Friday, May 25, 2012
လူထုတောင်းဆိုမှုကို အကြမ်းမဖက်ဖို့ အာဆီယံအကြီးအကဲ သတိပေး
မြန်မာနိုင်ငံမှာ လတ်တလောပေါ်ပေါက်နေတဲ့ လျှပ်စစ်စွမ်းအင်ရရှိရေး
ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းမဖက်ဘဲ အေးဆေးညင်သာ ဖြေရှင်းပြီး၊ ဒါတွေဟာ
စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းရာမှာ ဖြစ်မြဲဓမ္မတာ
ကိစ္စတွေအဖြစ်
ရှုမြင်ဖို့ လိုအပ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်က
မြန်မာအစိုးရကို ကြာသပတေးနေ့က တိုက်တွန်း သတိပေးလိုက်ပါတယ်။
Photo courtesy of ASEAN web site
လပွတ္တာလယ်သမားတွေ မြေစာရင်းရုံးမှာ လယ်ယာမြေပြန်လည်ခွဲဝေပေးဖို့တောင်းဆို
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာရှိတဲ့ လယ်ယာမြေပေါင်း(၅၆၀)ကျော်ကို
ဌာနဆိုင်ရာတွေကသိမ်းယူပြီးသီးစားပြန်ချပါတယ်။ တောင်သူလယ်သမားပေါင်း (၆၅)ဦးက
သူတို့သိမ်းခံရတဲ့လယ်ယာမြေတွေကို ပြန်လည်ခွဲဝေပေးဖို့
၂၀၁၂ခုနှစ်၊မေလ(၂၂)ရက် နံနက် (၁၀း၀၀)နာရီမှာ မြို့နယ်မြေစာရင်းရုံးသို့
ချီတက်ပြီး အရေးဆိုခဲ့ပါတယ်။ မြေယာမှုခင်းအဖြစ်
ဌာနဆိုင်ရာတွေကသိမ်းယူပြီးသီးစားပြန်ချပါတယ်။ တောင်သူလယ်သမားပေါင်း (၆၅)ဦးက
သူတို့သိမ်းခံရတဲ့လယ်ယာမြေတွေကို ပြန်လည်ခွဲဝေပေးဖို့
၂၀၁၂ခုနှစ်၊မေလ(၂၂)ရက် နံနက် (၁၀း၀၀)နာရီမှာ မြို့နယ်မြေစာရင်းရုံးသို့
ချီတက်ပြီး အရေးဆိုခဲ့ပါတယ်။ မြေယာမှုခင်းအဖြစ်
ရန်ကုန်မြို့တော်၏ ရေပေးဝေမှုလုပ်ငန်းနှင့် မိလ္လာစနစ်များတွင် ဂျပန်နိုင်ငံမှ အကူအညီပေးရန်အတွက် လေ့လာတွက်ချက်မှု ပြုလုပ်နေ

ရန်ကုန်မြို့တော်၏ ရေပေးဝေ မှုလုပ်ငန်းများ၊ မိလ္လာစနစ်များအား ဂျပန်နိုင်ငံမှ အကူအညီပေးရန်အတွက် လေ့လာတွက်ချက် တိုင်းတာမှုများပြုလုပ်ရန် ပြင်ဆင်နေကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး၏ ပြောကြား ချက်အရ သိရှိရသည်။
ရန်ကုန်မြို့တော်၏ ရေပေးဝေမှု၊ မိလ္လာစနစ်များတွင် ဂျပန်နိုင်ငံမှ အကူညီပေးရန်အတွက် ဂျပန်အစိုးရ ၏ ခွင့်ပြုမိန့်ရရှိရန်လည်း စောင့်ဆိုင်း နေသည်ဟု သိရသည်။
လျှပ်စစ်မီး ၂၄ နာရီ ပြန်လည်ရရှိရေးအတွက် ဖယောင်းတိုင်များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်မှုကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နှင့် မြို့တော်ခန်းမရှေ့တို့တွင် ပြုလုပ်
လျှပ်စစ်မီး၂၄ နာရီ ပြန်လည်ရရှိရေးအတွက် ဖယောင်းတိုင်များ ကိုင်ဆောင်၍
လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
ဒဂုံတောင်မြို့နယ်နှင့် မြို့တော်ခန်းမ ရှေ့တို့တွင် မေလ ၂၃ ရက်နေ့
ညပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းဈေးသစ်ကြီးအား လာမည့် ဇွန်လဆန်းတွင် ဖွင့်လှစ်ရန် စီစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မီးလောင်ပျက်စီးခဲ့ရသော
သင်္ဃန်းကျွန်းဈေးနေရာတွင် သင်္ဃန်းကျွန်းဈေးသစ်ကြီးကို
ပြန်လည်တည်ဆောက်လျက်ရှိရာ လာမည့်ဇွန်လ ဆန်းပိုင်းတွင်ဖွင့်လှစ်နိုင်ရန်
စီစဉ်လျက်ရှိ သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ
တွဲဖက်အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရှိရသည်။
Grand Royal အရက်ချက်စက်ရုံ၏ ၀န်ထမ်းများက တောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အလုပ်မှထုတ်မည်ဟု စက်ရုံမှတာဝန်ရှိသူက ကြေညာခဲ့ရာ ယင်းကြေညာချက်နှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ပြုလုပ်နေ
ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန် ၃ ၊ ဖန်ချက်ဦးဖိုမှန်လမ်းရှိ
Grand Royal အရက်ချက်စက်ရုံတွင် ၀န်ထမ်း ၂၅၀ ကျော်မှ အခြေခံလစာ
တိုးမြှင့်ရန် အပါအ၀င် အဓိကအချက် ငါးချက် ရရှိရန် စက်ရုံတာဝန်ရှိသူ များထံ
တောင်း ဆိုမှုကို မေလ ၂၁ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ခဲ့ရာ စက်ရုံဘက်မှ အလုပ်ထုတ်ပယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်နှင့်ပတ်သက်၍ ၀ါဏ္ဍိဇ ပဋိပက္ခရုံး၌ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း တောင်းဆိုသူ အလုပ်သမားတစ်ဦးက ဆိုပါသည်။
ထိုသို့ ပြုလုပ်ခဲ့ရာ စက်ရုံဘက်မှ အလုပ်ထုတ်ပယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်နှင့်ပတ်သက်၍ ၀ါဏ္ဍိဇ ပဋိပက္ခရုံး၌ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း တောင်းဆိုသူ အလုပ်သမားတစ်ဦးက ဆိုပါသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက်ရှိ မြေ ၉ ဒသမ ၂၅ ဧကပေါ်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတစ်ခု မြို့တော်စည်ပင်မှ အကောင်အထည်ဖော်မည်
ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက်ရှိ မြေ ၉ ဒသမ ၂၅
ဧကပေါ်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတစ်ခုကို
အကောင်အထည်ဖော်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏
အတွင်းရေးမှူးဦးကျော်စိုးက မေလ ၂၂ ရက်နေ့က ပြောကြားခဲ့ ပါသည်။
ဘုရင့်နောင်နှင့် ရွှေဂုံတိုင် ခုံးကျော်တံတားတို့ကို မကြာမီ တည်ဆောက်သွားရန် စီစဉ်နေသည်ဟုဆို

မေလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ရွှေဂုံတိုင်မီးပွိုင့်ကို တွေ့ရစဉ်
ရန်ကုန်မြို့တွင် လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရန် အကောင်အထည်ဖော်နေပြီး ဘုရင့်နောင်နှင့် ရွှေဂုံတိုင်ခုံးကျော်တံတားတို့ကို မကြာခင် တည်ဆောက်သွားရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက မေလ၂၂ရက်နေ့က ပြောကြားခဲ့သည်။
မြောင်းတကာ စက်မှုဇုန်ရှိ ရန်ကုန် သရဖူသံမဏိစက်ရုံတွင် လုပ်သားအင်အားငါးရာကျော်ပါဝင်သည့် ဆန္ဒပြမှု ဖြစ်ပွား၊ ပိုင်ရှင်ဖြစ်သူ နေရပ်သို့ ပြန်လည်ထွက်ခွာသွားသဖြင့် ၀န်ထမ်များမှ အစာငတ်ခံ စတင်ဆန္ဒပြနေကြောင်း သိရ

မြောင်းတကာစက်မှုဇုန်ရှိ ရန်ကုန်သရဖူသံမဏိစက်ရုံရှေ့တွင် ဆန္ဒပြမှု ဖြစ်ပွားနေသည့် မြင်ကွင်းများအား တွေ့မြင်ရစဉ်
- ရွှေမှော်သား/myanmarreferral.com) ရွှေတူးလုပ်ငန်းမှ စွန့်ထုတ်လိုက်သော ပြဒါးသင့်ရေများ၊ သဲများနှင့် ကျောက်စရစ်များက လယ်မြေဧက ၃၀၀ ကျော်ကို ဖုံးလွှမ်းသွားခဲ့ပြီး ၎င်းတို့သီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် လယ်သမားများက အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။ “ရွှေတူးတဲ့ကိစ္စကို တားပေးပါဆိုပြီးရွှေမျှောစာတွေနဲ့ သဲတွေ၊ ကျောက်တွေ စုပုံနေတဲ့ကိစ္စကိုပေါ့။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပေးဖို့ ဆောင်ရွက်ပေးပါဆိုပြီး လျှောက်တယ်။ ဟုမ္မလင်းတရားရုံးက အမှုကို ၁၁ ရက်မှာ လက်ခံလိုက်တယ်။ မေလ ၂၂ ရက်နေ့မှာ ရွှေတူးတာ ရွှေ့ဆိုင်းမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ၂၃ ရက်နေ့မှာ ရွှေလုပ်ကွက် ကုမ္ပဏီ ၆ ခုက အပြီးသိမ်းသွားတယ်” ဟု ဥပဒေအတိုင်ပင်ခံ ကိုဖိုးဖြူက ဧရာဝတီသို့ ပြောသည်။ သဘာဝအခွင့်အရေးများကို ခံစားရန် ကာကွယ်ရေးအတွက် ပြဌာန်းထားသော သီးခြားသက်သာခွင့် ဥပဒေ ပုဒ်မ ၅၅ အရ တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ကိုဖိုးဖြူက ရှင်းပြသည်။ လယ်သမားများ၊ အလုပ်သမားများ၏ ဥပဒေရေးရာကိစ္စများအား ကူညီလုပ်ဆောင်ပေးနေသော ကိုဖိုးဖြူကို ရှမ်းတိုင်းရင်းသား လယ်သမားများက ဆက်သွယ် အကူညီတောင်းခံလာသည့်အတွက် ဟုမ္မလင်း တရားရုံးသို့ အမှုတိုင်ကြားနိုင်ရန် ကိုယ်တိုင် သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြို့နယ်အာဏာပိုင်များထံမှ လုပ်ငန်းလုပ်ခွင့်ရထားသော သတ္တုတူးဖော်ရေး ကုမ္ပဏီ ၆ ခု ဖြစ်သည့် စွမ်းထက်ဝင်း၊ ရွှေဝတီ၊ ငုဝါ၀င်းရွှေ၊ ဌေးဝင်းထွန်း၊ အောင်တိုင်းစံနှင့် ရွှေတောင်ကြား ကုမ္ပဏီတို့က ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် နောင်တောကျေးရွာအုပ်စုတွင်းရှိ တုန်ခံကျေးရွာ အပါအ၀င် မြန်မာပြည် အနောက်မြောက်ဘက်ဒေသ ချင်းတွင်းမြစ်၊ ဥရုချောင်းရိုး တလျှောက်တွင် ရွှေတူးဖော်လုပ်ငန်း လုပ်ကိုင်နေခြင်း ဖြစ်သည်။ ရွှေတူးဖော်ရေးအတွက် တုန်ခံကျေးရွာရှိ ဟွေ့ဖလာအင်းနှင့် ဥရုချောင်းတို့မှ ရေကို ရေစုပ်စက်ဖြင့် စုပ်တင်ယူသည့်အတွက်လည်း ရွာသူရွာသားများ ရေအခက်အခဲ ကြုံနေရကြသကဲ့သို့ ပြန်လည်စွန့်ထုတ်လိုက်သော ပြဒါးအဆိပ်သင့်ရေများနှင့် ရွှေမျှောစာ စွန့်ပစ်ပစ္စည်းများက ဟွေ့ဖလာအင်း အနိမ့်ပိုင်းဒေသများရှိ လယ်မြေများတွင်း စီးဆင်းသွားကာ လယ်ယာ သီးနှံများ ဆုံးရှုံးရခြင်း ဖြစ်သည်။ ယခု ကုမ္ပဏီများ ထွက်ခွာသွားပြီးနောက် တောင်သူများ စိုက်ခင်းများ ပြန်လည် စိုက်ပျိုးနိုင်တော့မည် ဖြစ်သည်။ “စိုက်ပျိုးတဲ့အဆင့်ထိ ရောက်အောင် တချို့လယ်တွေက လုပ်လို့ရပေမယ့်တချို့လယ်တွေက လုပ်လို့မရဘူးပေါ့။ လုပ်လို့ရတဲ့လယ်တွေအတွက်ပြန်စိုက်ပျိုးထွန်ယက်တာကို လုပ်ပြီး လုပ်လို့မရတဲ့ လယ်တွေအတွက်က တရားရုံးကိုဆက်လက်ပြီး သီးနှံပျက်စီးသွားတဲ့အတွက် လျော်ကြေး ဆက်တောင်းရဦးမှာပါ” ဟု ကိုဖိုးဖြူက ဆိုသည်။
စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းဒေသရှိ ကျေးရွာများတွင်
ရွှေတူးဖော်ရေးလုပ်ကိုင်နေသော ကုမ္ပဏီ ၆ ခုကို ဟုမ္မလင်း တရားရုံးက
ရွှေရှာဖွေခွင့် တားမြစ်မိန့် ထုတ်လိုက်ပြီးနောက် ထိုကုမ္ပဏီများ
ရွှေလုပ်ကွက်များမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်တွင် ဟုမ္မလင်းမြို့နယ်တွင်းရှိ တုန်ခံကျေးရွာမှ ရှမ်းတိုင်းရင်းသား လယ်သမား ၁၂ ဦးက တရားရုံးတွင် တရားစွဲဆိုခဲ့သည့်အမှုကို လက်ခံပြီးနောက် မေလ ၂၂ ရက်နေ့တွင် တရားသူကြီးက ယခုကဲ့သို့ တားမြစ်မိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်တွင် ဟုမ္မလင်းမြို့နယ်တွင်းရှိ တုန်ခံကျေးရွာမှ ရှမ်းတိုင်းရင်းသား လယ်သမား ၁၂ ဦးက တရားရုံးတွင် တရားစွဲဆိုခဲ့သည့်အမှုကို လက်ခံပြီးနောက် မေလ ၂၂ ရက်နေ့တွင် တရားသူကြီးက ယခုကဲ့သို့ တားမြစ်မိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မြန်မာ့ အပြောင်းအလဲ ဖူးငုံစ အဆင့်မှာ ရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို
မြန်မာ့ အပြောင်းအလဲ ဖူးငုံစ အဆင့်မှာ ရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို
2012-05-24
တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေး အခြေအနေတွေဟာ ကနဦးအစ အနေအထားမှာသာ ရှိသေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
RFA
အောက်စဖို့ ဂုဏ်ထူးဆောင်ဘွဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ခံယူမည်
အောက်စဖို့ ဂုဏ်ထူးဆောင်ဘွဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ခံယူမည်
2012-05-24
ဗြိတိန်နိုင်ငံ အောက်စဖို့ တက္ကသိုလ်က ၁၉၉၃ ခုနှစ် ဧပြီလကတည်းက ပေးအပ်ခဲ့တဲ့ ဂုဏ်ထူးဆောင် ပါရဂူဆုကို လာမယ့် ဇွန်လ (၂၀) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်လက်ခံမှာ ဖြစ်ပါတယ်။
အောက်စဖို့ တက္ကသိုလ် ဒုတိယ အဓိပတိ ပါမောက္ခ Andrew Halmiton က-
နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့ တက္ကသိုလ်ကို
ပြန်လာနိုင်ပြီဖြစ်လို့ မိမိတို့ အင်မတန် နှစ်ထောင်းအားရ ဖြစ်မိကြောင်း
ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်စဖို့ တက္ကသိုလ် St Hugh's College မှာ ဒသနိကဗေဒ၊ နိုင်ငံရေးနဲ့ စီးပွားရေး ဘာသာရပ်တွေကို ၁၉၆၄ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ ဆည်းပူးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်စဖို့ တက္ကသိုလ် St Hugh's College မှာ ဒသနိကဗေဒ၊ နိုင်ငံရေးနဲ့ စီးပွားရေး ဘာသာရပ်တွေကို ၁၉၆၄ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ ဆည်းပူးခဲ့ပါတယ်။
လူထုတောင်းဆိုမှုကို အကြမ်းမဖက်ဖို့ အာဆီယံအကြီးအကဲ သတိပေး
လူထုတောင်းဆိုမှုကို အကြမ်းမဖက်ဖို့ အာဆီယံအကြီးအကဲ သတိပေး
2012-05-24
မြန်မာနိုင်ငံမှာ လတ်တလောပေါ်ပေါက်နေတဲ့ လျှပ်စစ်စွမ်းအင်ရရှိရေး ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းမဖက်ဘဲ အေးဆေးညင်သာ ဖြေရှင်းပြီး၊ ဒါတွေဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းရာမှာ ဖြစ်မြဲဓမ္မတာ ကိစ္စတွေအဖြစ် ရှုမြင်ဖို့ လိုအပ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်က မြန်မာအစိုးရကို ကြာသပတေးနေ့က တိုက်တွန်း သတိပေးလိုက်ပါတယ်။
Photo courtesy of ASEAN web site
တိုးတက်မှုနဲ့ ချိုးဖောက်မှုတွေ မြန်မာမှာ ဒွန်တွဲနေဆဲ
တိုးတက်မှုနဲ့ ချိုးဖောက်မှုတွေ မြန်မာမှာ ဒွန်တွဲနေဆဲ
2012-05-24
အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၁၁ ခုနှစ်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာမှာ အရှေ့အလယ်ပိုင်း ဒေသတလျှောက် ပြန့်နှံ့ခဲ့တဲ့ နာမည်ကျော် အာရပ် နွေဦးတော်လှန်ရေး နဲ့အတူ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို တိုးတက်မှုတွေအဖြစ် ဖော်ပြလိုက်ပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
U.S. Department of State
NLD ပါတီ အလုပ်သမားများဘက်က ရပ်တည်မည်
NLD ပါတီ အလုပ်သမားများဘက်က ရပ်တည်မည်
2012-05-24
အခြေခံအလုပ်သမား လစာတိုးမြှင့်ရေး ဆန္ဒပြတောင်းဆိုနေကြတဲ့ လှိုင်သာယာစက်မှုဇုန်က အလုပ်သမားတွေအရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ကို တင်ပြဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ပြောဆိုပါတယ်။
RFA
အလုပ်သမားထု တောင်းဆိုချက်များ အငြင်းခံရ
အလုပ်သမားထု တောင်းဆိုချက်များ အငြင်းခံရ
2012-05-24
အခြေခံလစာ တိုးမြှင့်ပေးရေး တောင်းဆိုဆန္ဒပြနေကြတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက Yangon Crown သံမဏိစက်ရုံ အလုပ်သမားတွေရဲ့တောင်းဆိုချက်ကို ကုမ္ပဏီအနေနဲ့ လိုက်လျောပေးမှာ မဟုတ်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
Photo courtesy of Messenger News journal
အိန္ဒိယ၀န်ကြီးချုပ်၏ မြန်မာပြည်ခရီးစဉ်တွင် မဏိပူရပြည်နယ်၏ မြို့တော်နှင့် မန္တလေးကို တိုက်ရိုက်ဘတ်စ်ကား ထားရှိရေး အဆိုပြုသွားမည်ဟု သိရ
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် ယခုလနှောင်းပိုင်းတွင်
မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ရာ၌ မြန်မာနိုင်ငံအပေါ် ကြွေးမြီအမေရိကန်
ဒေါ်လာသန်း ၅၀၀ ကျော် ရွှေ့ဆိုင်းပေးသွားမည်ဖြစ်ပြီး မဏိပူရပြည်နယ် ၏
မြို့တော်အင်ဖာနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ချိတ်ဆက်သော
ဘတ်စ်ကားလိုင်း ထားရှိရေး၊ မြန်မာနိုင်ငံတွင် အိန္ဒိယဘဏ်ရုံးခွဲများ
ဖွင့်လှစ်ထားရှိသွားရေး ကိစ္စရပ်များကို အဆိုပြုသွားမည်ဟု The Indian
Express သတင်းစာမှ ဖော်ပြသွားသည်။
မိုးစရွာနေပြီဖြစ်သဖြင့် လျှပ်စစ်မီးကိစ္စ မကြာမီ ပြေလည်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတအကြံပေး ပြောကြား
မိုးစရွာနေပြီဖြစ်သဖြင့် လျှပ်စစ်ကိစ္စ မကြာမီ ပြေလည်သွားမည်ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ယနေ့ မေလ ၂၄ရက်နေ့တွင်
နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တရားဝင်ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ပြောကြား
နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ မေလ ၃ ရက်နေ့တွင်
ထွက်ရှိလာသော အမိန့်အရ တရားဝင်ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း
နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့ မေလ ၂၄ရပ်နေ့တွင်
နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အင်အားသုံးဖြေရှင်းမှု ဆန္ဒထုတ်ဖော်သူများ မကျေနပ်
ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးတချို့တွင် ငြိမ်းချမ်းစွာ
ဆန္ဒဖော်ထုတ်မှုများကို လုံခြုံရေးများက တားဆီးခြင်း၊ အင်းအားသုံးရိုက်နှက်
ဖမ်းဆီးခြင်းများ ရှိနေသောကြောင့် မကျေနပ်မှုများ ကျယ်ပြန့်လာကာ
နိုင်ငံရေးအရ ပြဿနာ ကြီးထွားလာမည်ကို ဆန္ဒထုတ်ဖော်သူ ပြည်သူများက
စိုးရိမ်နေကြသည်။
ဒေါက်တာဦးမြင့်၏ အိတ်ဖွင့်ပေးစာ သမ္မတရုံးနှင့် မဆိုင်ဟု အကြံပေးများ ရှင်းလင်း
နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာဦးမြင့်၏
အိတ်ဖွင့်ပေးစာသည် ၎င်းပုဂ္ဂလိက ဆန္ဒအလျောက် ရေးသားခဲ့ခြင်းသာ ဖြစ်ပြီး
နိုင်ငံတော်သမ္မတရုံးအနေဖြင့် ကြိုတင် မသိရှိ သကဲ့သို့ နိုင်ငံတော်သမ္မတရုံး၏
သဘောထားကိုလည်း တစုံတရာ ထင်ဟပ်ခြင်းမရှိကြောင်း သမ္မတအကြံပေး
ဦးကိုကိုလှိုင်က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့ အင်လျားလမ်းရှိ နိုင်ငံတော်သမ္မတ အကြံပေးများရုံးတွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဦးမြင့်၏ “ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ” နှင့် ပတ်သက်၍ ဦးကိုကိုလှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ အင်လျားလမ်းရှိ နိုင်ငံတော်သမ္မတ အကြံပေးများရုံးတွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဦးမြင့်၏ “ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူသို့ အိတ်ဖွင့်ပေးစာ” နှင့် ပတ်သက်၍ ဦးကိုကိုလှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာစစ်တပ် စစ်ရာဇဝတ်မှုများကျူးလွန်နေဟု AI ထုတ်ပြန်
လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင်
မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန် သော ရာဇဝတ်မှုများ
ကျူးလွန်နေကြောင်း လန်ဒန် အခြေစိုက် နိုင်ငံတကာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International (AI) က ထုတ်ပြန်
ကြေညာလိုက်သည်။
လျှပ်စစ်မီးနဲ့ ဒီမိုကရေစီ ဘာအရေးကြီးဆုံးလဲ
လျှပ်စစ်မီး မှန်မှန် ရရှိဖို့ ရန်ကုန်နဲ့
မန္တလေးတွေ အပါအ၀င် မြို့ကြီးတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာတွေ
ပြုလုပ်နေစဉ်မှာပဲ လျှပ်စစ်မီးနှင့် ဒီမိုကရေစီ ဘာအရေးကြီးဆုံးလဲဆိုတာနဲ့
ပတ်သက်ပြီး သုံးသပ်မှုတွေလည်း ပေါ်ထွက်လာပါတယ်။
အလုပ်သမား လုပ်ခလစာ ဥပဒေ မရှိသေးဘူး
ယခုလတ်တလော ရန်ကုန်နှင့် အနီးတ၀ိုက်ရှိ စက်မှုဇုန်များမှ စက်ရုံ အလုပ်သမားများ၏ လုပ်ခလစာ တိုးပေးရေးနှင့် ရပိုင်ခွင့်များအတွက် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ စက်ရုံအသီးသီးမှ ထောင်နှင့် ချီနေသော အလုပ်သမား၏ ရပိုင်ခွင့်များ ဆန္ဒပြတောင်းဆိုရာတွင် အစိုးရဘက်မှ ကိုယ်စားလှယ်များက ဝင်ရောက်ဖြေရှင်းပေးမှုများ ရှိသော်လည်း အများစုမှာ ပြေလည်မှု မရသေးပဲ ဖြစ်နေသည်။ ယခုကဲ့သို့ အလုပ်သမား ဆန္ဒပြမှုများ မကြာခဏဖြစ်နေခြင်း၊ ရက်ရှည်လာသည့်တိုင် ဆန္ဒပြမှုများ ပြေလည်မှု မရဘဲ ဖြစ်နေရခြင်းများနှင့် ပတ်သက်၍ နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်း ထားပါသည်။
SSA နှင့် အစိုးရတပ် တိုက်ပွဲပြန်ဖြစ်
မကြာသေးခင်က အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်ချမ်းရေး
သဘာတူညီထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့နှင့်
အစိုးရတပ်များ ယမန်နေ့က တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အတွင်း လှုပ်ရှားနေသော SSA- S တပ်ဖွဲ့နှင့် အစိုးရ ခြေလျင်တပ်ရင်း အမှတ် ၆၅ တပ်ဖွဲ့ ၀င်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း SSA တောင်ပိုင်း ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြော သည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အတွင်း လှုပ်ရှားနေသော SSA- S တပ်ဖွဲ့နှင့် အစိုးရ ခြေလျင်တပ်ရင်း အမှတ် ၆၅ တပ်ဖွဲ့ ၀င်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း SSA တောင်ပိုင်း ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြော သည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပေါ်ထွက်လာရန်ရှိ
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု
ဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲလျက်ရှိပြီး အသစ်ထွက်ပေါ် လာမည့် ထိုဥပဒေသစ်တွင်
ဝင်ငွေခွန်နှင့် အကောက်ခွန် ကင်းလွတ်ခွင့်များ ပါရှိမည် ဖြစ်ကြောင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှုး
ဦးကျော်ထွန်းက ပြောကြားသည်။
ထာဝရငြိမ်းချမ်း 67 လက်မှတ်ရေးထိုး လှုပ်ရှားမှု
နယူးဒေလီ (မဇ္ဈိမ) ။ ။ တနှစ်ခန့်ကြာ ကချင်ပြည်နယ်တွင်း ထိုးစစ်များ အပါအဝင် နှစ်ပေါင်း ၆ဝ ကျော်
ပြည်တွင်းစစ် ရပ်စဲခြင်း မရှိသေး၍ “ထာဝရငြိမ်းချမ်း 67” ခေါ် လက်မှတ်ရေးထိုး လှုပ်ရှားမှုတခု စတင်တော့မည်ဟု သိရသည်။
ပြည်တွင်းစစ် ရပ်စဲခြင်း မရှိသေး၍ “ထာဝရငြိမ်းချမ်း 67” ခေါ် လက်မှတ်ရေးထိုး လှုပ်ရှားမှုတခု စတင်တော့မည်ဟု သိရသည်။
ဆွေးနွေးပြီး ရက်ပိုင်းအတွင်း ဖြစ်သည့်တိုက်ပွဲကိစ္စ SSA-S ဦးအောင်မင်းထံ စာပို့
စံခလပူရီ (မဇ္ဈိမ) ။ ။ မေလ ၁၉ ရက်နေ့တွင် အစိုးရနှင့် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးပြီး ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဖြေရှင်းချက်ပေးရန် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ဟု ထင်ရှားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS-SSA) က ကြာသပတေးနေ့တွင် ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းထံ စာရေးသား ပေးပို့ခဲ့သည်။
ဆွေးနွေးပြီး ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဖြေရှင်းချက်ပေးရန် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ဟု ထင်ရှားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS-SSA) က ကြာသပတေးနေ့တွင် ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းထံ စာရေးသား ပေးပို့ခဲ့သည်။
လွှတ်တော်များ၏ တိုင်းရင်းသားနှင့် ငြိမ်းချမ်းရေး ကော်မတီ နယ်လှည့်ခရီးစဉ်များ
ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ဖွဲ့စည်းထားသည့် တိုင်းရင်းသား
ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးပေါင်းကော်မတီသည် မေလ ၂၂ ရက်မှ စတင်၍ ပြည်နယ်နှင့် တိုင်းများသို့ လေ့လာရေးခရီးများ စတင် ထွက်ခွာလာခဲ့ကြသည်။
ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးပေါင်းကော်မတီသည် မေလ ၂၂ ရက်မှ စတင်၍ ပြည်နယ်နှင့် တိုင်းများသို့ လေ့လာရေးခရီးများ စတင် ထွက်ခွာလာခဲ့ကြသည်။
ကျောက်ပန်းတောင်း EPC က ဆန္ဒမပြရန် မီးပျက်ရသည့် အကြောင်းအရင်းအား လိုက်လံအသိပေး
မန္တလေးတိုင်းဒေသကြီး
မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့တွင် EPC (စွမ်းအင်နှင့်လျှပ်စစ်ဌာန)
ပေးထားသူများသည် မီးရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခြင်းများ
မပြုလုပ်စေရေးအတွက် ရပ်ကွက် အတွင်းသို့ မီးပျက်ရသည့်အကြောင်းအရင်းကို
လိုက်လံအသိပေးလျက်ရှိကြောင်း သိရှိရသည်။
အဝေးပြေးယာဉ်လိုင်းများပေါ်တွင် မြန်မာဗီဒီယိုဇာတ်ကားးပြသခွင့်အား တားမြစ်
ယခင်က
နားလည်မှုနှင့် ခွင့်ပြုထားခဲ့သော အဝေးပြေးယာဉ်လိုင်းများပေါ်တွင်
မြန်မာဗီဒီယိုဇာတ်ကားများ ပြသနေမှုများအား ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သိရသည်။
ကျောင်းဖွင့်အမီ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်စုပုံပါသည့် ကျောင်းသုံးပစ္စည်းများ အရောင်းသွက်

ကမ္ဘာ့စီးပွားညီလာခံ ဒေါ်စု မိန့်ခွန်းပြောမည်
မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၁ရက်နေ့အထိလုပ်မဲ့ ကမ္ဘာ့ စီးပွားရေးညီလာခံမှာ
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံ
ဘန်ကောက်မြို့မှာ ပြုလုပ်မဲ့ ညီလာခံကို ဒေါ်အောင်ဆန်းဆုကြည် တက်ရောက်ဖို့
ဇွန်လ ၂၈ ရက်နေ့ ဘန်ကောက် သွားမယ်ဆိုတာကို အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ပါတီ (NLD) ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အတည်ပြုပါတယ်။
ပြည်သူတွေ လျှပ်စစ်ခြွေတာဖို့ သမ္မတ အကြံပေး တိုက်တွန်း
မြန်မာနိုင်ငံမှာ အိမ်တွေ ဖယောင်းတိုင်ထွန်းပြီး လျှပ်စစ်မီး ပိတ်ထားရင်
ပြဿနာ အဆင်ပြေသွားမယ်လို့ နိုင်ငံတော် သမ္မတအကြံပေး တဦးက ပြောပါတယ်။
အခုရက်ပိုင်းတွေထဲမှာ မြန်မာနိုင်ငံမှာ အလုပ်သမားလစာတိုးရေးနဲ့ လျပ်စစ်မီး
အချိန်အပြည့်အ၀ ရရှိရေးတွေအတွက် ဆန္ဒပြ တောင်းဆိုတာတွေနဲ့ ပတ်သက်တဲ့
သတင်းထောက်တွေရဲ့ မေးခွန်းထဲ အခုလို ဖြေခဲ့တာဖြစ်ပြီး ဆန္ဒပြတာတွေ မလုပ်ပဲ
သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အချင်းချင်း ပြေလည်အောင် ညှိနှိုင်းတာဟာ
အကောင်းဆုံးပဲလို့ သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ပြောခဲ့ပါတယ်။ ရန်ကုန်က သမ္မတ အကြံပေးရုံးမှာ ဒီကနေ့ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အကြောင်းကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
အကောင်းဆုံးပဲလို့ သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ပြောခဲ့ပါတယ်။ ရန်ကုန်က သမ္မတ အကြံပေးရုံးမှာ ဒီကနေ့ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အကြောင်းကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
စက်ရုံအလုပ်သမားပြဿနာ မပြေလည်သေး
လှိုင်သာယာစက်မှုဇုံက ဆက်တိုက်ဆန္ဒပြနေတဲ့ အလုပ်သမားတွေအနေနဲ့
တောင်းဆိုချက်တွေ မရသေးသလို နောက်ထပ် ဆန္ဒပြ အလုပ်သမားတွေလည်း
တိုးလာနေပါတယ်။ အလုပ်သမားရေးရုံးက ကြားဝင် စေ့စပ်ပြီး ညှိနှိုင်းတာတချို့
ရှိခဲ့ပေမဲ့လည်း နှစ်ဘက်စလုံးက မလိုက်လျောနိုင်ကြသေးပါဘူး။
တချို့စက်ရုံတွေမှာတော့ ညှိနှိုင်းတာတွေ ဆက်လုပ်နေကြဆဲပါ။ အလုပ်သမားတွေရဲ့
ဆန္ဒပြပွဲ ဒီကနေ့ နောက်ဆုံး အခြေအနေတွေကို ဘန်ကောက်ကနေ စုံစမ်း
မေးမြန်းထားတဲု ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
မြန်မာစစ်တပ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ဆဲ၊ AI ဝေဖန်
လန်ဒန်အခြေစိုက် Amnesty International လူ့အခွင့်အရေး အဖွဲ့ကြီးရဲ့ ၂၀၁၂
ခုနှစ် နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံ
အတွင်း မြန်မာစစ်တပ်ဟာ တိုင်းရင်းသားဒေသတွေမှာ
လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်လို့
ဝေဖန်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည်ဟု အိန္ဒိယ သတင်းစာ ရေး
ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည်ဟု အိန္ဒိယ သတင်းစာ ရေး
2012-05-24
အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကို လာရောက်လည်ပတ်ဖို့ တရားဝင် ဖိတ်ကြားမှာဖြစ်ကြောင်း Time of India သတင်းစာက ရေးသားဖော်ပြပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်
2012-05-23
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမဲ့ ရက်သတ္တပတ်အတွင်း ကျင်းပမဲ့ ၂၀၁၂ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောမယ်လို့ သိရပါတယ်။
Photo courtesy of NLD
ကျန်းမာရေး အထူးစိုးရိမ်ရတဲ့ နိုင်ငံရေးအကျဉ်းသား အမြန်ဆုံးလွှတ်ပေးဖို့ AAPP တောင်းဆို
ကျန်းမာရေး အထူးစိုးရိမ်ရတဲ့ နိုင်ငံရေးအကျဉ်းသား အမြန်ဆုံးလွှတ်ပေးဖို့ AAPP တောင်းဆို
2012-05-23
ကျန်းမာရေး အထူးစိုးရိမ်စရာ ဖြစ်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၃ ယောက်ကို အမြန်ဆုံးလွှတ်ပေးဖို့ ထိုင်း မြန်မာနယ်စပ်အခြေစိုက် AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက တောင်းဆိုလိုက်ပါတယ်။
RFA
နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP ရုံးအတွင်း ချိတ်ဆွဲထားသော ပုံ ဖြစ်ပါသည်။
အကျဉ်းထောင်ထဲ ကျန်းမာရေးချို့တဲ့နေသူကို အချိန်မီ ပြန်မလွှတ်ပေးတဲ့အတွက် ထောင်တွင်း အသက်ဆုံးရှုံးရတဲ့သူတွေ ရှိခဲ့သလို၊ ထောင်ကလွတ်ပြီး မကြာခင် သေဆုံးရသူတွေလည်း ရှိခဲ့တဲ့အတွက် အခုလိုတောင်းဆိုရတာ ဖြစ်တယ်လို့ AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
" သူ့မိသားစုရဲ့ပြောပြချက်တွေအရ
ကိုဖြိုးဝေအောင်ရဲ့ ကျန်းမာရေးအခြေအနေအရ အတော်ဆိုးဝါးတယ်။ လပိုင်းအတွင်း
အသက်ဆုံးရှူံးသွားနိုင်တယ်။ နောက်အဲဒီလိုပဲ ကျွန်တော်တို့ တချက်တွေ့ရတာ
ဆန်နီ ခေါ် စံရှားတို့၊ တခြားရခိုင်က အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဦးမရတို့
ဒီနှစ်ယောက်ကလည်း ကျန်းမာရေး အခြေအနေ တော်တော်ဆိုးနေတာကို တွေ့ရတယ်။
အရင်တုန်းကလည်း ထောင်ထဲမှာ အဲဒီလိုပဲ ကင်ဆာဝေဒနာ ခံစားရတာတွေရှိတယ်။
ရှိပြီးတော့ခါကျတော့ ထောင်ကထွက်ပြီး တော့ ၁ လလောက်အတွင်းမှာ၊ ဒါမှမဟုတ် ၂
ပတ်လောက်အတွင်းမှာ၊ ၂ လလောက်အတွင်းမှာ သေသွားရတဲ့ နိုင်ငံရေး
အကျဉ်းသားတွေလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကလည်း
ဒီလူတွေရဲ့ ကျန်းမာရေး အခြေအနေတွေကို အတော်လေးတော့ စိုးရိမ်တယ်။
အဲဒီလိုမျိုးကြောင့် ဒီလူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ မေတ္တာရပ်ခံ
တောင်းဆိုတာ ဖြစ်ပါတယ်"
ဒီစာကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အပါအဝင်၊ ကုလသမဂ္ဂ
လူ့အခွင့်အရေးကော်မရှင်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် အစိုးရတွေဆီကို
ပေးပို့လိုက်တယ်လို့ ပြောပါတယ်။ထောင်ထဲမှာ အသည်းကင်ဆာ ရောဂါခံစားနေရတဲ့ ကိုဖြိုးဝေအောင်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကို AHRC ခေါ် အာရှလူ့အခွင့်အရေး ကော်မရှင်ကလည်း ဒီနေ့ တိုက်တွန်းတောင်းဆို လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၄၀၀ ကျော် ကျန်နေသေးတယ်လို့ ပြည်တွင်း၊ ပြည်ပနိုင်ငံရေး အကျဉ်းသားဆိုင်ရာအဖွဲ့တွေက ပြောဆိုကြပါတယ်။
၂၀၁၀ သင်္ကြန်တွင်းမှာ X2O မဏ္ဍပ်ဗုံးခွဲမှုနဲ့ စွပ်စွဲခံရပြီး သေဒဏ်ချမှတ်ခံလိုက်ရတဲ့ ကိုဖြိုးဝေအောင်ဟာ အသည်းကင်ဆာရောဂါနဲ့ နောက်ဆုံးအဆင့် ရောက်နေပြီလို့ မိသားစုကနေ တဆင့်သိရပါတယ်။
Subscribe to:
Posts (Atom)