Sunday, July 29, 2012
ပါကစ္စတန်ရှိ တာလီဘန်အဖွဲ့ မြန်မာကို ခြိမ်းခြောက်
မဇ္ဈိမသတင်းဌာန ။ ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်များအပေါ် ဆက်ဆံပုံနှင့် ပတ်သတ်၍ ပါကစ္စတန် နိုင်ငံရှိ တာလီဘန် အကြမ်းဖက် အဖွဲ့တဖွဲ့က မြန်မာနိုင်ငံအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည်။
ကဏ္ဍ ငါးခုတွင် အပစ်ရပ်များအား နော်ဝေ တိုက်ရိုက်ကူညီမည်ဆို
စံခလပူရီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ကဏ္ဍငါးခုတွင် အပစ်ရပ်အဖွဲ့များ အား တိုက်ရိုက် အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း နော်ဝေနှင့်မြန်မာအစိုးရတို့ သဘောတူညီ ဖွဲ့စည်းထားသည့် Myanmar Peace Support Initiative (MPSI) မှ အကြံပေး ကိုယ်စားလှယ် တဦးဖြစ်သူ Ashley South က ပြော သည်။
အစိုးရဝန်ထမ်းများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေး
ရန်ကုန် (မဇ္ဈိမ) ။ ။ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ရခြင်းမှာ ငါးလခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း အစိုးရ ဝန်ထမ်းများက ယနေ့အထိ သမဂ္ဂများဖွဲ့စည်းခြင်း မရှိသေးဟု အလုပ်သမား အစည်းအရုံး မှတ်ပုံတင် အရာရှိချုပ်ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။
သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရန် စမ်းသပ်မွေးမြူမည်
ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ပ ၀ယ်လိုအားထက် ထုတ်လုပ်မှု ပိုလျှံနေသည့် ငါးမြစ်ချင်းအား ယခုနှစ်မှ စတင်
လျှော့မွေးကာ သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရှိရန် စမ်းသပ် မွေးမြူသွားမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။
လျှော့မွေးကာ သဘာဝ တိုင်းရင်း ငါးမျိုးများ ပြည်ပဈေးကွက် ရရှိရန် စမ်းသပ် မွေးမြူသွားမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။
မည်သည့် ခြိမ်းခြောက်မှုမျှ မကြောက်ဟု ရခိုင်ပါတီ ပြော
နယူးဒေလီ (မဇ္ဈိမ)။ ။ မည်သည့် ဘာသာရေး အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကိုမျှ ကြောက်စရာ မလိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောကြားသည်။
အစိုးရတပ်များ တိုးချဲ့ရန် အထက်ညွှန်ကြားချက် ထွက်လာကြောင်း KIO ပြော
စံခလပူရီ (မဇ္ဈိမ)။ ။ ကချင်ဒေသသို့ အစိုးရတပ်များ တိုးချဲ့နေရာယူထားကြရန် ဇူလိုင်လ ၂၆ ရက်နေ့က စစ်တိုင်းဒေသများ ကွပ်ကဲရေးဆိုင်ရာ အလွတ်သဘော ထိပ်သီး အစည်းအဝေး၌ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က လမ်းညွှန်ချက် ပေးခဲ့ပြီး ဆိုင်ရာတပ် အသီးသီးသို့ ညွှန်ကြားချက် ပေးခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO အတွင်းရေးမှူး ဦးလနန်မှ မဇ္ဈိမကို ပြောကြားသွားသည်။
တောင်ကျရေများကြောင့် လားရှိုးမြို့ အ၀င်နှင့် အထွက် ပြည်ထောင်စုလမ်းမကြီးပေါ်နှင့် ရပ်ကွက်အချို့ ရေကျော်မှုများဖြစ်ပေါ်ခဲ့ပြီး တစ်လအတွင်း ဒုတိယအကြိမ် ရေကျော်ခြင်းဖြစ်ကြောင်းသိရ

လားရှိုးမြို့ ရပ်ကွက်(၁) နယ်မြေ(၇) တွင် ဖြစ်ပွားနေသော ရေကြီးရေလျှံမှုအား ဇူလိုင် ၂၇ ရက်နေ့က မြင်တွေ့ရစဉ်
ဦးအောင်သိန်းလင်း၏ ပြောကြားချက်နှင့်ပတ်သက်ပြီး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းအနေဖြင့် Southern Weekend (China)သို့ အမှန်တကယ် ပြောကြားခြင်း ရှိ၊ မရှိကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။
ပြည်တွင်းထုတ် ဂျာနယ်အချို့ တရားစွဲဆိုခံရနေခြင်းနှင့် အချိန်ကာလကြာမြင့်စွာ ထုတ်ဝေခွင့် ရပ်ဆိုင်းခံနေရခြင်းအပေါ် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ(ယာယီ)၏ သဘောထားထုတ်ပြန်
ပြည်တွင်းထုတ် ဂျာနယ်အချို့ တရားစွဲဆိုခံနေရခြင်းနှင့် တိကျရှင်းလင်းသည့် ထုတ်ပြန် အသိပေးမှုများမရှိဘဲ ဂျာနယ်ထုတ်ဝေခွင့်အား အချိန်ကာလကြာမြင့်စွာ ရပ်ဆိုင်းခံရခြင်းများအပေါ် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ(ယာယီ)က ဇူလိုင်လ ၂၈ ရက် ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်အဆင့်တွင် စာသင်နှစ်များ မူလကထက် တစ်နှစ်စီထပ်တိုးထားပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့တွင်လည်း လက်ခံနိုင်မည့်ကျောင်းသား ဦးရေ လျှော့ချထားကာ ၀င်ခွင့် လျှောက်ထားနိုင်ခွင့်ရှိသည့် အခြေခံကြမ်းခင်း ရမှတ်များကိုလည်း တိုးမြှင့်သတ်မှတ်
အဆင့်မြင့် ကဏ္ဍ တက္ကသိုလ် အဆင့်တွင် ယခုပညာသင်နှစ်မှ စတင်ကာ စာသင်နှစ်များ မူလကထက် တစ်နှစ်စီ ထပ်တိုးထားပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့၌ လက်ခံနိုင်မည့် ကျောင်းသား အရေအတွက် ကိုလည်း ယခင်နှစ်ကထက် လျှော့ချထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရပါသည်။
ရွေးကောက်ပွဲစနစ် ပြောင်းလဲပြုပြင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် ဒီမိုကရေစီ မိတ်ဆွေပါတီ ၁၀ ပါတီ ယနေ့ တွေ့ဆုံ
ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဇူလိုင်လ ၁၃ ရက်နေ့က တင်သွင်းခဲ့သော ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင်းပရေး စာတမ်းနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီတို့သည် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ တွေ့ဆုံဆွေးနွေးလျက်ရှိနေကြောင်း သိရသည်။
ရိုဟင်ဂျာကိစ္စအတွက် ပါကစ္စတန်အစိုးရကို တာလီဘန်က ခြိမ်းခြောက်
2012-07-26
ပါကစ္စတန်အစိုးရအနေနဲ့ အစ္စလာမ်မာဘတ်မြို့မှာရှိတဲ့ မြန်မာသံရုံးကို ပိတ်ပစ်ပြီး မြန်မာအစိုးရနဲ့ အဆက်အသွယ် မှန်သမျှကို ဖြတ်တောက် ရမယ်လို့ ပါကစ္စတန်နိုင်ငံမှာရှိတဲ့ TTP တာလီဘန်အဖွဲ့က တောင်းဆိုလိုက်ပြီး အဲဒီလို မဆောင်ရွက်ဘူးဆိုရင် မြန်မာနိုင်ငံမှာ မူစလင် ရိုဟင်ဂျာတွေကို နှိပ်ကွပ်နေမှုအတွက် မြန်မာနိုင်ငံကို မိမိတို့က တိုက်ခိုက်ရလိမ့်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
နိုင်ငံတကာ မာရသွန်အပြေးပြိုင်ပွဲ ရန်ကုန်မှာ ကျင်းပဖို့ စီစဉ်နေ
2012-07-26
မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံတကာ မာရသွန် အပြေးပြိုင်ပွဲကြီးကို လာမယ့်နှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်နေကြောင်း ဆင်ဝှာ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
မြန်မာ့သွင်းကုန် တားမြစ်ချက် စက်တင်ဘာလကုန်ပိုင်းမှာ ကုန်ဆုံးမည်
2012-07-26
မြန်မာနိုင်ငံက သွင်းကုန်တွေ တားမြစ်တဲ့ အမေရိကန် ဥပဒေ သက်တမ်းကို စက်တင်ဘာလကုန်ပိုင်းလောက်မှာ ကုန်ဆုံးမယ်လို့ ယာယီ သတ်မှတ်လိုက်ပါတယ်။
Photo: Mitch McConnell Website
၂ဝ၁၁ ဇန်နဝါရီလ ၁၆ ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အမေရိကန် အထက်လွှတ်တော်အမတ် Mr. Mitch McConnell နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။
၈၈ မျိုးဆက်နှင့် အမေရိကန် သံရုံး ပထမအတွင်းဝန်တွေ့ဆုံ ဆွေးနွေး
2012-07-27
ရန်ကုန်မြို့ အမေရိကန် သံရုံးက နိုင်ငံရေးနဲ့ စီးပွားရေးဌာန ပထမအတွင်းဝန် Mr. Douglas Sonnek နဲ့ Mr. Bob Bailey တို့က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် တို့ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရုံးခန်းမှာ ဒီနေ့ မနက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
Photo: 88 Generation Students
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရုံးခန်းတွင် ရန်ကုန်မြို့ အမေရိကန် သံရုံးမှ Mr. Douglas Sonnek နှင့် Mr. Bob Bailey တို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနေစဉ်။
အခမဲ့ ဆေးဝါးကုသရေး အစီအစဉ် မြို့နယ်ဆရာဝန်က ပိတ်ပင်
2012-07-27
မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်အတွင်းမှာ ဆွစ်ဇာလန်နိုင်ငံက ကလေးကု အထူးကု ဆရာဝန်ကြီး တစ်ဦး ခေါင်းဆောင်တဲ့ အခမဲ့ ဆေးဝါးကုသရေး အစီအစဉ် တစ်ခုကို မြို့နယ်ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ မနေ့က ပိတ်ပင် လိုက်တဲ့အတွက် ဒေသခံတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။
ငွေကံ့ကော်စက်ရုံမှာ ဆန္ဒပြ
2012-07-27
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် အမှတ် (၅) မှာရှိတဲ့ ထိုင်ဝမ် နိုင်ငံသားပိုင် ငွေကံ့ကော် အထည်ချုပ် စက်ရုံမှာ အလုပ်သမား (၅၀၀) ကျော်လောက် ဒီကနေ့ နေ့လည်ပိုင်းက စက်ရုံတွင်း အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။
လယ်သမားနဲ့ စစ်တပ်ပြဿနာ ဝန်ကြီး သွားရောက်ဖျန်ဖြေ
2012-07-27
၈၈ မျိုးဆက် ကျောင်းသားတွေ ဝင်ရောက် ညှိနှိုင်းပေးနေတဲ့ သံလျင်မြို့နယ် အလွမ်းဆွတ်ရွာမှာ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုတပ်က အဓမ္မ သိမ်းထားတဲ့ လယ်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး သွားရောက် ဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်က ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ်က အဓမ္မ သိမ်းယူထားသည့် လယ်မြေတွင် လယ်သမားများ ဝင်ရောက်ထွန်ယက်နေကြစဉ်။
ဒီလှိုင်းဂျာနယ် ဆောင်းပါးအတွက် NLD ကို သတိပေး
2012-07-27
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပတ်စဉ် ထုတ်ဝေနေတဲ့ ဒီလှိုင်းစာစောင်ပါ NLD နာယက အဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ကို ဒီကနေ့ ခေါ်ယူ သတိပေးခဲ့ပါတယ်။
ဇူလိုင်လ (၉) ရက်နေ့က ထုတ်ဝေခဲ့တဲ့ ဒီလှိုင်းစာစောင်မှာ ဦးဝင်းတင် ရေးသားထားတဲ့ “စည်းရယ် ကမ်းရယ် ပတ်ကြမ်း မတိုက်ကြပါစေနဲ့” ဆိုတဲ့ ဆောင်းပါးနဲ့ ပတ်သက်လို့ နေပြည်တော်ရှိ ကော်မရှင် ရုံးခန်းမှာ NLD က သွားရောက်တွေ့ဆုံ ရှင်းလင်း ပြောဆိုခဲ့ရတယ်လို့ NLD ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
ရွေးကောက်ပွဲ စံနစ်ပြောင်းဖို့ ၁ဝ ပါတီတင်ပြ
2012-07-27
ရွေးကောက်ပွဲစနစ် ပြောင်းလဲ ပြုပြင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီ ၁ဝ ပါတီတို့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ဒီမိုကရေစီ မိတ်ဆွေ (၁၀) ပါတီ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးနေစဉ်။
တိုင်းရင်းသား အခွင့်အရေး ဥပဒေ ပြဋ္ဌာန်းရေး အဆို အတည်ပြု
2012-07-27
တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ ပြဋ္ဌာန်းရေး အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း သိရပါတယ်။
ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ကြေညာချက် ထုတ်ပြန်
2012-07-27
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့အပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်ပုံတွေမှာ ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပါဝင် ပတ်သက်လာနေတဲ့ သတင်းတွေ ကြားသိနေရတဲ့ အတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
အလုပ်လက်မဲ့အခြေအနေ ဆိုးရွားနေကြောင်း တောင်သူတွေ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြ
2012-07-28
နေပြည်တော် ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ဒီကနေ့ သွားရောက်ခဲ့တဲ့ NLD ဥက္ကဋ္ဌ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ တောင်သူလယ်သမားတွေက မိမိတို့လယ်ယာမြေတွေ အသိမ်းခံခဲ့ရတာကြောင့် လယ်မဲ့ယာမဲ့အပြင် အလုပ်လက်မဲ့တွေအဖြစ် ဘ၀အခြေအနေတွေ ပိုမိုဆိုးရွားနေကြောင်း တင်ပြခဲ့ကြပါတယ်။
ရှစ်လေးလုံး အခမ်းအနား အောင်မြင်ရေး သံဃာတော်များ ပါဝင်ဆောင်ရွက်မည်
2012-07-28
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အပါအ၀င် အခြားနိုင်ငံရေး အင်အားစုတွေ ပူးပေါင်းစီစဉ်နေတဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံး လူထုလှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့မှာ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပါဝင်ဆောင်ရွက်ပေးမယ်လို့ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနား ဖြစ်မြောက်ရေး အစည်းအဝေးအပြီးမှာ သံဃာတော်တွေက သဘောတူညီခဲ့ပါတယ်။
ပိတ်ဆို့မှု သက်တမ်းတိုးရင် မြန်မာ့စီးပွားရေး ထိခိုက်နိုင်ကြောင်း အိုင်စီဂျီ သတိပေး
2012-07-27
မြန်မာသွင်းကုန်တွေ ပိတ်ပင်တဲ့ အမေရိကန် ဥပဒေကို သက်တမ်းတိုးခဲ့မယ်ဆိုရင် သာမန် မြန်မာပြည်သူတွေကိုသာ ထိခိုက်မှာ ဖြစ်ကြောင်း နိုင်ငံတကာ ပဋိပက္ခများ လေ့လာရေး သုတေသနအဖွဲ့ ICG က ဒီကနေ့ ပြောလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း လွှတ်တော် အစည်းအဝေး တက်ရောက်လာစဉ်။
Subscribe to:
Posts (Atom)