
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်တို့
ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Elysee နန်းတော်၌ ဇွန်လ ၂၆ ရက်နေ့က ပူးတွဲ
သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-အေအက်ဖ်ပီ)
၎င်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြင်သစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းတွင် ပါဝင်သူအားလုံးအား အားပေးထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါအကူးအပြောင်းလုပ်ငန်း စဉ်ပန်းတိုင်သို့ ရောက်ရှိရန် ဥရောပသမဂ္ဂနှင့်အတူ တတ်နိုင်သမျှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြင်သစ် သမ္မတ ဖရန်ဆွာအော်လွန်ဒ်က ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် ပြင်သစ်နိုင်ငံသို့ လာရောက်လည်ပတ်လိုပါက လည်ပတ်နိုင်ပြီး အိမ်ရှင်အဖြစ် လက်ခံကြိုဆိုသွားရန် အဆင်သင့်ရှိနေပါကြောင်းလည်း ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်က ပြောကြားခဲ့သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဥရောပခရီးစဉ်အတွင်း နောက်ဆုံးနိုင်ငံအဖြစ် ပြင်သစ်နိုင်ငံသို့ လက်ရှိ၌ ရောက်ရှိနေခြင်းဖြစ်သည်။
ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မိမိတို့အနေဖြင့် ဒီမိုကရေစီ သာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလည်း လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုသည် ဒီမိုကရေစီအတွက် အစားထိုးသည့် အရာတစ်ခုမဟုတ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ်များ အားကောင်းလာစေရန် အသုံးပြုရမည်ဖြစ်ကြောင်း လန်ဒန်မြို့၌ ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်တို့သည် ဇွန်လ ၂၆ ရက်နေ့က ပူးတွဲသတင်းစာရှင်းလင်းပွဲ မပြုလုပ်မီ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Elysee နန်းတော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်က Elysee နန်းတော်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ဇွန်လ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ၂၀၀၄ ခုနှစ်တွင် ချီးမြှင့်ခံခဲ့ရသည့် ဂုဏ်ထူးဆောင် Honorary Citizen of Paris ဆုကိုလည်း လက်ခံရယူမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြင်သစ်နိုင်ငံ ခရီးစဉ်အတွင်း ပြင်သစ်ရောက် မြန်မာအသိုင်းအ၀ိုင်းနှင့်လည်း တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၉ ရက်နေ့တွင် ပြင်သစ်နိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကာ မြန်မာနိုင်ငံသို့ ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
Ref: News Agencies
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။