Friday, May 25, 2012

EVDO စနစ်ပါ CDMA 800 MHz ဖုန်းအင်တာနက်လိုင်းများအား လကုန်ပိုင်းတွင် လျောက်ထားနိုင်

လက်ရှိ ချထားပေးလျှက်ရှိသော CDMA 800 MHz မိုဘိုင်းဖုန်းများအား EVDO စနစ်ဖြင့် အသုံးပြုနိုင်မည့် အင်တာနက်လိုင်းများအား  ယခု လကုန်ပိုင်းတွင် စတင်လျောက်ထားနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနက  သိရှိရသည်။ 
 

အင်တာနက်လျှောက်ထားခြင်းအတွက် လိုအပ်သောတည်ဆောက်မှုများကို ပြုလုပ်နေပြီဖြစ်ပြီး ယခု လကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
အဆိုပါ လျှောက်ထားမှုကို ယခင်ချထားပေးသောမိုဘိုင်းဖုန်း များကဲ့သို အင်းတာနက်လျှောက်ထား နိုင်သည့် အချိန်ကို ကြေညာသွားမည်ဖြစ်သည်။


“ရှေ့လလောက်မှာ ဖြစ်မယ် ၊ ဘယ်ရက်ဘယ်ချိန်ဆိုတာကိုတော့ အတိအကျပြောလိုမရသေးဘှုး ဘာလိုလည်းဆိုတော့ တစ်ခုခုကြောင့် ရက်မှားသွာရင် မကောင်းဘှုး ကျွန်တော်တို အရင်လိုပဲ အင်တာနက် လျှောက်ထားမှုကို ကြော်ငြာသွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ တာဝန်ရှိသူ တစ်ဦးကပြောသည်။


CDMA 800 MHz ဖုန်းများအတွက် အင်တာနက်အသုံးပြုခွင့်ပေးရာတွင် EVDO စနစ်ဖြင့် အင်တာနက် အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး ယခင်ကလည်း အဆိုပါဖုန်းများတွင် အင်တာနက်အသုံးပြုခွင့်ပေးပြီး နောက်ပိုင်းတွင် ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။


“အခုတော့ တစ်သောင်းပဲ ပေးရတော့တယ်။ အဲဒါကြောင့် ဒီတစ်ခါတော့ လျှောက်မယ်လို့ စဉ်းစားထား ပါတယ်။ အင်တာနက် အမြန်နှုန်းကလည်း EVDO စနစ်နဲ့ ပေးတာဆိုတော့ မြန်မယ်လို့ ထင်ပါတယ်” ဟု အင်တာနက် အသုံးပြုလိုသူ တစ်ဦးကပြောသည်။


အဆိုပါ ဖုန်းများအတွက် အင်တာနက်လျှောက်ထားရာတွင် ယခင်က ကျပ်သုံးသောင်းဖြင့်လျှောက် ထားရခြင်းဖြစ်ပြီး ယခုပြန်လည် ချထားပေးရာတွင် ကျပ်တစ်သောင်းဖြင့်သာ လျှောက်ထားရမည် ဖြစ်သည်။


အင်တာနက်လျှောက်ထားခြင်းကို မြန်မာ့ဆက်သွယ်ရေးမှ ဝန်ဆောင်မှုပေးပြီး မြန်မာ့ဆက်သွယ်  ရေးရုံး (၁၁)ရုံးတွင်   လျှောက်ထားနိုင်သည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။