Monday, December 10, 2012

အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲဝင် မြန်မာအမျိုးသမီးအသင်း ခြေစစ်ပွဲနောက်ဆုံးအဆင့်၌ ထိုင်းကို အနိုင်ရရှိ


ha-10-12-1

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် အာရှယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ပြီးခဲ့သည့်ဒီဇင်ဘာလ ၁ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ပြီး ယင်းခြေစစ်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲနောက်ဆုံးအဆင့်၌ ထိုင်းအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် (၇) ကြိမ်မြောက် ပြိုင်ပွဲကို တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။ ယင်းနောက်ဆုံးအဆင့် ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် လက်ရှိချန်ပီယံ ဂျပန်၊ မြောက်ကိုရီးယား၊ တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျအသင်းတို့နှင့် အုပ်စုပတ်လည်ပုံစံ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဒုတိယအဆင့် ခြေစစ်ပွဲ၌ အုပ်စု (ခ) တွင် ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ အိန္ဒိယအသင်းတို့နှင့် အတူကျရောက်ခဲ့ပြီး ဗီယက်နမ်နှင့် အိန္ဒိယကို အနိုင်ရရှိခဲ့ကာ တရုတ် (တိုင်ပေ) နှင့်သရေကျပြီး အုပ်စုပထမနေရာ ရရှိခဲ့သည်။ ထို့ကြောင့် တစ်ဖက်အုပ်စုဗိုလ်ဖြစ်သော ထိုင်းအသင်းနှင့် ခြေစစ်ပွဲနောက်ဆုံးအဆင့်အဖြစ် ရှုံးထွက်ကစားခဲ့ရခြင်း ဖြစ်သည်။ ယင်းခြေစစ်ပွဲ နောက်ဆုံးအဆင့်ရှုံးထွက်ပွဲကို ဒီဇင်ဘာလ ၉ ရက်က ဟိုချီမင်းမြို့ရှိ Thonh Nhat ကွင်းတွင် ကစားခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအတွက် အနိုင်ဂိုးကို နောက်တန်းလူ လင်းဥမ္မာထွန်းက ၆၇ မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

အုပ်စု(ခ) ပွဲ  နိုင် သရေ ရှုံး  ရဂိုး ပေးဂိုး ရမှတ်
မြန်မာ ၃ ၂   ၁  ၀ ၁၁   ၂   ၇
ဗီယက်နမ် ၃ ၂ 
   ၀ ၁ ၁၄   ၃    ၆
တိုင်ပေ ၃  ၁   ၁ ၁ ၉    ၄   ၎
အိန္ဒိယ  ၃ ၀   ၀ ၃  ၀  ၂၅   ဝ

             နောက်ဆုံးအဆင့် Play-Off

                  မြန်မာ ၁-၀ ထိုင်း

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။