Sunday, July 29, 2012

ကန်အရည်အသွေးနှင့်ရောဂါပိုးကြောင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များဆုံးရှုံးမှုများနေ


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငါးမွေးကန်များ၏ အရည်အသွေးကျဆင်းနေမှုနှင့်ကပ်ပါးရောပိုးများကြောင့် ငါးအသေအပျောက် များကာငွေကြေးနစ်နာဆုံးရှုံးမူများဖြစ်ပေါ်မှုများနေကြောင်းငါးလုပ်ငန်းရှင်များထံက သိရှိရသည်။

ကန်အရည်အသွေးတွေကျလာတော့ ငါးတွေသေတယ်။ ငါးတွေသေတော့ မသေအောငဆေးဝါးတွေကျွေးကြတယ်။   ဆေးတွေ ကရောဂါဖြစ်တဲ့ အကောင်တွေကိုတော့ကုသတယ်။ မဖြစ်တဲ့အကောင်တွေကိုရောဂါရှိတဲ့ အကောင်တွေကဒုက္ခပေးတော့မဖြစ်သင့်ပဲ ငါးတွေကကြီးထွားမှုနှေးလာတယ်။ အဲဒါကြောင့် မဖြစ်သင့်ပဲ အရှုံးတွေ ဖြစ်လာတယ်ဟုငါးရောဂါရှာဖွေရေးနှင့် ကုသရေးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန္တာဌေး ကပြောသည်။

ငါးမွေးမြူရာတွင် ငါးကန်သန့်ရှင်းမှုသည် အဓိကဖြစ်၍ငါးကန်အရည်အသွေးကျဆင်းပါက ငါးများသို့ ကပ်ပါးပိုးလွယ်ကူစွာကူးစက်နိုင်ခြင်း၊ ငါးထုတ်လုပ်နိုင်မှုကျဆင်းလာနိုင်ခြင်း၊ငါးဖွံ့ဖြိုးကြီးထွားမကျဆင်းခြင်းများ စသည် တို့ဖြစ်လာ၍မွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် ငွေကြေးဆုံးရှုံးမူများဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သိရသည်။

ငါးကန်များရှိ ငါးများအား ကောင်းမွန်သောအစာနှင့်သင့်လျော်သောကန်အရည်အသွေးစီမံထိန်းသိမ်းခြင်းဖြင့် ငါးများ၏ကျန်းမာရေး ကိုထိန်းသိမ်းသင့်ကြောင်း ၊ ငါးများအား တစ်ကန်မတစ်ကန်ပြောင်းရွှေ့ရောနှောထည့်သွင်း မွေးမြူရာတွင်ဆားဖျော် ရည်(၃) ရာခိုင်နှုန်းတွငစက္ကန့်(၃၀)ခန့်စိမ်ထားပြီးမှရောနှောမွေးမြူသင့်ကြောင်း မြန်မာနိုင်ငံငါးပုစွန်မွေးမြူရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းစုက ဆိုသည်။

ငါးတွေမှာ ကူးစက်ရောဂါနဲ့ အစာအဟာရလိုအပ်ချက်ကျော်လွန်တာကြောင့်လည်းဖြစ်တတ်ပါတယ်။ ငါးတွေကို ပိုးရှိရှိ မရှိရှိ တစ်ကန်နဲ့တစ်ကန်ပြောင်းရွေ့မွေးမယ်ဆိုရင် ဆားရည်ထဲမှာ စက္ကန့်အနည်းငယ်လောက်စိမ်ပြီးမှ ရောပြီး မွေးသင့်တယ်။ ငါးတစ်ကောင်လောက်ကရောဂါရှိပြီဆိုရင်လည်း အကုန်လုံးကူးပြီး သေနိုင်တော့ဂရုပြုမွေးမြူသင့်တယ်ဟု ငါးကုသရေး ဦးစီးဌာနမှ ဒေါက်တာမြင့်ဆွေကပြောသည်။

ငါးမွေးကန်များတွင် ငါးသေဆုံးမှုတွေ့ရှိပါက သေဆုံးအရေအတွက်တိုးလာမှုရှိမရှိကို စောင့်ကြည့်သင့်ပြီး ကန်အတွင်းမှ ငါးအရှင်ဖမ်းယူကာငါးလုပ်ငန်းဦးစီးဌာန၊ ငါးရောဂါ ဓါတ်ခွဲခန်းသို့ ငါးနှင့် ရေနမူနာပေးပို့ စစ်ဆေးခြင်းဖြင့် ရောဂါအမျိုးအစားနှင့် ကန်ရေအရည်အသွေးအခြေအနေကို သိရှိရန် ဆောင်ရွက်နိုင်ကြောင်း ၄င်းက ဆက်လက်အကြံပြုပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ငါးမွေးကန်ပေါင်း(၂၁၆၀၀၀)ကျော်ရှိပြီး၊၂၀၀၉-၂၀၁၀ခုနှစ်တွင် ငါးမွေး ကန် တစ်ဧကလျင်(၁၂)၀န်းကျင်ခဲ့ငါးရောဂါများကြောင့်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်းကိုလည်းငါးလုပ်ငန်းဦးစီးဋ္ဌာန က သိရှိရသည်။

လက်ရှိတွင် မွေးမြူရေးငါးမြစ်ချင်းတစ်ပိသာလျှင် ၁၉၂၅ကျပ် မှ ၁၉၅၀ကျပ်ဝန်းကျင်ဖြင့် ဈေးကွက်အတွင်း အရောင်း အ၀ယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။