Thursday, June 28, 2012

 ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကို တိုင်းရင်းသား ညီနောင်ပါတီ ခြောက်ခုဖြင့် ဖွဲ့စည်း

ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ(Peace Process Committee)ကို တိုင်းရင်းသားညီနောင်ပါတီ ခြောက်ခုက ဇွန်လ ၁၅ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သော ညီနောင်ခြောက်ပါတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါကော်မတီကို ပြည်နယ်အသီးသီးရှိ အပစ်အခတ်ရပ်စဲပြီးဖြစ်သော လက်နက်ကိုင် အဖွဲ့အစည်းများ ပြန်ဝင်လာတော့မည်ဖြစ်သဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးများကို ပူးပေါင်းလုပ်ဆောင်သွားရန် ဖွဲ့ စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကော်မတီအနေဖြင့် လက်ရှိပြည်သူ့လွှတ်တော်ရှိ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ၏ လုပ်ဆောင်မှုများကို မြန်မြန်ဆန်ဆန် ပြီးမြောက်နိုင်ရေးအတွက် အပစ်အခတ် ရပ်စဲထားသော အဖွဲ့အ စည်းများနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

''သုံးသပ်မှုအရ ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ကော်မတီရဲ့ လုပ်ဆောင်ချက်တွေက လောလောဆယ် ရှေ့ဆက်မတိုးတဲ့ အနေအထားကို တွေ့နေရလို့ ဖွဲ့စည်းခဲ့တာပါ''ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဗဟိုကော်မတီဝင် ဘဏ္ဍာရေးမှူး(၂)ဦးစောသန်းမြင့်က ပြောပါသည်။

အဆိုပါ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (Peace Process Commit- tee)ကို ဖွဲ့စည်းခဲ့သော တိုင်းရင်းသားညီနောင် ပါတီခြောက်ခုမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ကယန်းအမျိုးသားပါတီတို့ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။