Wednesday, January 30, 2013

အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ မရုပ်သိမ်းဖို့ နည်းပညာ ဒုဝန်ကြီးအဆိုတင်



2013-01-30
အရင်စစ်အစိုးရ လက်ထက်က နိုင်ငံရေးသမားတွေနဲ့ အိုင်တီပညာရှင်တွေကို ဖမ်းဆီးရာမှာ ပြစ်ဒဏ် ပေးလေ့ရှိတဲ့ ၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းပေးဖို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မနေ့က လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ရာမှာ ဒီကနေ့မှာတော့ အဲဒီ ဥပဒေကို မရုပ်သိမ်းသင့်သေးဘူးလို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက အဆိုတင်သွင်းခဲ့ပါတယ်။

ဆက်သွယ်ရေးနဲ့ နည်းပညာ ဒုတိယဝန်ကြီး ဦးသောင်းတင်က အီလက်ထရောနစ်လုပ်ငန်း ဆိုင်ရာ ဥပဒေ Electric Commerce ဥပဒေ အသစ်ထွက်ရှိပြီးမှသာ အရင်ပြဌာန်းထားတဲ့ ဥပဒေကို ရုပ်သိမ်းသင့်ကြောင်း ပြောခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိ ဥပဒေမှာပါတဲ့ အခန်း (၁၂) ၊ပြစ်မှုနဲ့ ပြစ်ဒဏ်များကို ပြင်ဆင်သွားမယ်လို့ ဒုဝန်ကြီးက ပြောတဲ့အတွက် မိမိအနေနဲ့ ကြိုဆိုကြောင်း အီလက်ထရောနစ် ဥပဒေကို ရုပ်သိမ်းပေးဖို့ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။
လက်ရှိတည်ဆဲ ဖြစ်တဲ့ အီလက်ထရောနစ် ဥပဒေကို ၂၀၀၄ ခုနှစ် ၊ ဧပြီလ (၃၀) ရက်နေ့က ဥပဒေအမှတ် (၅/၂၀၀၄) အဖြစ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီ ဥပဒေနဲ့ နိုင်ငံရေးသမားတွေနဲ့ အတိုက်အခံလှုပ်ရှားသူတွေကို စစ်အစိုးရလက်ထက် ဖမ်းဆီးအရေးယူပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။