Thursday, June 28, 2012

ပဲခူးတိုင်းမှတောင်သူများ မိုးစပါးစိုက်ပျိုးနိုင်ရေး မနည်းရုန်းကန်နေရ

 










ပဲခူးတိုင်းဒေသကြီးတွင် ရာသီပေါ်သီးနှံဈေးကွက်ပျက်ခဲ့၍ ဘဏ်ချေးများပြန်လည် ပေးဆပ်ရန် အခက်အခဲ ကြောင့် ယခုနှစ် စိုက်စားရိတ်ချေးငွေထုတ်ယူရန် လယ်ယာခိုင်းနွားရောင်းချခဲ့ရသော တောင်သူအများအပြား ရှိနေကြောင်း ဒေသခံတောင်သူများထံက သိရှိရသည်။

 
မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ယခုနှစ် မိုးစပါးစိုက်ပျိုးချိန်အမီ မြန်မာ့ လယ်ယာနှင့် စိုက်ပျိုးရေးဘဏ်က ချေးငွေအနေဖြင့် လယ်တစ်ဧကလျှင် ကျပ် ငါးသောင်းထိုးမြှင့်ပေးခဲ့ပြီး အဆိုပါဒေသများတွင် စက်မှု/လယ်ယာဋ္ဌာနမှ စက်ယန္တယားများ ငှားရမ်းပေးနေကြောင်းကိုလည်း သိရသည်။
“ထွန်စက်တွေငှားပေးတာတော့ အများကြီးအကျိုးရှိပါတယ်။ ဒါပေမယ့် တောင်သူတွေက သုံးနှစ်ဆက်တိုက် လောက် ဈေးကွက်ပျက်ခဲ့တာဆိုတော့ အခုမိုးစပါးစိုက်ဖို့ကို မတရားရုံးကန်းနေရတယ်။ ၁သိန်းခွဲဆိုတော့ မတက်နိုင်တာနဲ့ရှိတဲ့ နွားလေးတွေနဲ့ပဲ အားကိုးနေရတော့ စိုက်ပျိုးချိန် နောက်ကျတယ်။ သီးနှံအထွက် နောက် ကျတော့ တောင်သူတွေ စားဝတ်နေရေးအတွက် အခက်ခဲတွေဖြစ်လာတယ်”ဟု ပဲခူးတိုင်းဒေသမှ ဆန်ကုန်သည်ဦးသောင်းက လယ်သမားများအပေါ်၎င်း၏ အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။
 
စက်ယန္တယားငှားရမ်းခအနေဖြင့် တစ်ရာသီလျှင် ကျပ်တစ်သိန်းခွဲဖြစ်ပြီး ခိုင်းနွား(တစ်ချင်း)ငှားရမ်းခမှ တစ်ရာသီ လျှင် စပါးတင်း (၄၀)မှ တင်း (၅၀)အထိ ဈေးရှိကြောင်းကိုလည်း တောင်သူများထံက သိရှိရသည်။
 
စက်ယန္တယားငှားရမ်းအသုံးပြုရန်အတွက် ငွေကြေးမတတ်နိုင်သူတောင်သူအများစုမှာ ခိုင်းနွားရှားပါးသည့် အတွက်  မိုးစပါးစိုက်ရန်ပင် အခက်အခဲဖြစ်နေကြောင်း မင်းလှမြို့နယ်က တောင်သူတစ်ဦးကဆိုသည်။
 
“အခုတောင်သူတွေအခက်ဖြစ်နေတာက ခိုင်းနွားရှားလာတော့ ထွန်စက်တွေ ငှားသုံးရတယ်။ ထွန်စက်ငှားခ တွေကလည်း အရမ်းများနေတော့၊ အခုမိုးစပါးစိုက်ဖို့က တော်တော်လေးအခက်အခဲဖြစ်တယ်”ဟု မင်းလှ မြို့နယ်မှ တောင်သူ ဦးဖြူက ပြောသည်။
 
မိုးစပါးစိုက်ပျိုးချိန်တွင် တောင်သူများအနေဖြင့် ခိုင်းနွားရှားပါးမှုပြသာာနာမှာ တစ်နှစ်ထက်တနှစ် ပိုမိုဆိုးရွား လာကြောင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများကဆိုသည်။
 
“ကျွန်တော်တို့ဘက်မှာဆိုရင် နွားတွေနဲ့ ထွန်းယက်လို့ မရတဲ့နေရာတွေရှိတယ်။ မြေတွေက အရမ်းမာတာတို့ နှုံးတွေရှိတော့ ဆိုတော့ နွားတွေနဲ့မကိုက်ပါဘူး။ နွားတွေက အခုရှားနေတော့ ရှိတဲ့ နွားတွေကို ဂရုစိုက်နေရ တယ်။”ဟု မင်းလှမြို့နယ်၊ ဆိပ်မှူးကုန်းမှ တောင်သူ ကိုမင်းအောင်က ပြောသည်။
 
လက်ရှိတွင်မြန်မာနိုင်ငံရှိ မိုးစပါးစိုက်ပျိုးရာဒေသများတွင် နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများစိုက်ပျိုး စရိတ် အခက်အခဲများပြေလည်စေရန် ချေးငွေအနေဖြင့် တစ်ဧကလျှင် ကျပ် ငါးသောင်းနူန်းချေးပေးလျက်ရှိ သည်။
 
“စိုက်ဘဏ်တွေကနေ တစ်ဧကကို ငွေ ငါးသောင်းနူန်းချေးပေးပါတယ်။ အရင်ချေးထားတဲ့ချေးငွေပြန်ဆပ်ပြီး ရင်ထုတ်ယူနိုင်ပါတယ်”ဟု တိုင်း/စိုက်ပျိုးရေးမန်နေဂျာ ဦ်းတင်အောင်ဝင်းက ပြောသည်။
 
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၀ခုနှစ်တွင် စပါးစိုက်တောင်သူများအား တစ်ဧကလျှင် ကျပ် (၃)သောင်း နူန်း ဖြင့်လည်းကောင်း၊ ၂၀၁၁ခုနှစ်တွင် တစ်ဧကလျှင် ကျပ် (၄)သောင်းနူန်းဖြင့်လည်းကောင်း၊ ယခု၂၀၁၂ခုနှစ် တွင်တစ်ဧကလျှင်ကျပ်(၅)သောင်းနူန်းသို့တိုးမြင့်ချေးပေးခဲ့သော်လည်းစိုက်ကွက်ပျက်ခဲ့သည့်လယ်သမားများမှာ အခက်အခဲရှိနေဆဲဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။