Wednesday, March 13, 2013

ကြေးနီစီမံကိန်းကို ဆက်လက်ဆောင်ရွက်သင့်


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ လေ့လာတွေ့ရှိ အကြံပြုချက်တွေအတိုင်း ပြင်ဆင်မယ်ဆိုရင် စီမံကိန်းကို ဆက်လက်ဆောင်ရွက်စေသင့်ပါကြောင်း မတ်လ ၁၂ ရက် ဒီကနေ့မှာထုတ်ပြန်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အစီရင်ခံစာမှာပါတဲ့ တွေ့ရှိချက်တွေထဲက တစ်ချို့ကတော့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲရာမှာ မီးစုန်းဓာတ် (ဖော့စဖောရပ်) ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့တဲ့အကြောင်း၊ ဒီလိုသုံးခဲ့တဲ့အတွက် ရဟန်းသံဃာနဲ့ လူပုဂ္ဂိုလ်အချို့မှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တဲ့အကြောင်းကိုလည်း ဖော်ပြ ထားပါတယ်။

လူတစ်စုမှ အသက်(၁၄) နှစ်အရွယ် ကျောင်းသူတဦးအား ဖျားယောင်း သွေးဆောင်မှုအား တရားမျှတစွာ ဖြေရှင်းပေးရန် တိုင်ကြားစာ