Thursday, June 28, 2012
“ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှု နှစ်ခုစလုံး အရေးကြီးတယ်”
မြန်မာနိုင်ငံ အသွင်ကူးပြောင်းနေဆဲ ကာလမှာ ဒီမိုကရေစီနဲ့ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု နှစ်ခုစလုံးဟာ တချိန်တည်း တပြိုင်တည်း အရေးကြီးကြောင်း
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်သမ္မတ Francois
Hollande နဲ့ တွေ့ဆုံအပြီး မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆို
လိုက်ပါတယ်။
“ရခိုင်ပြည်နယ် တည်ငြိမ်ဖို့ နောက်ကွယ် ပယောဂ ရှာဖို့လိုတယ်”

အကြမ်းဖက်တိုက်ခိုက်မှုများ ကျယ်ပြန့်လာသဖြင့် ရပ်ရွာကို အကာအကွယ်ပေးရန် ရှိရာ တုတ်၊ ဓား ဆွဲ၍ထွက်လာကြသူများ (ဓာတ်ပုံ- Reuters)
စစ်တွေရှိ ဘင်္ဂါလီ ဈေးဆိုင်များ ရွှေ့ပြောင်း

မီးလောင်
ပျက်စီးသွားသည့် စစ်တွေမြို့ နာဇီဈေးအား ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းက
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC) နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊
တပ်မတော်သား များ၊ ရဲ တပ်ဖွဲ့ဝင်များ အပါအ၀င် လုပ်အားပေး ၁၅၀ ၀န်းကျင်က
ရှင်းလင်းရေး ပြုလုပ်နေစဉ်(ဓာတ်ပုံ – CJ Myanmar)
ဒေါက်တာ စင်သီယာမောင်ကို ဦးသိန်းစိန် အစိုးရ ကျေးဇူးတင်

ယမန်နေ့က
မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းနှင့် ဒေါက်တာ
စင်ယာသီယာမောင်တို့ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ –
ဝေမိုး / ဧရာဝတီ)
ကိုယ်ဝန်ရှိ အလုပ်သမများကို ပြန်ပို့မည့် ထိုင်းအစိုးရ ဝေဖန်ခံနေရ
ထိုင်းနိုင်ငံတွင်း အလုပ် လုပ်နေသော ရွှေ့ပြောင်း အလုပ်သမ များတွင်
ကိုယ်ဝန်ရှိနေပါက မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည်ဟု စီစဉ်နေခြင်းသည်
လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ကြောင်း အလုပ် သမား အရေး ဆောင်ရွက်
နေသူများက ဝေဖန်နေကြသည်။
ဘိန်းစိုက်ပျိုးမှုမြင့်တက်လာရခြင်းမှာ ဒေသတွင်းစစ်ပွဲများကြောင့်ဟု ဦးခွန်ဆိုင် သုံးသပ်
ရှမ်းပြည်နယ်တွင်း
စစ်ပွဲများဖြစ်ပွားနေခြင်းကြောင့်ဒေသခံပြည်သူများ စီးပွားရေးကျပ်တည်းကာ
ကာလတိုနှင့် လအနည်းငယ်အတွင်း အလွယ်တကူ ငွေရရှိသည့်ဘိန်းစိုက်ပျိုးမှုများ
လုပ်ကိုင်လာ ခြင်းဖြစ်ကြောင်း ဦးခွန်ဆိုင်က ဆိုလိုခြင်းဖြစ်သည်။
ဆိုင်ကယ်တက္ကစီးများအား ခွင့်ပြုသင့်ကြောင်း ဒေသခံများပြောဆို
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်ရှိ
ဆင်ခြေဖုံးရပ်ကွက်များတွင် ဆိုင်ကယ်မစီးရဟု တားမြစ်ချက် ရှိနေသော်လည်း
သွားရေးလာရေးလွယ်ကူစေရန် ဆိုင်ကယ်တက္ကစီများအား အားထားနေရဆဲဖြစ်ကြောင်း
ဆင်ခြေဖုံးရပ်ကွက်နေပြည်သူများထံက သိရှိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရေဘေးသင့်ဒုက္ခသည်များပါ ထပ်တိုးလာ
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများဖြစ်သော
ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များ၌ ရေကြီးရေလျှံမှု
များဖြစ်ပေါ်ခဲ့သောကြောင့်  ဒုက္ခသည်ဦးရေ ပိုမိုများပြားလာ ကြောင်းသိရသည်။
ဧရာဝတီမြစ်ရေ ကျသော်လည်း နေရပ်ပြန်နေထိုင်၍ မရသေး
ကချင်ပြည်နယ်
မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေမှာ ယနေ့စတင်လျှော့ကျနေသော်လည်း
မြစ်ကမ်းတစ်လျှောက်ရှိ ဒေသခံများမှာ မိမိတို့ နေအိမ်တွင် နေထိုင်၍မရသေးဘဲ
ရေဘေးကင်းရာ နေရာများသို့ ရွေ့ပြောင်းနေထိုင်နေရကြောင်း သိရှိရသည်။
ပျောက်သွားသော စည်ပင်သာယာပိုင် အမှိုက်ပုံး ရွှေတောင်ကြားတွင် ပြန်လည်တွေ့ရှိ
ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊အ.ထ.က(၂)ဗဟန်းကျောင်းရှေ့တွင်ထားရှိရင်း
ပျောက်ဆုံးသွားသော အဖိုးတန်အမှိုက်ပုံးအသစ်တစ်လုံးအား
ရွှေတောင်ကြားလမ်း(၁)ရပ်ကွက်တွင် ဇွန်လ (၂၅)ရက်နေ့က
ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရှိရသည်။
ဒေါနတောင်ကျရေ အရှိန်ကြောင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာပြီး လှိုင်းဘွဲ-ဘားအံ ချိတ်ဆက် ဘေလီသံပေါင်တံတား နစ်မြုပ်ခဲ့ရာ ကုန်စည်စီဆင်းမှု ယာယီပြတ်တောက်မှု ဖြစ်ပေါ်

ဘေလီသံပေါင်တံတား ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေလျှံတက်ကာ မြို့နယ်အချို့သို့ ရေ၀င်ရောက်၊ ပုဏ္ဏားကျွန်းမြို့နယ်သို့လည်း လေဆင်နှာမောင်း ၀င်ရောက်တိုက်ခိုက်ခဲ့
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့်
မြစ်ရေလျှံတက်လာပြီး ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်မြို့နယ်များရှိ
ရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာခဲ့၍ ဇွန်လ ၂၇ ရက်နေ့ နံနက် ၃
နာရီမှစ၍ ရေမြုပ်ရပ်ကွက်များရှိ ဒေသခံများ ရေလွတ်ရာနေရာသို့
ပြောင်းရွှေ့နေရကြောင်း သိရသည်။
ဘူးသီးတောင်မြို့ရှိ မြို့မဈေးကို ယာယီပိတ်ထားရပြီး ဘူးသီးတောင်ဆေးရုံရှိ လူနာများအား အ.လ.က... (၁)ကျောင်းသို့ ပြောင်းရွှေ့နေရာချထားရကြောင်း၊ အဆိုပါကျောင်းတွင် ရေဘေးသင့် အိမ်ထောင်စု ၄၀ ကျော် လူဦးရေ ၁၀၀ ကျော် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့ရှိ မြို့မဈေးကို ယာယီပိတ်ထားရပြီး ဘူးသီးတောင်ဆေးရုံရှိ လူနာများအား အ.လ.က... (၁)ကျောင်းသို့ ပြောင်းရွှေ့နေရာချထားရကြောင်း၊ အဆိုပါကျောင်းတွင် ရေဘေးသင့် အိမ်ထောင်စု ၄၀ ကျော် လူဦးရေ ၁၀၀ ကျော် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကို တိုင်းရင်းသား ညီနောင်ပါတီ ခြောက်ခုဖြင့် ဖွဲ့စည်း
ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ(Peace Process Committee)ကို
တိုင်းရင်းသားညီနောင်ပါတီ ခြောက်ခုက ဇွန်လ ၁၅ရက်နေ့နှင့် ၁၆ ရက်နေ့တွင်
ပြုလုပ်ခဲ့သော ညီနောင်ခြောက်ပါတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်
ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
မှတ်ပုံတင် သက်တမ်းကုန်ဆုံးချိန်တွင် ထပ်မံ သက်တမ်းတိုးမြှင့်ခြင်း မရှိသည့် ကုမ္ပဏီ ၁၇၀၀ကျော်ကို ဖျက်သိမ်းသွားမည်
မှတ်ပုံတင် သက်တမ်းကုန်ဆုံးချိန်တွင်
ထပ်မံသက်တမ်းတိုးမြှင့်ခြင်းမရှိသည့် ကုမ္ပဏီ ၁၇၀၀ကျော်ကို
ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းကို အားပေး ထောက်ခံသွားမည်ဟု ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ် ပြောကြား

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်တို့
ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Elysee နန်းတော်၌ ဇွန်လ ၂၆ ရက်နေ့က ပူးတွဲ
သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-အေအက်ဖ်ပီ)
ကချင် စစ်ဘေးရှောင်များကို တရုတ်ကူညီပေးနေဟုဆို
ရန်ကုန် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် တရုတ်ပြည်သို့ ထွက်ပြေးခိုလှုံလာသည့်
မြန်မာနိုင်ငံသားများကို အကူအညီများပေးနေပြီး မြန်မာနိုင်ငံဘက်သို့ အဓမ္မပြန်လွှတ်ခြင်းမရှိဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံသားများကို အကူအညီများပေးနေပြီး မြန်မာနိုင်ငံဘက်သို့ အဓမ္မပြန်လွှတ်ခြင်းမရှိဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ပြောဆိုလိုက်သည်။
NLD လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ပြန်ရောက်မှ ဖွဲ့စည်းမည်
ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် လွှတ်တော်နှင့် ပတ်သက်သော အရေးကိစ္စများ
ဆွေးနွေးညှိနှိုင်းရန်အတွက် ကော်မတီကို ဥရောပနိုင်ငံများသို့ ခရီးလှည့်လည်နေသော
ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်မှ ဖွဲ့စည်းမှာ ဖြစ်ကြောင်း အဖွဲ့ချုပ်အတွင်းရေးမှူး ဦးဉာဏ်ဝင်း က ပြော
သည်။
ဆွေးနွေးညှိနှိုင်းရန်အတွက် ကော်မတီကို ဥရောပနိုင်ငံများသို့ ခရီးလှည့်လည်နေသော
ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်မှ ဖွဲ့စည်းမှာ ဖြစ်ကြောင်း အဖွဲ့ချုပ်အတွင်းရေးမှူး ဦးဉာဏ်ဝင်း က ပြော
သည်။
အစိုးရငြိမ်းအဖွဲ့ PNLO နှင့် အပစ်ရပ်မည်၊ မယ်တော်ဆေးခန်း ကူညီမည်
ချင်းမိုင်(မဇ္စျိမ) ။ ။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တွေ့ဆုံမှုများကို ဆက်လက်ပြုလုပ်နေရာ
ဇွန်လ ၂၇ ရက်နေ့တွင် မဲဆောက်မြို့ရှိ မယ်တော်ဆးခန်းသို့ ဒုတိယအကြိမ်
သွားရောက်ပြီး အလှူငွေများ ပေးအပ်ကာ ဘန်ကောက်မြို့တွင်လည်း ပအိုဝ်းအမျိုးသား
လွတ်မြောက်ရေးအဖွဲ့ PNLO တွေ့ဆုံဆွေးနွေးခဲ့သည်။
NLD ကူခဲ့သူ သားအဖ နှစ်ဦး ၅ (ဃ)ဖြင့် တရားစွဲခံနေရ
နယူးဒေလီ (မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် NLD အောင်နိုင်ရေးအတွက် အကူအညီပေးခဲ့သူ ဒက္ခိဏသီရိမြို့နယ်မှ
သားအဖ နှစ်ဦးအား “ရပ်ရွာထိတ်လန့်၊ ခြောက်ခြားရန် လုပ်ဆောင်သည်” ဟု ဆိုကာ
အရေးပေါ်စီမံချက် ဥပဒေ ပုဒ်မ ၅(ဃ) ဖြင့် တရားစွဲဆိုထားသည်။
လူကုန်ကူးခံရသူ၏ လေးပုံတပုံနီးပါးသည် ကလေးသူငယ်များဖြစ်ကြ
ရန်ကုန် (မဇ္ဈိမ) ။ ။၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်
လူကုန်ကူးခံရသူများ၏ လေးပုံတစ်ပုံနီးပါး (၂၃ ရာခိုင်နှုန်း) သည်
ကလေးသူငယ်များဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏
နှစ်ပတ်လည် အစီရင်ခံစာက ဆိုသည်။
ကော့သောင်း ဥယျာဉ်ခြံမြေ ဧက ၄၀ ကျော် တပ်နယ်မြေ သိမ်းပိုက်ခံရ
စံခလပူရီ (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ မြောက်ဘက်
တပ်နှင့် အလှမ်းကွာဝေးသည့် ရွှေပြည်သာ ရပ်ကွက်ရှိ ဥယျာဉ်ခြံမြေ ဧက ၄၀
ကျော်ကို တပ်မြေအဖြစ် သိမ်းယူရန် စစ်တပ်မှ အုတ်တိုင်များ လာရောက်
စိုက်ထူထားကြောင်း ခြံရှင်များက ပြောသည်။
လမ်းပြကြယ် ၇၀,၀၀၀ ကျော် NDF ဝင်ကြမည်ဟုဆို
စံခလပူရီ (မဇ္ဈိမ) ။ ။ ဦးအေးမြင့် ဦးဆောင်သည့် လမ်းပြကြယ်
အဖွဲ့ဝင် ၇၂,၀၀၀ သည် မကြာမီ ရက်ပိုင်းအတွင်း အမျိုးသား ဒီမိုကရေစီ အင်အားစု
NDF ပါတီသို့ ဝင်ရောက်ကြမည် ဖြစ်ပြီး တရားဝင် ပါတီဝင်
လျှောက်လွှာပေးအပ်ပွဲ ကို ရန်ကုန်မြို့ရှိ City Star ဟိုတယ်၌ ဇွန်လ ၂၉
ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောသည်။
ရခိုင်နှင့် ဘင်္ဂါလီများကို သီးခြားစီ နေရာချပေးရန် RNDP လိုလား
ချင်းမိုင်(မဇ္စျိမ) ။ ။ ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့်
‘အဓိကရုဏ်း’ မျိုး ထပ်မံ မဖြစ်ပွားရန်နှင့် ပြည်သူ များ
လုံခြုံမှုရှိစေရန်အတွက် ဘင်္ဂါလီ လူမျိုးများအား သီးခြားနေရာချထားပေးရန်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က ဇွန်လ ၂၆ ရက်စွဲဖြင့်
ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့လက်ခံရယူ
ဒေါ်အောင်ဆန်းစုကြည် ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့လက်ခံရယူ
2012-06-27
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၄ ခုနှစ်မှာ သူ့ကို ချီးမြှင့်ထားတဲ့ ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့ကို ဒီကနေ့မှာပဲ လက်ခံရယူ လိုက်ပါတယ်။
AFP
ကလေးစစ်သား ပပျောက်ရေး မြန်မာ ကုလ သဘောတူလက်မှတ်ရေးထိုး
ကလေးစစ်သား ပပျောက်ရေး မြန်မာ ကုလ သဘောတူလက်မှတ်ရေးထိုး
2012-06-27
မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးအဖြစ် ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး သဘောတူ လက်မှတ်ရေးထိုး လိုက်တယ်လို့ သတင်းရရှိပါတယ်။
ကလေးသူငယ်တွေကို မြန်မာ့တပ်မတော်မှာ စစ်မှုထမ်းခြင်းမှ ကာကွယ်ဖို့နဲ့
အသက်မပြည့်သေးတဲ့ တပ်သားသစ်တွေကို လွတ်မြောက်ခွင့်ပြုဖို့ လုပ်ငန်း
အစီအစဉ်တရပ်ကို လက်မှတ်ရေးထိုးကြတာလို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ
ဖော်ပြထားပါတယ်။
NLD ဦးဥာဏ်ဝင်းအပေါ် ကော်မရှင်တရားစွဲဆိုမှု သက်သေ ၂၀ ခန့်ထွက်ဆိုမည်
NLD ဦးဥာဏ်ဝင်းအပေါ် ကော်မရှင်တရားစွဲဆိုမှု သက်သေ ၂၀ ခန့်ထွက်ဆိုမည်
2012-06-27
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က NLD အတွင်းရေးမှူး
ဦးဥာဏ်ဝင်းကို သတင်းမှားထုတ်ပြန်မှုနဲ့ တရားစွဲထားတဲ့ကိစ္စ ကို
နေပြည်တော်မှာ မနေ့က သက်သေတစ်ဦး စစ်ဆေးခဲ့ပါတယ်။
ဒီအမှုမှာ နှစ်ဘက်သက်သေ အယောက် ၂၀ လောက် စစ်ဆေးမှာဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။
မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ မယ်တော်ဆေးခန်း လေ့လာ
မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ မယ်တော်ဆေးခန်း လေ့လာ
2012-06-27
မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မယ်တော်ဆေးခန်းကို ဒီကနေ့ မနက် (၆) နာရီကျော်က သွားရောက်ပြီး ဒေါက်တာစင်သီယာမောင် နဲ့ တွေ့ဆုံကာ ဆေးခန်းက လူနာတွေကို လိုက်လံကြည့်ရှုပြီး အကူငွေ ပေးအပ်ခဲ့ပါတယ်။
RFA
အစိုးရသတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေး နေပြည်တော်မှာဆွေးနွေး
အစိုးရသတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေး နေပြည်တော်မှာဆွေးနွေး
2012-06-27
ပျဉ်းမနားနေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ နိုင်ငံပိုင် သတင်းစာများ ရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ ပြုပြင်ပြောင်းလဲရေး စာတမ်းဖတ် ပွဲမှာ သတင်းအရ တန်ဖိုးရှိတဲ့ သတင်းတွေ အလေးပေးဖော်ပြဖို့ တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ ကိုယ်တိုင် စာတမ်းတင်သွင်း ခဲ့တဲ့ ပေါ်ပြူလာမြန်မာ သတင်းဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ဟိန်းလတ်က RFA ကိုပြောပါတယ်။
Photo: ministry of information.gov.mm
အညတြ သူရဲကောင်းဆုရ နိုင်ငံရေးအကျဉ်းသား ရခိုင်ဒုက္ခသည်တွေအတွက် ငွေလှူ
အညတြ သူရဲကောင်းဆုရ နိုင်ငံရေးအကျဉ်းသား ရခိုင်ဒုက္ခသည်တွေအတွက် ငွေလှူ
2012-06-27
သာယာဝတီထောင်မှာ နှစ်ရှည်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုလက်ျာထွန်းက သူ့ကို ဂျပန်နိုင်ငံရောက် မြန်မာတွေချီးမြှင့်ထားတဲ့ အညတြသူရဲကောင်းဆု ချီးမြှင့်ငွေထဲက ကျပ်ငွေ (၄) သိန်းကို ရခိုင်ပြည်နယ်က ဘေးဒုက္ခကြုံတွေ့နေကြရသူတွေအတွက် ပြန်လည် လှူဒါန်းလိုက်ပါတယ်။
RFA
ကချင်ဒုက္ခသည်တွေအတွက် အရေးပေါ်ဆေးဝါးများလိုအပ်နေ
ကချင်ဒုက္ခသည်တွေအတွက် အရေးပေါ်ဆေးဝါးများလိုအပ်နေ
2012-06-27
အခုရက်ပိုင်းအတွင်း မိုးသည်းထန်နေတာကြောင့် တရုတ်-မြန်မာနယ်စပ် ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေမှာ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါ၊ အဆုတ် အအေးမိ ရောဂါတွေ အဖြစ်များလာနေပြီး အရေးပေါ်ဆေးဝါးနဲ့ အာဟာရတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
AFP
Subscribe to:
Posts (Atom)