Sunday, July 29, 2012

စမာဆည် ဖျက်သိမ်းရေး မြစ်သာမြို့မှာ ဆန္ဒပြ




စမာဆည် ဖျက်သိမ်းပေးရန် တောင်းဆိုနေသော ဆန္ဒပြပြည်သူများ
မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့မှာ စမာဆည် ဖျက်သိမ်းပေးဖို့ မြို့ခံပြည်သူ ၁၀၀ လောက်က ဇူလိုင်လ ၂၅ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြ ခဲ့ကြပါတယ်။ 
ဒီဆည်ကြောင့် မြစ်သာမြို့မှာ နှစ်စဉ် ရေဘေးဒုက္ခ ကြုံနေရတာတွေ မြို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ လယ်ယာမြေ ပျက်စီး ဆုံးရှုံးတာတွေ မြေအောက်ရေ ညစ်ညမ်မှုများ
ဖြစ်လာတာတွေ စတာတွေကြောင့် စမာဆည်ကို ဖျက်သိမ်းပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလို တောင်းဆို ဆန္ဒပြဖို့အတွက် ဒေသခံ အာဏာပိုင်ကို
လူဦးရေ ၅၀၀ တင်ပြ တောင်းဆို ခဲ့ပေမယ့်လည်း လူ ၁၀၀ သာ ခွင့်ပြုခဲ့တာကြောင့် မြို့ခံပြည်သူအချို့ဟာ ဆန္ဒပြ ပြည်သူတွေရဲ့ဘေးကနေ လိုက်လံအားပေး ခဲ့ရပြီး
ဆန္ဒပြပြည်သူ ၁၀၀ ဟာ နံနက် ၉း၀၀ နာရီ ခန့်ကစတင်ပြီး ဆိုင်းဘုတ် ကိုယ်စီ ကိုင်ဆောင်ရင်း မြစ်သာမြို့ကို ၁း၀၀ နာရီခန့် လှည့်လည် ဆန္ဒပြခွင့် ရခဲ့ကြတာ ဖြစ်
ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။