အခမဲ့ စာသင်ကြမယ်
ရန်ကုန်တိုင်း လှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဖွင့်လှစ်ထားတဲ့ အခမဲ့ ပညာဒါနကျောင်းမှာ တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊
ကျောင်းသားတွေကို သင်ခန်းစာတွေ သင်ကြား ပို့ချနေပြီ ဖြစ်ပါတယ်။
ဒီကျောင်သူ၊ ကျောင်းသားတွေ ရေရှည် ပညာ သင်ကြားခွင့် ရရှိဖို့
အတွက် အဖွဲ့ချုပ်က ထုတ်ဝေတဲ့ ကုန်ပစ္စည်းတွေကို အဖွဲ့ချုပ် အဖွဲ့ဝင်တွေက ရန်ပုံငွေအနေနဲ့ ရောင်းချပြီး ထောက်ပံ့ ကူညီနေကြသလို
ဒေသခံ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တွေကလည်း ရန်ပုံငွေအဖြစ် ထည့်ဝင်ပြီး ကလေးတွေရဲ့ပညာရေး အတွက် ကူညီ ပေးနေကြတယ်လို့
သိရပါတယ်။ ကျောင်းသားဦးရေ များလာတာနဲ့ အမျှ section (A) နဲ့ section (B) ခွဲပြီး သင်ကြား ပေးနေရတာပါ။ ဒါ့ အပြင် စနေ တနင်္ဂနွေ
စတဲ့ နေ့တွေမှာလည်း အင်္ဂလိပ်စာ သီးသန့်ကို မနက် ၈ နာရီ ကနေ ၉း၃၀ နာရီ အထိ သင်ကြား ပို့ချနေတာလည်း ဖြစ်ပါတယ်။ အလားတူပဲ
ဇွန်လ ၁၉ ရက်နေ့ကလည်း ဒလမြို့နယ် အဖွဲ့ချုပ် အဖွဲ့ဝင်တွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲနဲ့ အတူ အမေ့ အားမာန်
အင်္ဂလိပ်စာ စကားပြော သင်တန်းကိုပါ တပါတည်း ဖွင့်လှစ် ခဲ့ပါတယ်။ သင်တန်း စတင် ဖွင့်လှစ်တဲ့နေ့မှာပဲ အင်္ဂလိပ်စာ ဆရာကြီး ဦးမြကြိုင်
က စာဖက်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ကျောင်းသား ကလေးငယ်တွေကို ဟောပြော ပို့ချသွား ခဲ့ပါတယ်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။