
ဆရာများ ကွန်ယက်က ဦးစီးပြီး ရန်ကုန်မြို့ကျောက်တံတားမြို့နယ်မှာရှိတဲ့ လောကနတ် ပန်းချီပြခန်းမှာ ကာတွန်းဆရာ ၆၀ ကျော်ရဲ့လက်ရာတွေကို ဒီကနေ့ ပြသခဲ့
ပါတယ်။ ကာတွန်းကား တစ်ကားကို အနည်းဆုံး ကျပ်ငွေ ၂၅၀၀၀ ကနေ အများဆုံး ကျပ်ငွေ ၃၀၀၀၀၀ အထိ ဈေးနှုန်း သက်မှတ် ရောင်းချ ခဲ့တာဖြစ်ပြီး ရောင်းချလို့
ရတဲ့ ငွေအားလုံးကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဒီပြပွဲမှာ ကာတွန်းဆရာများ ဖြစ်ကြတဲ့ ဦးရွှေဘိုနဲ့ ဦးအာယုတို့ ရေးဆွဲထားတဲ့ ကာတွန်း
ပန်းချီးကား ၂ ကားကိုတော့ စာပေ စီစစ်ရေးက ပြပွဲ မတိုင်မှီကတည်းက လာရောက် စစ်ဆေးပြီး ဖြုတ်သိမ်း သွားခဲ့တယ်လို့ သိရပါတယ်။ ဒီကာတွန်းပြပွဲကို ဟံသာဝတီ
သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအဝင် လူဦးရေ ၆၀ ကျော် တက်ရောက် ခဲ့ကြသလို ကာတွန်း ဆရာကြီး ဦးဖေသိန်းရဲ့ဇနီး ဒေါ်ခင်လေးနွယ်လည်း တက်ရောက်
လာခဲ့ပါတယ်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။