Thursday, June 28, 2012

အညတြ သူရဲကောင်းဆုရ နိုင်ငံရေးအကျဉ်းသား ရခိုင်ဒုက္ခသည်တွေအတွက် ငွေလှူ

အညတြ သူရဲကောင်းဆုရ နိုင်ငံရေးအကျဉ်းသား ရခိုင်ဒုက္ခသည်တွေအတွက် ငွေလှူ
2012-06-27
သာယာဝတီထောင်မှာ နှစ်ရှည်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုလက်ျာထွန်းက သူ့ကို ဂျပန်နိုင်ငံရောက် မြန်မာတွေချီးမြှင့်ထားတဲ့ အညတြသူရဲကောင်းဆု ချီးမြှင့်ငွေထဲက ကျပ်ငွေ (၄) သိန်းကို ရခိုင်ပြည်နယ်က ဘေးဒုက္ခကြုံတွေ့နေကြရသူတွေအတွက် ပြန်လည် လှူဒါန်းလိုက်ပါတယ်။
RFA

၂၀၁၂ခုနှစ် ဧပြီလ ၁၇ ရက်က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုပြုလုပ်နေစဉ်။
ဒီအလှူငွေကို ကိုလက်ျာထွန်းရဲ့မိခင် ဒေါ်ရီက ၈၈ မျိုးဆက် ကျောင်း သားများအဖွဲ့က တဆင့် ဒီနေ့ ဇွန်လ ၂၇ ရက်မှာ ပေးအပ်လိုက်တာလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုအံ့ဘွယ်ကျော် က RFA ကိုပြောပါတယ်။
ကိုလက်ျာထွန်းကို ၁၉၉၈ ခုနှစ်မှာ စစ်အစိုးရက သေဒဏ် ချမှတ်ထားတဲ့ အတွက် အခုဆိုရင် သူဟာထောင်ထဲမှာ ၁၄ နှစ်ကျော်နေပြီလို့ သိရပါ တယ်။ အခုအစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်း အကျဉ်းသားတွေ ကို ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့ အမိန့်တွေကြောင့် ကိုလက်ျာထွန်း ရဲ့ ပြစ်ဒဏ်ဟာ သေဒဏ်ကနေ တသက်တကျွန်း အဖြစ် ပြောင်းလဲ ကျခံနေရတာ ဖြစ်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။