Monday, December 10, 2012

လှိုင်းအောက်ရောက်သွားသည့် ခွေးအား ကယ်ဆယ်ရင်း သားနှင့် မိဘနှစ်ပါး သေဆုံး

ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်း ယူရေကာ ဒေသရှိ ဘစ်လာဂွန် ကမ်း ခြေတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ လယ်ပိုင်းတွင် ခွေးတစ်ကောင် ပင်လယ်လှိုင်းအောက် ရောက်ရှိသွားသည်ကို ဆယ်ကျော်သက်တစ်ဦးက လိုက်လံ ကယ်ဆယ်သည်ကို ၄င်း၏ မိဘတို့က လိုက်လံရှာဖွေရင်း သုံးဦးစလုံး သေဆုံးခဲ့ရကြောင်း ။ အဆိုပါဒေသ၏ လုံခြုံရေးအရာရှိ တစ် ဦးဖြစ်သည့် ဒါနာဂျုံးက ထုတ်ဖော်ပြော ကြားခဲ့သည်။

ထိုဆယ်ကျော်သက် ကလေးငယ်သည် ကမ်းခြေတွင် ၄င်း၏ ခွေးနှင့် ဆော့ကစားနေစဉ် ဆယ်ပေခန့် မြင့်သည့် ပင်လယ် လှိုင်းလုံး ရိုက်ခတ်မှုကြောင့် ၄င်း၏ခွေး ခွေးမျောပါသွားသည်ကို လိုက်လံရှာဖွေခဲ့ရာ ၄င်းပါ မျောပါသွား ခဲ့သည်။ ထို ဆယ်ကျော်သက် ကလေး ငယ်၏ မိဘနှစ်ပါးဖြစ်သူတို့သည် ၄င်းတို့၏သား ပင်လယ်လှိုင်း များကြား မျောပါ သွားသည်ကို တွေ့ရှိရ၍ လိုက်လံ ကယ်ဆယ်ရင်း ၄င်းတို့ပါ သေဆုံးခဲ့ရ ကြောင်း ဂျုံးက ဆက်လက်ပြောကြား သည်။

အာဏာပိုင်များက ရဟတ်ယာဉ် များ၊ အသက်ကယ်လှေများနှင့် လိုက်လံ ရှာဖွေခဲ့ရာ အဆိုပါကမ်းရိုးတန်းဒေသရှိ ထူထပ်စွာကျရောက်နေသော မြူခိုး ကြောင့် အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရပြီး မိဘနှစ်ပါး၏ အလောင်းကိုသာ တွေ့ရှိခဲ့ရကြောင်းနှင့် ကလေးငယ်၏ အလောင်းမှာမူ ပျောက်ဆုံးလျက်ရှိကြောင်း တွေ့ရှိရသည်။ (AP,25.11.2012) 

အိမ်ထောင်သက် ၁၉ နှစ်ကြာမှ ဇနီး သည်မှာ မိန်းမအစစ်မဟုတ်မှန်းသိရ

အင်ဒိုနီးရှားနိုင်ငံမှ ဘယ်လ်ဂျီယံ သံအဖွဲ့ခွဲဖြစ်သည့် လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်

မိသားစုမှ မွေးဖွားလာ သော ဘယ်လ်ဂျီယံ လူမျိုး ဂျန်ဆိုသူသည် အင်ဒိုနီးရှား တစ်ဦးနှင့် အိမ်ထောင် ကျခဲ့ပြီး ၁၉နှစ် ကြာပြီးနောက်မှ သူ့ဇနီးသည် ဖြစ်သူ၏ ဇာတိအမှန်မှာ ယောက်ျားကြီး ဖြစ်ကြောင်းသိရလေသည်။

အိမ်ထောင်သက် ၁၉ နှစ်ကြာမှ ဇနီးသည်မှာ မိန်းမအစစ်မဟုတ်မှန်းသိရ

 

အဆိုပါ ဇနီး သည်ဖြစ်သူ အသက် ၄၈ နှစ်အရွယ် မော်နီကာဆိုသူနှင့် လွန်ခဲ့သည့် ၁၉ နှစ်က ချစ်ကြိုက်ခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ ခေါ်ဆောင်လာခဲ့သော် လည်း ဂျန်မှာ ယခုအခါ သူ၏ဇနီးသည်နှင့် ကလေးယူ လို စိတ်မရှိတော့ဘဲ ဇနီးသည်အား သူ၏မိသားစုဝင် အ ဖြစ်မှပါ ထုတ်ပယ်ပစ်ရန် ဘယ်လ်ဂျီယံတရားရုံးအားလျှောက်ထားခဲ့သော်လည်း တရားရုံးမှ ပယ်ချခဲ့သည်။

"ကျွန်တော် လှည့်စားခံခဲ့ရတယ်လို့ ခံစားမိနေတယ်ဗျာ" ဟူ၍ ဂျန်က ဒေသတွင်း သတင်းစာသို့ ပြောဆိုခဲ့သည်။

(Telegraph, 28.11.12)

Jaguar LandRover ကားကုမ္ပဏီ ၂၀၁၃ ခုနှစ်တွင် တရားဝင်ရောင်းရန် ပြင်ဆင်

Jaguar LandRover ကားကုမ္ပဏီ ၂၀၁၃ ခုနှစ်တွင် တရားဝင်ရောင်းရန် ပြင်ဆင်

အိန္ဒိယ၏ Ta Ta ကားကုမ္ပဏီ အုပ်စုလက်အောက်မှ Jaguar LandRover ကားကုမ္ပဏီ သည် မြန်မာနိုင်ငံ တွင် ၄င်းတို့၏ အမှတ်တံဆိပ်ကား များကို ၂၀၁၃ တွင် တရားဝင် ရောင်း ချသွားနိုင်ရန် ပြည်တွင်းကုမ္ပဏီများ နှင့် ဆွေးနွေးထားပြီးဖြစ်ကြောင်း CEO ဖြစ်သူမစ္စတာ Dase Jones က ထိုင်းနိုင်ငံ၏ ၂၉ ကြိမ်မြောက် ကားပြပွဲတွင် ပြောကြားလိုက်သည်။ ပြီးခဲ့သော နှစ်အနည်းငယ်အ တွင်းက မြန်မာနိုင်ငံကို ၄င်းတို့၏ ကားများ ရာဂဏန်းအထိ စတင်ရောင်း ချနေသည် ဟုသိရပြီး ၂၀၁၃ တွင် တရားဝင် စတင်ရောင်းချနိုင် ရန် ကုမ္ပဏီ မှတ်ပုံတင်ခြင်းဆိုင်ရာမှ ဈေးကွက် အခြေအနေ အထိလေ့လာမှုများ ပြုလုပ်နေသည်ဟု သိရသည်။ "မြန် မာနိုင်ငံမှာ မူဝါဒအသစ်တွေ အများကြီး ပဲ ဒါကို အခွင့်အလမ်းသစ်လို့ ယူဆတယ်။ အဲဒီမှာ ကုမ္ပဏီကို ဘယ်လိုတောင်း မလဲဆိုတာနဲ့ ဈေးကွက်မြန်မြန်ဆန် ဆန်ပြောင်းလဲနေတာတွေကို လေ့လာ နေတယ်" ဟု မစ္စတာ Dule Jones က ပြောကြားသည်။ ၄င်းတို့အနေဖြင့် ထိုင်းနိုင်ငံတွင် ၂၀၁၃ အတွင်း ကား အစီးရေ ၂၀ဝ မှ ၂၅၀ အထိ ရောင်း ချသွားရန် ရည်မှန်းထားပြီး မြန်မာနိုင်ငံ တွင်လည်း အလားတူမှန်းဆထားကာ ဗီယက်နမ်ဈေးကွက်ကိုလည်း မှန်းဆ ထားသည်ဟု ဆိုသည်။ Ta Ta အုပ်စုအနေဖြင့် မြန်မာ နိုင်ငံမှ ကုမ္ပဏီများနှင့် ၄င်းတို့၏အမှတ် တံဆိပ်ကားမျိုးစုံကို ရောင်းချခွင့် ရရေး အတွက် ၂၀၁၁ မှစတင်ကာ အားစိုက် ကြိုးပမ်းလာနေပြီး အာဆီယံဒေသတွင်း ဈေးကွက်၏ လိုအပ်ချက်ကိုလည်း မြန်မာနိုင်ငံမှ တစ်ဆင့် ချဲ့ထွင်သွားရန် ပြင်ဆင်နေသည်ဟုသိရကာ မြန်မာနိုင်ငံတွင်ရှိပြီးသား ၄င်းတို့၏ ကားတပ်ဆင် ထုတ်လုပ်ရေး စက်ရုံမှာလည်း ၂၀၁၃ ခုနှစ်တွင် စတင်အသက်ဝင်လာ ရန်ရှိနေသည်ဟု ၄င်းတို့၏ ကနဦး ဆွေးနွေးထားသော ပြည်တွင်းကုမ္ပဏီ တစ်ခုထံမှသိရသည်။

ရန်ကုန်မြို့ မြို့သစ်အိမ်ခြံမြေ ဈေးအတက်ဘက်သို့ဦးတည်

ရန်ကုန်မြို့တော် အတွင်းရှိ မြို့နယ်များမှ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းအိမ်ရာ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ရန်ကုန်မြို့တော် ဥက္ကလာ၊ မြောက်ဥက္ကလာ စသည့် မြို့နယ်များတွင် အရောင်း အငှား လုပ်ငန်းများ ပုံမှန်အထက်တွင် တည်ရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင် များထံမှ သိရသည်။

တောင်ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်း အိမ်ရာရောင်းဝယ်ငှား သာမန်ထက်ပို

တောင်ဒဂုံဆိပ်ကမ်း အိမ် ရာမှာဆို ပေ ၄၀ * ပေ ၆၀အကွက်ကိုသိန်း ၂၀ဝ နဲ့ ၃၀ဝ ကြားမှာ ရှိတယ်။ အိမ်ပါတယ် တစ်ထပ်လမ်း ထဲတော့ဝင်ရမယ်။ အတွင်း နည်းနည်းကျတယ်။ လမ်းမတန်းမှာဆိုရင် အိမ်အပါ ပေါ့၊ ပေ ၄၀ * ပေ ၆၀ ကို သိန်း ၅၀ဝ နဲ့ ၆၀ဝ ကြားမှာ ရှိတယ်၊ အဲဒါလမ်းမ ဘက်ပေါ့၊ ဒီမှာက အိမ်ကြီး အိမ်ကောင်းတွေ နည်းသေးတယ်၊ သိပ်မရှိဘူး။ တောင်ဒဂုံ အရှေ့ဘက်ဆိုရင် အတွင်းလမ်းဘက် ဆို ပေ ၄၀ * ပေ ၆၀ ကို သိန်း ၃၀ဝ ဝန်းကျင်ရှိပြီး လမ်းမဘက်မှာဆိုရင်တော့ သိန်း ၁၀ဝ၀ ဈေးလောက်အထိ ဈေးရှိ တယ်" IHome အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ မတင်တင်ခိုင်က ပြောသည်။ တောင်ဒဂုံ ဆိပ်ကမ်းအိမ်ရာနှင့် တောင် ဒဂုံအရှေ့ပိုင်းတွင် အိမ်ခြံမြေ အရောင်း အဝယ်ဈေးကွက်မှာ ယခုအခါ ပိုမိုလုပ်ကိုင် ရပြီး အနည်းဆုံးသိန်း ၉၀ မှ အမြင့်ဆုံး သိန်းထောင်ဂဏန်း အထိဈေးရှိကြောင်း၊ ပုံမှန်အရောင်းအဝယ်ရှိပြီး အငှားဈေးကွက် မှာလည်း သောင်းဂဏန်းမှ သိန်းဂဏန်း ဈေးအထိ အမျိုးမျိုးရှိပြီး အိမ်၏တည် နေရာပေါ်မူတည်၍ ဈေးနှုန်းမှာကွာဟမှုရှိ ကြောင်း အဆိုပါရပ်ကွက်တွင်း နေထိုင်သူ အိမ်ခြံမြေ အကျိုးဆောင် ကိုမင်းကပြော သည်။

တက်ရိပ်ပြလာသည့် မြောက်ဒဂုံအိမ်ခြံမြေဈေး

"အစ်မတို့မြောက်ဒဂုံ (၄၉)ရပ်ကွက်ထဲ မှာ ၄၃ ပေ * ပေ ၆၀ တစ်ထပ်အိမ်ပါတယ်။ လမ်းထဲတော့ဝင်ရတယ်၊ဈေးကသိန်း ၃၀ဝ ကျော်မယ်ညှိလို့ရတယ်၊ ၄၁ ရပ်ကွက်မှာ လမ်းမဘက်ပေါ့ အိမ်ပါတယ်။ တစ်ထပ် အိမ်ပဲ ပေ ၄၀ * ပေ ၆၀ သိန်း ၁၃၀ဝ ဈေးရှိ တယ်၊ ဒီမှာကလမ်းမဘက်ပိုနီးရင် ဈေးနှုန်း ပိုပေးရတယ်။ ရပ်ကွက်အလိုက်ပေါ်မူ တည်ပြီး ဈေးနှုန်းလည်း ပြောင်းတယ်၊ ရပ် ကွက်ကောင်းရင်ကောင်းသလို ဈေးလည်း ကောင်းကောင်းခေါ်နိုင်တယ်" ဟု ရွှေနန်းစံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မမေသူ က ပြောသည်။ မြောက်ဒဂုံအိမ်ခြံမြေဈေးသည် တောင် ဒဂုံအိမ်ခြံမြေဈေးထက် ပိုမိုရခြင်းမှာသွား လာရလွယ်ကူခြင်းမှာ အဓိကဖြစ်ပြီး ဝန်ထမ်းအများစုမှာ နေထိုင်ရသည်မှာအဆင် ပြေကြောင်း၊ မိမိတတ်နိုင်သည့် ငွေကြေး အင်အားနှင့် ညီမျှသော အိမ်ကိုငှားရမ်း နေထိုင်နိုင်ပြီး ရပ်ကွက်အများစုမှာ အေးအေး ချမ်းချမ်းရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါ ရပ်ကွက်နေထိုင်သူ အိမ်ခြံမြေ အကျိုးဆောင် မချိုချိုစန်းက သူ့အမြင် ကိုဆိုသည်။

ဈေးကောင်းနေဆဲ လှိုင်သာယာနှင့် ရွှေပြည်သာ အိမ်ခြံမြေဈေး

"လှိုင်သာယာမှ အောင်မြေသာစည် ရပ်ကွက်မှာ ပေ ၄၀ * ပေ ၆၀ ကို အိမ်ပါ သိန်း ၄၀ဝ အထက်မှာရှိတယ်။ တံတား ဖြူ ဘက်မှာဆိုရင် ပေ ၂၀ * ပေ ၆၀ ကို သိန်း ၂၀ဝ ဈေးရှိတယ်။ အရင်ကထက် တော့ အရောင်းအဝယ်ပိုလုပ်ရပါတယ်။ ရွှေပြည်သာ ထန်းခြောက်ပင်ဘက်မှာ ပေ ၆၀ ပတ်လည်တစ်ထပ်တိုက်ကို သိန်း ၈၀ဝ ဈေးခေါ်ထားတယ်။ အစ်မတို့ အဓိက အလုပ်ဖြစ်တာက အရောင်းပေါ့၊ စက်မှုဇုန် ဘက်တွေ မှာဆိုရင် မြေကွက် ဂိုဒေါင် ပါအရောင်းအငှားပိုအလုပ်ဖြစ်တယ်" ဟု ပြည့်စုံအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မငြိမ်းသူထွေးက ပြောသည်။

ဈေးကောင်းမွန်သည့် မြောက်ဥက္ကာလာနှင့် တောင်ဥက္ကလာ

အခု တောင်ဥက္ကလာ ပင်းယလမ်း သွယ် မှာ ပေ ၄၀ * ပေ ၆၀ တစ်ထပ်တိုက် ရေမီးအစုံဂရန်ပါကို သိန်း ၁၀ဝ၀ ဈေးရှိ တယ်၊ သစ္စာလမ်းက ပေ၄၀ * ပေ ၆၀ တိုက်ဆိုရင် ဖုန်းပါတယ်၊ ဂရန်ပါတယ်၊ သိန်း ၈၅၀ဝ ဈေးပေါက်တယ်။ မြောက် ဥက္ကလာပ(ဃ)ရပ်ကွက်ထဲမှာ ပေ ၂၀ * ပေ ၆၀ ခုနစ်ထပ်တိုက် ရေမီးဂရန်ပါတယ်။ သိန်း ၆၀ဝ ဈေး၊ (ခ)ရပ်ကွက်ထဲမှာ တစ် ထပ်တိုက် ရေမီးပါတယ်၊ ပေ ၄၀ * ပေ ၆၀ ကို သိန်း ၃၆၀ ခေါ်ထားတယ်။ အိမ်ဈေး အဓိက ကွာသွားတာက အိမ်ရဲ့အကျယ် အဝန်း ပြင်ဆင်ပုံပါဝင်တဲ့ပစ္စည်းပေါ့၊ ပြီးရင် ရပ်ကွက်ရဲ့လမ်းအခြေအနေ တိတ်ဆိတ်မှု အပေါ်မူတည်ပြီး ဈေးကိုတောင်းကြတာပါ အရောင်းအဝယ်လည်း ဖြစ်ကြပါတယ်။ ဒီလပိုင်းမှာ အလုပ်ကောင်းနေတယ်" ဟု အဆိုပါ ဒေသ၏ အိမ်ခြံမြေ အကျိုးဆောင် ကိုဇော်ဇော်မင်းက ပြောသည်။

သာကေတ အိမ်ခြံမြေဈေးလည်း ကောင်းနေမြဲ

"သာကေတ (၉)ရပ်ကွက်မှာ ပေ ၂၀ * ပေ ၆၀ တစ်ထပ်တိုက် သိန်း ၄၀ဝ ကျော် ဈေးရှိတယ်၊ လမ်းအတွင်းတော့ ဝင်ရမယ် အထဲနည်းနည်းရောက်တယ်၊ ဝါဝါဝင်း အိမ်ရာမှာ ပေ ၈၅ ပတ်လည် ဂရန်ပါ၊ နှစ် ထပ်တိုက်ကို သိန်း ၇၅၀ဝ ဈေးရှိတယ်၊ ဒီဘက်မှာလည်း အဝယ်လိုက်ပါတယ်၊ ဝယ်သူအများစုကတော့ အိမ်နဲ့လမ်း အနေအထားကို အဓိကထားကြည့်တာ ပေါ့၊ အခုရောင်းတဲ့သူ အများစုကလည်း ဝယ်သူအသင့်နေထိုင်လို့ရအောင် အိမ်ထဲ မှာ ပါတဲ့ပစ္စည်းတွေပါ အပြီးရောင်းချပြီး တော့ အရောင်းအဝယ်လုပ်လာကြတယ်" ဟု ရွှေနန်းစံ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ မမေသူက ပြောသည်။ အိမ်ခြံမြေဈေးနှုန်းများ ကောင်းမွန်ခြင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အိမ်ခြံ မြေလုပ်ငန်းမှ လက်ရှိတွင် အကောင်းမွန် ဆုံးလုပ်ငန်းဖြစ်ပေါ် လျှက်ရှိကြောင်း ကား ဈေးကွက်၊ ရွှေဈေးကွက်မှာ အတတ် အကျအလွန်ကြမ်းသောကြောင့် စီးပွားရေးသမားများမှာ အိမ်ခြံမြေလုပ်ငန်း ဘက်သို့ ခြေဦး လှည့်လာခြင်းဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးကျော်နိုင်က ဆိုသည်။

အာကာသထဲအထိ သွားနိုင်မည့် အမြန်ဆုံး ခရီးသည်တင်လေယာဉ်

ဗြိတိန် လေယာဉ် ထုတ်လုပ်မှု ကျွမ်း ကျင်သူများက ယခုအခါ လန်ဒန်မြို့မှ ဩစတြေးလျနိုင်ငံ

ဆစ်ဒနီမြို့ သို့ လေးနာရီ ကျော် ကြာသော မောင်းနှင် ရောက် ရှိနိုင်သည့် တစ်နာရီမိုင် ၄၀၀၀နှုန်း ပျံသန်းနိုင်သည့် မျိုးဆက်သစ် ဂျက်လေယာဉ် တစ်မျိုးကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၈ ရက်နေ့က ထုတ်ဖော်ပြော ကြားလိုက်သည်။

အာကာသထဲအထိ သွားနိုင်မည့် အမြန်ဆုံး ခရီးသည်တင်လေယာဉ်

 

ထိုလေယာဉ်မှာ ဆန်း သစ်ပြီး သမာရိုးကျ ဒီဇိုင်းများနှင့်မတူ တစ်မူထူးခြားသည့် လေယာဉ်မျိုးဖြစ်ကာ ထိုလေယာဉ်တီထွင်နိုင်မှုမှာ အသေအ ချာပင်ဖြစ်ကြောင်း ဥရောပအာကာသ အေဂျင်စီမှ အတည်ပြုခဲ့ပြီး ၄င်း သည် ထပ် မံ၍ အနည်းငယ်မွမ်းမံရုံနှင့် အာကာသထဲ ထိဂြိုဟ်တုများကို သယ်ဆောင် သွားနိုင် မည်ဖြစ်ပြီး ၄င်းမှာ အာကာသထဲရှိလေထု နှင့် အရှိန်၏ပွတ်တိုက်အားကို ခံနိုင်ရည်ရှိ ဟုသိရသည်။

ထိုလေယာဉ်ကို အောက်စဖို့ဒ် ရှိုင်းယားနယ် အခြေစိုက် ကုမ္ပဏီမှ ဒီဇိုင်းထုတ်၍ လေယာဉ်၏ မြန်နှုန်းမှာ မျက်တောင်တခတ် ကြာချိန် ထက် ခြောက်ဆ ပိုမြန်သည်ဟု သိသာလွယ်အောင်ပြောဆိုခဲ့ကြသည်။

အဆိုပါလေယာဉ်သည် အမြင့်ပေ ၉၂၀ဝ၀ အထိ ပျံသန်းနိုင်ပြီး တစ်နာရီမိုင် ၄၀၀၀ အထိ မြန်နှုန်းမြှင့်နိုင်သောကြောင့် သောကြောင့် ယခု ခေတ်စားနေသော အမြန်ဆုံး ဂျက်လေယာဉ် Air Bus နှင့် Con Cord တို့ထက် သုံးဆကျော် ပိုမို မြန်ဆန်သည်။

အဆိုပါ လေယာဉ်တစ်စင်း ဖန်တီး တီထွင်ရန်အတွက် စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၄၀ဝ နီးပါး အကုန်ကျခံခဲ့ရပြီး များမကြာမီ နှစ်များ အတွင်း ဈေးကွက် ထဲသို့ တင်သွင်းသွားမည်ဟု စဦးထုတ်လပ်သူများထဲမှ တာ ဝန်ရှိသူတစ်ဦးကဆိုသည်။

3G စနစ် ပါသည့် မိုဘိုင်းဖုန်းများ မကြာခင် ဈေးကွက်တွင်း ရောက်မည်