Wednesday, January 30, 2013

ငြိမ်းချမ်းရေး လူငယ်အဖွဲ့ နှင့်အတူ လမ်းလျှောက်သူ ပြင်သစ် နိုင်ငံသားကို မြန်မာနိုင်ငံမှ ပြန် ထွက်ခွာရန် ညွှန်ကြား

တောင်ငူ၊ ဇန်နဝါရီ ၃၀

ရန်ကုန် မှ ကချင်ပြည်နယ် လိုင်ဇာသို့ လမ်းလျှောက်သည့် ငြိမ်းချမ်းရေး လူငယ် အဖွဲ့တွင် လိုက်ပါ လာသော ပြင်သစ် နိုင်ငံသား ကို တောင်ငူ မြို့နယ် လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန က ဇန်နဝါရီလ ၃၀ ရက်နေ့ တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာရန် ညွှန်ကြား ခဲ့ကြောင်း ယင်း ဌာနမှ ဦးစီးအရာရှိ ဦးဆန်းဝင်း က ပြောကြားသည်။



အဆိုပါ ပြင်သစ် နိုင်ငံသားမှာ Christopha de .de Chass ဆိုသူ ဖြစ်ပြီး မြန်မာနိုင်ငံသို့ အလည်အပတ် ဗီဇာဖြင့် ဝင်ရောက်လာကာ ဇန်နဝါရီလ ၂၉ရက် နေ့တွင် ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်သူ အဖွဲ့နှင့် အတူ ဒိုက်ဦးမြို့မှ တောင်ငူ မြို့နယ် အထိ လိုက်ပါလာသူ ဖြစ်ကြောင်း ယင်းဌာန ထံမှ သိရသည်။
"အရေးယူ မှာတော့ မဟုတ်ပါဘူး၊ သက်ဆိုင်ရာ နိုင်ငံကို ပြန်ပို့ မှာပါ" ဟု ၄င်းက ရှင်းပြသည်။

အဆိုပါ ပြင်သစ် နိုင်ငံသားကို လုံခြုံရေး အခြေအနေ အရ ယင်းအဖွဲ့ နောက်သို့ လိုက်ပါခြင်း မပြုရန် တောင်ငူ မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူ များ၏ တားမြစ်ချက် ကို မလိုက်နာ သောကြောင့် ဇန်နဝါရီလ ၃၀ ရက်နေ့ တွင် တောင်ငူမြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီ ဌာနက ခေါ်ယူ သတိပေးကာ နေ့ချင်းပင် ရန်ကုန်မြို့သို့  ပို့ ဆောင် ခဲ့ကြောင်း ဦးစီးအရာရှိ ဦးဆန်းဝင်း က ပြောကြားသည်။

ငြိမ်းချမ်းရေး အတွက် လမ်းလျှောက် လူငယ်များ အဖွဲ့သည် ဇန်နဝါရီ ၂၁ရက် နေ့တွင် ရန်ကုန်မှ စတင် ထွက်ခွာလာပြီး တောင်ငူ အရောက်တွင် လူအင်အား ငါးဆယ်ခန့် ရှိလာပြီ ဖြစ်ကြောင်း ယင်း လမ်းလျှောက်သူများ ထံမှ သိရသည်။

The Voice Weekly


ငြိမ်းချမ်းရေး အတွက် ကချင်ပြည်နယ် လိုင်ဇာသို့လမ်းလျှောက်သူများ အဖွဲ့နှင့် အတူ လိုက်ပါ သတင်းရယူလျက် ရှိသည့် ပြင်သစ် နိုင်ငံသား တစ်ဦးသည် တောင်ငူတွင် ဖမ်းဆီးခံရပြီး ပြည်နှင်ဒဏ် ပေးခံခဲ့ရရသည်ဟု The Voice Weekly သတင်းထောက်က သတင်း ပေးပို့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။