Monday, March 13, 2017

ဆွေညီနောင်စတိုးမှာ အနှိပ်စက်ခံ ဆိုင်အကူမိန်းခလေးနှစ်ဦး

 ဆွေညီနောင်စတိုးမှာ အနှိပ်စက်ခံ ဆိုင်အကူမိန်းခလေးနှစ်ဦးဖြစ်သူထက်ထက်
ဇော် ၁၂နှစ် တောင်တွင်းကြီး မေသဇင် ၁၀နှစ်
ကျိုက်လတ် နေသူတို့အား မျက်နှာ နဖူး ဖူး
ရောင် ခန္ဓာကိုယ် ဒုတ်နဲ့ရိုက်ပြီး သံချောင်းမီး
ဖုတ် ထိုးဒါဏ်ရာများဖြင့် တွေ့ရှိခဲ့၍ ဆိုင်ရှင်
မဖြူဖြူထွန်း(ခ)မငယ် အသက် ၄၀ အဘ
ဦးဒါဝတ် အမိ ဒေါ်ဖာထမာ တိုက်အမှတ်
ဋ္ဌ-A/8 အဆောင် ၄ မုံရွာလမ်း နေသူအား မင်္ဂလာဒုံမြိ့မ ရဲစခန်းတွင်
ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်
ခဲ့ပါသည် ဒုရဲအုပ်ဟန်ကိုဦးမှ တရာလိုပြုလုပ်
ခဲ့ပါသည်။

ခလေးနှစ်ယောက်အား အင်းစိန်ဆေးရုံတွင်
ဆေးစစ်ချက်သွားယူရာ ဆေးရုံမှဆေးရုံတင်
ကုသဘို့လိုအပ်သည်ဖြစ်၍ ဆေးရုံတင်ရန်
ဒီနေ့တွင် စခန်းနှင့် ဝိုင်းကူသူဆိုင်နီးခြင်းများ
မှစီစဉ်နေပါပြီ။
လောလောဆယ် အနီးဆိုင်မှ ခေတ္တစောင့်
ရှောက်ထားပြီး ဆေးရုံတင်ရန် ကြီုးစားမည်
ဖြစ်ပါသည်။ဆေးရုံတင်သည့်အခါလူနာစောင့်
နှင့်ဆေးဘိုး ကုန်ကျစရိပ်များရှိနေပါသဖြင့်ကူညီပေးကြပါလို့တင်ပြအပ်ပါသည်
တင့်လွင်
09444071969
၁၃.၃.၂၀၁၇
၅း ၃၀ နာရီ
Lwin Oo

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။