Friday, May 25, 2012

အောက်စဖို့ ဂုဏ်ထူးဆောင်ဘွဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ခံယူမည်

အောက်စဖို့ ဂုဏ်ထူးဆောင်ဘွဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ခံယူမည်
2012-05-24
ဗြိတိန်နိုင်ငံ အောက်စဖို့ တက္ကသိုလ်က ၁၉၉၃ ခုနှစ် ဧပြီလကတည်းက ပေးအပ်ခဲ့တဲ့ ဂုဏ်ထူးဆောင် ပါရဂူဆုကို လာမယ့် ဇွန်လ (၂၀) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်လက်ခံမှာ ဖြစ်ပါတယ်။
အောက်စဖို့ တက္ကသိုလ် ဒုတိယ အဓိပတိ ပါမောက္ခ Andrew Halmiton က- နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့ တက္ကသိုလ်ကို ပြန်လာနိုင်ပြီဖြစ်လို့ မိမိတို့ အင်မတန် နှစ်ထောင်းအားရ ဖြစ်မိကြောင်း ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်စဖို့ တက္ကသိုလ် St Hugh's College မှာ ဒသနိကဗေဒ၊ နိုင်ငံရေးနဲ့ စီးပွားရေး ဘာသာရပ်တွေကို ၁၉၆၄ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ ဆည်းပူးခဲ့ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။