဒေသစ်ရေးဆွဲ၍ အဟောင်းအားပယ်ဖျက်မည်
အီလက်ထရွန်းနစ်ဥပဒေပြစ်မူနှင့် ပြစ်ဒဏ်မှာ ခေတ်နှင့်မလျှော်ညီတော့သဖြင့် ပြင်ဆင်ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်းကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။
" ဦးသိန်းညွှန့်ရဲ့ဆွေးနွေးချက်တွေက ခေတ်စနစ်အရလိုက်လျောညီထွေမှုရှိပြီး လျှော်ကန်သင့်မြတ်ပါကြောင်း တွေ့ရှိရပါတယ်"ဟု ဒုတိယ၀န်ကြီးဦးသောင်းတင်က ပြောကြားခဲ့သည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သတ်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွှန့်မှ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ဆွေးနွေးရန် အဆိုတင်သွင်းခဲ့သည့်အပေါ်တွင် ၀န်ကြီးမှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"၀န်ကြီးဖြေတာ အားရတယ်။ ၀န်ကြီးကလည်း ပြောတယ်။ ဒီဥပဒေဟာ ခေတ်နဲ့မလျော်ညီတော့ဘူး ဆိုတာကို လက်ခံတယ်။ အဲဒီဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ထားရှိဖို့ ဆုံးဖြတ် ခဲ့တယ်"ဟု ဦးသိန်းညွှန့်က ပြောသည်။
အီလက်ထရွန်းနစ် ဥပဒေသည် နိုင်ငံတော် အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ပြဌာန်းထားတဲ့ ဥပဒေဖြစ်ပြီး နိုင်ငံတော် လုံခြုံရေးထိ ပါးစေသော အီလက်ထရွန်းနစ် နည်းပညာ သုံးစွဲခြင်းအတွက် ထောင်ဒဏ် (၁၅)နှစ်ချမှတ်နိုင်ကြောင်း အီလက်ထရွန်းနစ်ဥပဒေတွင်အခန်း-၁၂ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ပုဒ်မ ၃၃တွင် ဖော်ပြ ထားကြောင်း ၄င်းက ဆက်ပြောသည်။
" အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေအခန်း(၁၂)ပြစ်မှုနဲ့ ပြစ်ဒဏ်များဟာ အခုအခြေအနေနဲ့ဘယ်လိုမှ မကိုက်ညီတော့ပါဘူး"ဟု ဦးသိန်းညွှန့်က ဆက်ပြောသည်။
အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ၂၀၀၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ကြေညာချက် အမှတ် ၅/၂၀၀၄ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အီလက်ထရွန်းနစ် ဆက်သွယ်ရေး နည်းပညာ ဥပဒေသစ်ကို ခေတ်နှင့်လျော်ညီစွာရေးဆွဲသွားမည် ဖြစ်ပြီး ဥပဒေသစ်ထွက်ပေါ်လာမှသာ ဥပဒေဟောင်းအား ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ၀န်ကြီး ဦးသောင်းတင် မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဝ'တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား
သည်။
ဇန်နဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် နှစ်ဖက် တွေ့ဆုံမှုကို UWSA က ကြားဝင် ကူညီပေးမည့် အဆိုပြုချက်အပေါ် လက်ခံကြောင်း KIO ဘက်မှ စာပြန်လာခြင်း ဖြစ်သည်။
"KIO တို့ဘက်ကနေ ပြန်ဆက်သွယ်လာပါတယ်။ ပန်ဆန်းမှာ လာတွေ့ဖို့ သူတို့ သဘောတူပါတယ် ဆိုပြီးတော့ ဒီနေ့
နေ့လည်လောက်က သတင်းပို့လာတယ်။ အစိုးရဘက်က ဒီမှာဆွေးနွေးဖို့ လက်ခံတယ်ဆိုတာ ကျနော်တို့ဆီ ပို့လိုက်ပါ
ပြီ။ ဆိုတော့ အစိုးရဘက်ကိုလည်း အခုပဲ သတင်းပို့နေတယ်" ဟု မဇ္ဈိမကို ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီဘက်မှလည်း KIO မှ လက်ခံပါက ၎င်းတို့လည်း လက်ခံနိုင်ကြောင်း သဘောထား ပေးပို့ထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း အနေနှင့် KIO ဘက်မှ လက်ခံပါက တွေ့ဆုံ
ရန်ရှိကြောင်းလည်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္ဈိမကို အင်္ဂါနေ့ နေ့လည်ပိုင်းက ဖြေကြားထားပြီး
ဖြစ်သည်။
မြန်နိုင်ငံ ငြိမ်းချမ်းရေးဘက် ဦးတည်နေသော်လည်း KIO နှင့် အစိုးရအကြား တိုက်ပွဲများ မရပ်စဲဘဲ တိုက်ပွဲ ဆက်လက်
ဖြစ်ပွားနေသဖြင့် ယခုကဲ့သို့ ကြားဝင်ကူညီခွင့်ရသဖြင့် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဦးအောင်မြင့်က ပြောသည်။
"နှစ်ဖက်စလုံးက ယုံကြည်မှု နည်းနေတယ်၊ စစ်ကြောင့် ဒုက္ခသည်တွေလည်း သောင်းနဲ့ ချီရှိနေပြီ။ အခြေအနေက မကောင်းဘူး။ ဒါကြောင့် နှစ်ဖက် တွေ့ဆုံနိုင်အောင်၊ အခုအချိန်မှာ ကချင်ကို အစိုးရက လာပါဆိုရင်လည်း ဘယ်သွား
မလဲ။ ဒါကြောင့် ကျနော်တို့qီမှာ ဖြစ်နိုင်မလား။ ဖြစ်နိုင်ရင် ပန်ဆန်းမှာလာပြီး တွေ့ဆုံပါ။ ကျနော်တို့ ကူညီပံ့ပိုးပေးပါ့
မယ်ဆိုတဲ့ ဆန္ဒမျိုးပါ" ဟု ၁၉၈၉ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲထားသည့် UWSA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့် က မဇ္စျိမကို ပြောသည်။
မည်သည့်နေ့ တွေ့ဆုံမည်ကို ညှိနှိုင်းနေဆဲ ဖြစ်ပြီး ထိုသို့တွေ့ဆုံနိုင်ရေးအတွက် KIO သို့ မဇ္ဈိမက ကြိုးစားဆက်သွယ်ခဲ့
သော်လည်း အဆက်အသွယ် ပြတ်တောက်နေသည်။
မြန်မာ အစိုးရနှင့် KIO တို့ ကချင်ပြည်နယ်အတွင်း စစ်ရေးတိုက်ခိုက်မှု ရပ်တန့်ပေးရန် KBC ထုတ်ပြန်
ဆွေးနွေးမှု အမြန်ဆုံးပြုလုပ်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ယနေ့ ထုတ်ပြန်လိုက်သည်။
တနှစ်တကြိမ် ကျင်းပပြုလုပ်သော KBC အသင်းတော်၏ သုံးရက်ကြာ အုပ်ချုပ်စီမံ အစည်းအဝေး အပြီးတွင် ယနေ့ ဗုဒ္ဓဟူးနေ့မှာ ယင်းတို့၏ သဘောထားကို နောင်နန်းကျေးရွာရှိ "ရာပြည့်တောင်" (Jaw Bum) တွင် ဆုတောင်း၍ ထို ထုတ်ပြန်အား ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
ထိုအစည်းအဝေးတွင် KBC အသင်းတော်မှ ဘာသာဝင် လေးသိန်း၏ ကိုယ်စားလှယ် ၁၆၀ ဦး တက်ရောက်ခဲ့သည်
ဟု KBC ၏ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဇွန်က ပြောသည်။
"ဒီကချင်ဒေသမှာ ဖြစ်နေတဲ့ တပ်မတော်ရဲ့ စစ်ဆင်ရေးက ကချင်လူမျိုးတွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးလို ဖြစ်နေ
တာကို ကျနော်တို့ ဆုတောင်းတဲ့ အုပ်ချုပ်စီမံ အစည်းအဝေးမှာ ကျနော်တို့ရဲ့သဘောထားကို ထုတ်ပြန်လိုက်ပါ
တယ်"ဟု သူက မဇ္စျိမကို ပြောသည်။
တရုတ်-မြန်မာနယ်စပ် လိုင်ဇာ၊ လဂျားယန်းအနီးတဝိုက် အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့
များအကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် စိုးရိမ်ခြင်းကြောင့် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု သူက ဆက် ပြောသည်။
"နိုင်ငံတော် သမ္မတ ၏ ထာဝရ ငြိမ်းချမ်ရေး လမ်းပြမြေပုံ ဖော်ဆောင်နေသည့် ကာလအတွင်း တိုင်းရင်းသား ညီအစ်ကိုများအကြား ယုံကြည်မှုနှင့် စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေသည့် ကချင်ဒေသအတွင်း စစ်ရေး တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ပေးရန်" ဟူ၍ ၄င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဓမ္မနည်းအားဖြင့် ငြိမ်းချမ်းရေး ရယူရန် ကြိုးပမ်းခြင်းသည် ရေရှည်တည်တံ့မည်ဟု မယုံကြောင်း စစ်မှန်ပြီး တရားမျှတသော ငြိမ်းချမ်းရေးရရှိနိုင်ရန် တိကျသော မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ်ကာ နိုင်ငံရေးတွေ့ဆုံ
ဆွေးနွေးခြင်း အမြန်ဆုံးပြုလုပ်ရန်တို့ အပါအဝင် စစ်ပြေးဒုက္ခသည်များအား ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီများကို အတားအဆီးမရှိ ကူညီခွင့်ပြုရန် အဆိုပါ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
ထို့ပြင် ပြည်သူများအား မတရားဖမ်းဆီးခြင်း၊ စစ်ပြေးဒုက္ခသည်စခန်းသို့ လက်နက်နှင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းနှင့် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းများ မပြုလုပ်ရန်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ သဘော
တူညီချက်များကို လေးစားလိုက်နာရန်တို့ကိုလည်း တိုက်တွန်းလိုက်သည်။
လတ်တလော ကချင်ကျေးရွာများအတွင်း အစိုးရစစ်တပ်၏ ပစ်ခတ်မှုများကြောင်း စိုးရိမ်မှုများဖြင့် ခိုလှုံနေရ
ကြောင်း ဒေါက်တာခလမ်ဆမ်ဇွန်က ပြောသည်။
ယမန်နေ့က မြစ်ကြီးနားမှ မိုင် ၃၀ ကျော်အကွာ မရန်းကျေးရွာအနီး အခြေစိုက်ထားသော အစိုးရ၏ အမြောက်တပ်
မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး တလုံး ထိုကျေးရွာထဲ ကျရောက်ခဲ့သဖြင့် ဒေသခံ လူ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။