Friday, May 25, 2012

 အိန္ဒိယ၀န်ကြီးချုပ်၏ မြန်မာပြည်ခရီးစဉ်တွင် မဏိပူရပြည်နယ်၏ မြို့တော်နှင့် မန္တလေးကို တိုက်ရိုက်ဘတ်စ်ကား ထားရှိရေး အဆိုပြုသွားမည်ဟု သိရ

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ရာ၌ မြန်မာနိုင်ငံအပေါ် ကြွေးမြီအမေရိကန် ဒေါ်လာသန်း ၅၀၀ ကျော် ရွှေ့ဆိုင်းပေးသွားမည်ဖြစ်ပြီး မဏိပူရပြည်နယ် ၏ မြို့တော်အင်ဖာနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ချိတ်ဆက်သော ဘတ်စ်ကားလိုင်း ထားရှိရေး၊ မြန်မာနိုင်ငံတွင် အိန္ဒိယဘဏ်ရုံးခွဲများ ဖွင့်လှစ်ထားရှိသွားရေး ကိစ္စရပ်များကို အဆိုပြုသွားမည်ဟု The Indian Express သတင်းစာမှ ဖော်ပြသွားသည်။

၁၉၈၇ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အိန္ဒိယ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီပြီးလျှင် မန်မိုဟန်ဆင်းသည် ပထမဆုံး လာရောက်မည့် ၀န်ကြီးချုပ် ဖြစ်သည်။ အိန္ဒိယ၀န်ကြီးချုပ်သည် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပေးဆပ်ရမည့် ကြွေးမြီများကို ပြန်ပေးဆပ်ရန် အချိန်ကာလ တိုးမြှင့်ပေးလိုက်ခြင်းဖြင့် ဖြေလျော့ပေးခြင်းဖြစ်သည်။

အင်ဖာနှင့် မန္တလေးတိုင်းဒေသကြီး တိုက်ရိုက်ဘတ်စ်ကားလမ်းကို အိန္ဒိယနယ်စပ် မြို့ဖြစ်သည့် မိုရေးမြို့ကိုဖြတ်ကာ ဖောက်လုပ်ရန်၊ လေကြောင်းလိုင်းများကိုလည်း လက်တလောတွင် တစ်ပတ်နှစ်ကြိမ် ပျံသန်းရာမှ တိုးမြှင့်ပျံ သန်းသွားရန်၊၂၀၁၆ခုနှစ်အမီ အိန္ဒိယနယ်စပ်ဒေသများမှ မြန်မာ့မီးရထားလမ်းများ အဆင့်မြှင့်တင်ရေးလုပ် ဆောင်သွားရန်တို့ ပါဝင်သည်။
အခြားအဆိုပြုမည့် အချက်များ တွင် နယ်စပ်ကုန်သွယ်ရေးစခန်းသစ် ဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံအတွင်း ထမံသီနှင့် ရွှေဇာယီရေအားလျပ်စစ်စီမံကိန်းများကို တည်ဆောက်ရေး၊ တမူး-ကလေးဝ-ကမ်ဗိုလမ်းပေါ်ရှိ တံတား ၇၆ စင်း အဆင့်မြှင့်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရန် မြန်မာနိုင်ငံတွင် The Union Bank of India နှင့် Bank of India တို့၏ ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်သွားရန်တို့ ပါဝင်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလက အိန္ဒိယသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုကို ၂၀၁၅ ခုနှစ်အမီ အမေရိကန် ဒေါ်လာ ၃ဘီလျံအထိ လက်ရှိ ကုန်သွယ်မှု ပမာဏ၏ နှစ်ဆမြှင့်တင်ရန် သဘောတူခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။