Wednesday, March 13, 2013

ရခိုင်-ဘင်္ဂလီအတူနေထိုင်ရေး ဒဲရစ်မစ်ချဲလ်နှင့်အဖွဲ့ ရခိုင်ပြည်နယ်ရောက်ရှိ

 ရခိုင်နှင့်ဘင်္ဂလီတို့အတူတကွ ပြည်လည်နေထိုင်ရေး အဓိကထားလာရောက် ဆွေးနွေးရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နှင့် သံတမန်အဖွဲ့မှာ ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည်။

 

အဆိုပါ အဖွဲ့မှာ မတ်လ (၁၁) ရက်နေ့က ရခိုင်တိုးတက်ရေးပါတီနှင့် ဘင်္ဂလီဒုက္ခသည်စခန်းတို့ သွားရောက်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

 

"၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ မိဘနှစ်ဦးက မွေးဖွားတဲ့ သားသမီးများက မွေးတဲ့ ကလေးတွေ အထိ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာကို လက်ခံပါ သလား" ဟု သံအမတ်ကြီး Derek Mitchell က ရခိုင်တိုးတက်ရေးပါတီ ကို မေးမြန်းခဲ့သည်။

 

ထိုမေးခွန်းကို ရခိုင်တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက လက်ခံကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

 

" နိုင်ငံသားဖြစ်မဖြစ် အစိုးရအနေနဲ့ အင်တိုက်အားတိုက် ဆောင်ရွက်ပေးဖို့ လိုပါ တယ်။ ဘင်္ဂလီတွေကို ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပဲ နိုင်ငံအနှံအပြားခွဲပြီး ထားရန် တောင်းဆိုချင်ပါတယ်" ဟု ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။

 

သံအမတ်ကြီးမှ ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ အမေရိကန်၊ သြစတေးလျ နိုင်ငံအပါအဝင် အနောက်နိုင်ငံများကလည်း ရခိုင်ပြည်နယ်၏ အနာဂါတ်အား စိတ်ဝင်စားနေကြောင်း ပြောကြားခဲ့သည်။

 

ရခိုင်ပြည်နယ် ဒေသတွင်း ပဋိပက္ခအတန်ငယ် အေးဆေးနေပြီဆိုသော်လည်း ဒုက္ခသည်များအရေးကိစ္စ မပြီး သေးကြောင်း သိရသည်။ ဒုက္ခသည်စခန်းများ၌  နေထိုင်သည့် ဘင်္ဂလီများမှာ မိမိနေရပ်သို့ပြန်ချင်သည်ဟု သံအမတ်ကြီးအား ပြောဆိုခဲ့သည်။

 

သံအမတ်ကြီးမှ မတ်လ(၁၂)ရက်နေ့၌ ပေါက်တောနှင့် မြေပုံရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်တွေ့ဆုံမည်ဖြစ်သည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။