Friday, May 25, 2012

သင်္ဃန်းကျွန်းဈေးသစ်ကြီးအား လာမည့် ဇွန်လဆန်းတွင် ဖွင့်လှစ်ရန် စီစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မီးလောင်ပျက်စီးခဲ့ရသော သင်္ဃန်းကျွန်းဈေးနေရာတွင် သင်္ဃန်းကျွန်းဈေးသစ်ကြီးကို ပြန်လည်တည်ဆောက်လျက်ရှိရာ လာမည့်ဇွန်လ ဆန်းပိုင်းတွင်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိ သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရှိရသည်။

သင်္ဃန်းကျွန်းဈေးသစ်ကြီး၏ မူလနေရာချထားမှု အစီအစဉ်အရ သား၊ ငါးနှင့် ကုန်စိမ်းစားသောက်ကုန်များကို မြေအောက်ထပ်တွင်လည်းကောင်း၊ ကုန်ခြောက်၊ အ၀တ်အထည်၊ ရွှေနှင့် အလှကုန်တို့ကို မြေညီထပ်တွင် လည်းကောင်း နေရာချထားပေးရန်စီစဉ်ခဲ့သော်လည်း ဈေးသူဈေးသားများက မြေညီထပ်တွင်သာ တပြေးညီ ရောင်းချခွင့်ပေးရန် တောင်းဆိုသဖြင့် မြေညီထပ်တွင်သာ တပြေးညီပြန်လည် နေရာချထားပေးခဲ့ခြင်းဖြစ်သည်။

ယခင် မီးမလောင်မီက သင်္ဃန်းကျွန်းဈေးကြီးသည် ဆိုင်ခန်းပေါင်း ၇၈၆ ခန်းရှိပြီး ၅ ပေပတ်လည် ဆိုင်ခန်းပေါင်း ၇၄၀ ဆိုင်၊ ၁၀ ပေပတ်လည် ဆိုင်ခန်းပေါင်း ၂၆ ဆိုင် နှင့် ၁၀ ပေx၈ ပေဆိုင်ခန်းပေါင်း ၂၀ ဆိုင်တို့ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်မည့် ဈေး သစ်ကြီးတွင် ဆိုင်ခန်းပေါင်း ၇၈၆ ခန်းစလုံးကို မြေညီထပ်တွင် ပြန်လည်နေရာချထားပေးမည်ဖြစ်ပြီး ယခင်ဈေးတွင် ၅ ပေပတ်လည် ဆိုင်ခန်းပိုင်ဆိုင်သူများမှာ ၅ ပေပတ် လည်ပြန်လည် ရရှိ မည်ဖြစ်ကြောင်း၊ ယခင်ဈေးတွင် ၁၀ ပေပတ်လည် ဆိုင်ခန်းများမှာ ယခု၁၀ ပေ ၈ပေ ပြန်လည်ရရှိမည်ဖြစ်ကာ ယခင်ဈေးတွင် ၁၀ ပေx၈ ပေဆိုင်ခန်းများမှာ ၁၀ ပေx၇ပေခွဲ ပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ဈေးကြီးသည် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ၀ါယာရှော့မှ တစ်ဆင့် မီးလောင်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။