Thursday, June 28, 2012

 မှတ်ပုံတင် သက်တမ်းကုန်ဆုံးချိန်တွင် ထပ်မံ သက်တမ်းတိုးမြှင့်ခြင်း မရှိသည့် ကုမ္ပဏီ ၁၇၀၀ကျော်ကို ဖျက်သိမ်းသွားမည်

မှတ်ပုံတင် သက်တမ်းကုန်ဆုံးချိန်တွင် ထပ်မံသက်တမ်းတိုးမြှင့်ခြင်းမရှိသည့် ကုမ္ပဏီ ၁၇၀၀ကျော်ကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ၂၀၀၂- ၂၀၀၃ ခုနှစ်မှစတင်ကာ သက်တမ်းကုန်ဆုံးနေကြသည့် ကုမ္ပဏီများကို ပြန်လည်သက်တမ်းတိုးရန် အကြောင်းကြားစာများ ပို့ထားသော်လည်း အကြောင်းပြန်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ဖျက်သိမ်းရန် စီစဉ်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။
ကုမ္ပဏီများ၏ မှတ်ပုံတင်သက်တမ်းမှာ ၃နှစ်ဖြစ်ပြီး ကုမ္ပဏီ မှတ်ပုံတင်သက်တမ်းတိုးမှု လုပ်ငန်းစဉ်များကို ရန်ကုန်မြို့တွင် ဇွန်လ ၂၅ ရက်နေ့က ဖွင့်လှစ်သည့် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံးခွဲတွင် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ ဖျက်သိမ်းရန် စီစဉ်ရသည့် ကုမ္ပဏီများထဲတွင် ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီများ၊ သွင်းကုန်ထုတ် ကုန်ကုမ္ပဏီများနှင့် ကျောက်မျက်ရတနာ ကုမ္ပဏီများစသည့် ကုမ္ပဏီများပါဝင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။