Wednesday, January 30, 2013

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ တောင်ငူကို အေးချမ်းစွာကျြော်ဖတ်

ပြည်တွင်းငြိမ်းချမ်းရေးအတွက်လိုင်ဇာသို့လမ်းလျှောက်နေသူများအား တောင်ငူမှရဲမှူး၊ အုပ်ချုပ်ရေးမှူးတို့က တစ်စုံတစ်ရာ ဟန့်တားခြင်းမရှိပဲ စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ဆုတောင်းစာများပင် ထည့်ပေး လိုက်ကြောင်း သိရှိရသည်။

 

ယမန်နေ့က ပြည်ပမီဒီယာအချို့တွင်  တောင်ငူမြို့နယ်အုပ်ချုပ်ရေးမှူးမှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများအား ဖမ်းဆီးအရေးယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း၊  ထုတ်ပြန်သည့်နိုင်ငံတော်သမ္မ၏ စုဝေးလှည့် လည်ခွင့် တားမြစ်မိန့်အားပယ်ဖျက် ဇန်န၀ါရီလ (၂၈)ရက်နေ့ နေ့စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ ဇန်န၀ါရီလ(၂၉)ရက်နေ့ ညနေပိုင်းတွင် တောင်ငူမြို့သို့ရောက်ရှိခဲ့ကာ ၎င်းမြို့နယ်မှ အေးချမ်းစွာ ထွက်ခွာနိုင် ခြင်းဖြစ်သည်။

 

တောင်ငူမြို့ကိုဖြတ်နေစဉ်တွင် ရဲမှူး ဦးဇော်မင်း၊ အထွေထွေအုပ်ချုပ်ရေးမှုး ဦးသိန်းဇော်ဝင်းနှင့် ဥပဒေအရာ ရှိက ဒေါ်ဖြူဖြူဝင်းတို့မှ ဟန့်တားခြင်းမရှိပဲ ဖြူး၊ ပဲခူး၊အုတ်တွင်းမြို့များတွင် လက်မှတ်ထိုးခဲ့ရသည့်အတိုင်း လက်မှတ်ထိုးခိုင်းခဲ့ပြီး  အဆိုကတိ၌ တေးသီချင်းသီဆိုချင်း၊ တူရိယာတီးမှုတ်ခြင်းမပြုရဆိုသည့် အချက်များ ပါဝင်လာကြောင်း ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့မှ သိရှိရသည်။

 

"ကျွန်တော်တို့ ညှိနှိုင်းမှုက နိုင်ငံတော်သီချင်းရယ်၊ ငြိမ်းချမ်းရေးသီချင်းရယ် သီဆိုခွင့်ရတယ်။ မိုးထိမိုးမိ ကိစ္စလိုမဖြစ်ရန် အာဏာပိုင်တွေ အနေနဲ့လုံခြုံရေးကို အထူးဂရုစိုက်ပြီး ကူညီစောင့်ရှောက်ပေးမယ်လို့ ပြောပါတယ်" ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့မှ ဦးဆောင်သူ ကိုဇင်ကိုကိုက ပြောသည်။

 

သက်ဆိုင်ရာတာဝန်ရှိသူများမှ တားဆီးခြင်းမပြုပဲ စစ်ဘေးသင့်ပြည်သူများအတွက် ဆုတောင်းစာများနှင့် ၎င်းတို့အိတ်ကပ်ထဲတွင်ပါသည့် ပိုက်ဆံများအားလုံး လှူဒါန်းခဲ့ခြင်းဖြစ်သည်။  

 

"ကျေနပ်စရာကောင်းတာက ရဲမှူးရယ် မြို့နယ်အုပ်ချုပ်ရေးမှူးရယ် ဥပဒေအရာရှိရယ်က စစ်ဘေးသင့် ပြည်သူတွေအတွက် အလျှုငွေ ထည့်လိုက်ပါတယ်။"ဟု ၎င်းက ဆက်ပြောသည်။

 

အဆိုပါ လမ်းလျှောက်သူများအဖွဲ့ကို တောင်ငူမြို့မှ ပြည်သူအများစုမှ လာရောက်ကြိုဆိုခဲ့ကြောင်း ငြိမ်းချမ်း ရေးလမ်းလျှောက်သူများအဖွဲ့မှ သိရှိရသည်။        

          

ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့သည် ရန်ကုန်မြို့မှ ဇန်န၀ါရီလ(၂၁)ရက်နေ့တွင် စတင်ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင်လမ်းလျှောက်သူ (၄၀)ဦးခန့်ရှိပြီဖြစ်သည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။