Thursday, June 28, 2012

ဘိန်းစိုက်ပျိုးမှုမြင့်တက်လာရခြင်းမှာ ဒေသတွင်းစစ်ပွဲများကြောင့်ဟု ဦးခွန်ဆိုင် သုံးသပ်

ရှမ်းပြည်နယ်တွင်း စစ်ပွဲများဖြစ်ပွားနေခြင်းကြောင့်ဒေသခံပြည်သူများ စီးပွားရေးကျပ်တည်းကာ ကာလတိုနှင့် လအနည်းငယ်အတွင်း အလွယ်တကူ ငွေရရှိသည့်ဘိန်းစိုက်ပျိုးမှုများ လုပ်ကိုင်လာ ခြင်းဖြစ်ကြောင်း ဦးခွန်ဆိုင်က ဆိုလိုခြင်းဖြစ်သည်။
  
“ပြီးခဲ့တဲ့နှစ်မှာ ပိုပြီးတော့မှ တိုးပြီးတော့မှ ထွက်လာတယ်ဆိုတာတွေ့ရတယ်၊ ယာဘ တို့ ATS
တို့ကလည်း အခု ပြီးခဲ့တဲ့ နှစ်တွေမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာတယ်၊ ဒီလိုမျိုး နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာတဲ့ အခါကြတော့ ပိုမိုထုတ်လုပ်မှုကပိုများလာတယ်” ဟု ဦးခွန်ဆိုင်က ပြောသည်။

 
 ယာဘ စိတ်ကြွဆေးပြားများအား ထိုင်းနိုင်ငံ ရင်းနှီးမြုပ်နှံသူများက ထိုင်းမြန်မာနယ်စပ်ရှိ ပြည်သူ့ စစ်အဖွဲ့ထိန်းချူပ်နယ်မြေများတွင် ထုတ်လုပ်နေခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ယာဘစိတ်ကြွဆေးပြားတစ်လုံးလျှုင် ကျပ် ၁၂၀၀ ဖြင့် ၀ယ်ယူသုံးစွဲနိုင်ပြီး ယာဘဆေးပြားများ ပိုမိုထုတ်လုပ်လာသည့် အခြေအနေတွေကြောင့် နမ့်ခမ်းမြို့နယ်ထဲက
မိန်းဝင်းကျေးရွာအုပ်စုမှာ လွန်ခဲ့သည့် လအတွင်းမှာပင် ကျပ် ၅၀၀လောက်ဖြင့် အလွယ်တကူ ၀ယ်ယူသုံးစွဲလာသည့် အခြေအနေထိ ဖြစ်လာကြောင်း ထောက်ပြခဲ့ကြသည်။

ဦးခွန်ဆိုင်သည် ရှမ်းပြည်နယ်အတွင်းက မူးယစ်ဆေးဝါးအရေးကို နှစ်ပေါင်း (၃၀)ကျော်လေ့လာ မှတ်တမ်းပြုစုခဲ့သူ တစ်ဦးဖြစ်ပြီး နှစ်စဉ် စစ်တမ်းကောက်ယူ၍အစီရင်ခံစာထုတ်ပြန်ခဲ့သူဖြစ်သည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် ၂၀၁၁ခုနှစ်၏ ရှမ်းပြည်နယ်ဘိန်းစိုက်ပျိုးသည့် စစ်တမ်းအစီရင်ခံ စာများလည်း ထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့မှ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်သျှမ်းပြည်နယ်အတွင်းစစ်တမ်းကောက် ချက်အရအစိုးရ၏ (၁၅)နှစ် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးစီမံကိန်းသည် အောင်မြင်မှုမရှိကြောင်း ကိုလည်း အစီရင်ခံစာတွင် ဖော်ပြရေးသားထားသည်။

လက်ရှိအစိုးရသစ်အနေနှင့်လည်း ဘိန်းစိုက်ပျိုးမှုတွေ လုံးဝပပျောက်စေရန် လက်နက်ကိုင်တစ်ဖက် နှင့်တစ်ဖက်ရန်သူလို သဘောမထားကြပဲ နိုင်ငံရေးဖြေရှင်းမှုများအမြန်းဆုံးလုပ်ဆောင်၍ မူးယစ်ဆေး ၀ါးပပျောက်ရေးအား ပထမ ဦးစားပေးအနေဖြင့် လုပ်ဆောင်သင့်ကြောင်းကိုလည်း ဦးခွန်ဆိုင်းက ပြောသည်။

“ဇစ်မြစ်ကို သွားရှာလိုက်လို့ရှိရင် နိုင်ငံရေးကိုပဲ ကျွန်တော်တို့ တွေ့ရမှာပေါ့နော်။ ကျွန်တော်တို့ တိုင်းပြည်မှာကြတော့ အမြင်မတူရင် ရန်သူဆိုတဲ့အမြင်က ရှိနေတဲ့အခါကြတော့ အဲ့ဒီအမြင်နဲ့ သူတို့ရဲ့ နိုင်ငံရေးရန်သူတွေကို သူတို့တိုက်ဖျက်ဖို့ ဒါကို ပိုပြီးတော့ အလေးထားလာတယ်၊ဒီလိုမျိုး အလေးထားလာတဲ့အခါကြတော့ မူးယစ်ဆေးဝါးက သူတို့ကအရင်ဦးစားပေးပြသာနာ မဟုတ်တော့ဘူး တတိယ စတ္တုထ ဦးစားပေးလောက်ပဲဖြစ်နေတယ်၊ အဲ့ဒါကြောင့်မိုလို့ အခုထိ မဖြေရှင်းနိုင်ဘူးဖြစ်တယ်”ဟု ဦးခွန်ဆိုင်းက လက်ရှိအစိုးရသစ်အနေနှင့်လည်း ဘိန်းစိုက်ပျိုးမှု ပပျောက်ရန် နိုင်ငံရေးဖြေရှင်းမှုများအမြန်ဆုံးလုပ်ဆောင်ကာ ပထမ ဦးစားပေးအနေဖြင့်ဖြေရှင်း သင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။