Monday, March 13, 2017

ဆီဆိုင်မြို့ မှာ ပွဲပြန် ဆိုင်ကယ်နှင့် ထော်လာဂျီတိုက်မိ တစ်ဦး သေဆုံး


(12-3-2017)

မတ်လ (၁၂)ရက်နေ့ ည ၈း၃၀ နာရီခန့်လောက်က ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ တောင်ဖက် နီလာရိုးမစက်သုံးဆီ အရောင်းဆိုင် တောင်ဖက် မီတာ ၂၀၀ခန့် အကွာမှာ ပုံးလောင်းဒဲဉ်သီးလာဗွေ ပွဲ မှ ပြန်လာသော ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်မှ ကိုကိုဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ပုံးလောင်းပွဲသို့လာသော ထော်လာဂျီတို့ တိုက်မိပြီး ကိုကိုဝင်းမှာ နေရာတွင် ပွဲချင်ပီး သေဆုံးသွားခဲ့ပါတယ်။


တိုက်မိသော ထော်လာဂျီမှာ တာဝန်မဲ့စွာဖြင့် ထွက်ပြေးသွား ခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာသို့ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူးနှင့်အတူ အမှုစစ်ရဲအရာရှိများ၊ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များက ည ၁၀ နာရီခန့် အချိန်တွင် သွားရောက် စစ်ဆေးကြည့်ရှုခဲ့ကြပါတယ်။


ဆီဆိုင်မြို့မှာ ယာဉ်မောင်းနှင်သူများက ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှုများ အားနဲလျှက်ရှိနေသော်လည်း ရဲတပ်ဖွဲ့အင်အား မလုံလောက်မှုကြောင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးတွင် အခက်အခဲများစွာရှိနေပြီး ယာဉ်တိုက်မှုများ လူအသေအပျောက် ဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျှက် ရှိနေကြောင်း သိရပါတယ်။

သတင်း - ဓါတ်ပုံ ။  ။ San Win
by သစ်ထူးလွင်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။