Thursday, June 28, 2012

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရေဘေးသင့်ဒုက္ခသည်များပါ ထပ်တိုးလာ

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများဖြစ်သော ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များ၌ ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့သောကြောင့်  ဒုက္ခသည်ဦးရေ ပိုမိုများပြားလာ ကြောင်းသိရသည်။
 

ဘူးသီးတောင်မြို့တွင် ရေဘေးသင့် ဒုက္ခသည်လူဦးရေ (၃၀၀)ခန့် ရှိပြီး အိမ်ထောင်စု(၆၀)ခန့် မှ ဒုက္ခသည်များ တိုးပွားလာသည်ဟု ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေးတာဝန်ယူထားသော ဒုတိယ ဗိုလ်မှုးတစ်ဦးက ဆိုသည်။
 
“အိမ်တွေထဲကို ရေတွေဝင်ပြီး တဲတွေပျက်စီးကုန်တယ်၊ ပုစွန်ကန်တွေလည်း တော်တော်ပျက်စီးတယ်  တောင်တွေပါ ပြိုတော့  တော်တော် အခက်အခဲ ဖြစ်နေပါတယ်။ ရေဘေးဒုက္ခသည်တွေကိုလည်း ကယ်ဆယ်ရေးစခန်းဖွင့် ပေးထားပါတယ်”ပာု အထက်ပါ ဒု-ဗိုလ်မှုးက ပြောသည်။
 
မိုးသည်းထန်ခြင်းနှင့် ရေကြီးမှုများကြောင့်  ကယ်ဆယ်ရေးစခန်းများသို့ ပိုဆောင်ပေးရမည့် ဆန်တင်ဆောင်လာသော ကားများမှာ လမ်းပျက်စီးမှုများကြောင့်  ပိုဆောင်နိုင်ခြင်း မရှိကြောင်းကိုလည်း ဒေသခံတစ်ဦးက ဆိုသည်။

“မေယုတောင်က မြေသားပဲ ကျတာတွေကြောင့်  လမ်းပျက်စီးပြီး ဆန်ကားတွေရောက်တဲ့ နေရာမှာရပ်တန့်  ထားရပါတယ်”ပာု ဒေသခံ ဦးလှရွှေက ပြောသည်။

ဘူးသီးတောင်မြို့ရှိ မြို့မဈေးအား ယာယီပိတ်ထားရပြီး ဘူးသီးတောင်ဆေးရုံမှ လူနာများအား အ.လ.က(၁) ကျောင်း သို့ ပြောင်းရွှေ့နေရာချထားရကြောင်း သိရသည်။

ထိုပြင်ဘူးသီးတောင်မြိုနယ်အတွင်း ရေးကြီးရေလျှံမှုများကြောင့်  ဒုက္ခသည်စခန်း(၅)ခုဖွင့် လှစ်ထား၍ အဆိုပါဒုက္ခ သည်စခန်းများမှာ အ.လ.က(၁) ဘူးသီးတောင်၊ သုဓမ္မာရုံစာသင်တိုက်၊ ရွှေကျင်ပရိယတိ စာသင်တိုက်၊ လမ်းမဘုန်းကြီးကျောင်း ၊မြတောင်ပရိယတ္တိစာသင်တိုက်တိုက်စသည့် ကုန်းမြင့်နေရာများတွင် တည်ရှိသော နေရာများအား ရေဘေးဒုက္ခသည်စခန်းအဖြစ်`ထားရှိခြင်းဖြစ်သည်။
 
“မနက်ကတည်းကမိုးတိတ်သွားပါပြီ။မနေ့ ညကတည်းက ရွှာတဲ့မိုးပါ။ ဒေသခံတွေ တော်တော်လည်း ဒုက္ခရောက်ခဲ့ပါတယ်။”ပာု ဘူသ���းတောင်မြို့ နယ်နေ ဦးဇော်သန်းဝေ ကပြောသည်။
 
 မောင်တောမြိုနယ်နှင်ကျောက်တော်မြို့ နယ်များတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ ပြီး ကျောက်တော်မြို့ နယ်တွင် ဇွန်လ၂၆ရက်နေ့ ၌ လေဆင်နှာမောင်းတစ်ခုတိုက်ခတ် ခဲ့သောကြောင့် ဒေသခံ(၆၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များတွင် ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခဒုက္ခသည် (၄၀၀၀)နီးပါးနှင့် ကျောက်တော်မြို့တွင် ဒုက္ခသည်(၁၀၀၀)ကျော် ရှိခဲ့ရာမှ ရေဘေးဒုက္ခသည်များပါ ထပ်တိုးလာခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။