Monday, December 10, 2012

မန်းမှာ အရန်ဆန် ၀ယ်ယူသိုလောင်မည်

အရန်ဆန် သိုလှောင် ထားရှိရေး အတွက် မန္တလးနှင့် စစ်ကိုင်းတို့မှ နွေစပါး ပေါ်ချိန် တွင် တင်ဒါစံနစ် ဖြင့် ၀ယ်ယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း မြင့်က ပြောသည်။

 

"မန္တလးမှာ ၀ယ်ရတဲ့အကြောင်းရင်းက မန္တလးက မြို့ကြီးဖြစ်တယ်။ အချက်အခြာကျတယ်။ သွားရေးလာရေးအဆင်ပြေတယ်။ ဒါ့ကြောင့် ၀ယ်ဖြစ်တာပါ"လို့ ဦးဝင်းမြင့်က ပြောသည်။ "နိုဝင်ဘာ ၁၂ရက်နေ့က အရန်ဆန်အတွက်ဆိုပြီး အစည်းအဝေးခေါ်လို့သွားရတယ်။ အရန်ဆန်ဝယ်ဖို့ အတွက် ရန်ကုန်က စီးပွားကူးသန်းကို တင်ပြထားတော့ရှိပါတယ်။ မန်းလေးရော စစ်ကိုင်းရော တန်တစ်ထောင်ဝယ်ယူဖို့ လျာထားချက်ထဲမှာ ပါပါတယ်။ အရန်ဆန်ထားမယ်ဆိုရင်လည်း မန်းလေးမှာက ဂိုထောင်တွေက အများကြီးရှိပါ တယ်။ အရန်ဆန် သိုလှောင်ခွင့်ရရင်တော့ ၀မ်းသာပါတယ်။မန်းလေးမှာ အရန်ဆန်ရှိရင် ဥပမာ-ကချင်မှာ အရေးကြုံရင်ပို့ပေး လို့လွယ်တယ်။ ရန်ကုန်ကနေဆိုမလွယ်ဘူး" ဟု ဆန်စပါးကုန်စည်ဒိုင် ဥက္ကဌဦးဌေးလွင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ဆန်ကို တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေပြီး လက်ရှိတွင် ဆန်ဈေးမှာပုံမှန်သာရှိကာ ယမန်နှစ်နှင့်နှိုင်းစာလျှင်မူ ယခုနှစ်တွင် ဆန်ဈေးအနည်း ငယ်မြင့် တက်ခဲ့ပြီး၊ ယင်းသို့တက်ရခြင်းမှာလည်း မိုးများသောကြောင့်သာဖြစ်ကြောင်း ဦးဌေးလွင် က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွက် ဆန်တန်ချိန်နှစ်သောင်းဝယ်ယူမည်ဖြစ်ပြီး တန်ချိန် ၁၆၀၀၀ခန့် ၀ယ်ယူ ပြီးသွားပြီဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေကြီး ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း ၀ယ်ယူ လျက်ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တန်ချိန် နှစ်သောင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)တွင် တန်ချိန် ၁၅၀၀၊ ပဲခူးတိုင်းဒေသကြီး(အနောက်တွင်) တန်ချိန် ၁၅၀၀၊ ဧရာဝတီတိုင်းဒေသကြီးတွင် တန်ချိန် ငါးထောင်၊ မန်းလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တန်ချိန်တစ်ထောင်စီကို ပထမအဆင့်အနေဖြင့် ၀ယ်ယူသိုလှောင်ရန် လျာထားကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။