Sunday, July 29, 2012

ပါတီအရေးကြောင့် လူသတ်မှုဖြစ်ပွားရခြင်းမဟုတ်ဟု ပွင့်ဖြူရဲတပ်ဖွဲ့ ကဆို


မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊သမန်းအင်းကျေးရွာတွင်ဇူလိုင်လ(၂၅)ရက်နေ့က ပြည်ခိုင်ဖြိုးပါတီဝင်(၂)ဦးမှဒီချုပ်ပါတီဝင် (၁) ဦးအား သတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ပါတီအရေးနှင့်လုံးဝသက်ဆိုင်ခြင်းမရှိဟု ပွင့်ဖြူမြို့နယ်ရဲစခန်းက ဆိုသည်။

 ဒီလူသတ်မှုပာာ ပါတီနဲ့ ပတ်သက်ပြီးဖြစ်တဲ့လူသတ်မှုမပာုတ်ပါဘူး။သူတို့အချင်းချင်း အချင်းများပြီးဖြစ်တဲ့လူသတ်မှုပါပဲ” ပာု ပွင့်ဖြူရဲစခန်း တာဝန်ကျအရာရှိတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ဒီချုပ်ပါတီဝင်ဖြစ်သည့် ဦးရဲဝင်းနှင့် အခြားတစ်ဦသည် သမန်းအင်းကျေးရွာ မြောက်ဘက်ရှိ ဦးလက္ခဏ ဘုန်းတော်ကြီးကျောင်းမှ ရွာသို့ အပြန်တွင် ပြည်ခိုင်ဖြိုးပါတီဝင် ဦးဝင်းမောင်နှင့် ၎င်းမိတ်ဆွေတစ်ဦးတို့မှ လမ်းတွင် တွေ့ဆုံ၍ အချင်းများကြရာမှ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ထိုသို့ အချင်းများမှုကြောင့် ဒီချုပ် ပါတီဝင်ဦးရဲဝင်းမှာ လည်ပင်းတွင် ဓါးဒဏ်ရာများဖြင့် သေဆုံးသွားပြီး ပြည်ခိုင်ဖြိုးပါတီဝင် ဦးဝင်းမောင်နှင့်အခြားတစ်ဦးအား ပွင့်ဖြူမြို့ နယ် ရဲတပ်ဖွဲ့ မှ ပုဒ်မ ၃၀၂/၃၂၆-၁၄၄ဖြင့် တရားစွဲထားသည်ဟု သိရသည်။

ယင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ သေဆုံးသူ ဦးရဲဝင်း၏ ဇနီးဖြစ်သူမှ ပ/ ၅၄ ပုဒ်မဖြင့် ပွင့်ဖြူရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

 ပါတီအရေးကြောင့် သတ်တယ် မသတ်ဘူးဆိုတာ ရုံးတော်ကပဲ ဆုံးဖြတ်ချက်ချနိုင်မှာပါ။ မျက်မြင်သက်သေ တွေရှိပါတယ်။” ဟု သေဆုံးသူဘက်က မိတ်ဆွေတစ်ဦးက မှတ်ချက်ပေးသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။