Monday, December 10, 2012

လှိုင်းအောက်ရောက်သွားသည့် ခွေးအား ကယ်ဆယ်ရင်း သားနှင့် မိဘနှစ်ပါး သေဆုံး

ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်း ယူရေကာ ဒေသရှိ ဘစ်လာဂွန် ကမ်း ခြေတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ လယ်ပိုင်းတွင် ခွေးတစ်ကောင် ပင်လယ်လှိုင်းအောက် ရောက်ရှိသွားသည်ကို ဆယ်ကျော်သက်တစ်ဦးက လိုက်လံ ကယ်ဆယ်သည်ကို ၄င်း၏ မိဘတို့က လိုက်လံရှာဖွေရင်း သုံးဦးစလုံး သေဆုံးခဲ့ရကြောင်း ။ အဆိုပါဒေသ၏ လုံခြုံရေးအရာရှိ တစ် ဦးဖြစ်သည့် ဒါနာဂျုံးက ထုတ်ဖော်ပြော ကြားခဲ့သည်။

ထိုဆယ်ကျော်သက် ကလေးငယ်သည် ကမ်းခြေတွင် ၄င်း၏ ခွေးနှင့် ဆော့ကစားနေစဉ် ဆယ်ပေခန့် မြင့်သည့် ပင်လယ် လှိုင်းလုံး ရိုက်ခတ်မှုကြောင့် ၄င်း၏ခွေး ခွေးမျောပါသွားသည်ကို လိုက်လံရှာဖွေခဲ့ရာ ၄င်းပါ မျောပါသွား ခဲ့သည်။ ထို ဆယ်ကျော်သက် ကလေး ငယ်၏ မိဘနှစ်ပါးဖြစ်သူတို့သည် ၄င်းတို့၏သား ပင်လယ်လှိုင်း များကြား မျောပါ သွားသည်ကို တွေ့ရှိရ၍ လိုက်လံ ကယ်ဆယ်ရင်း ၄င်းတို့ပါ သေဆုံးခဲ့ရ ကြောင်း ဂျုံးက ဆက်လက်ပြောကြား သည်။

အာဏာပိုင်များက ရဟတ်ယာဉ် များ၊ အသက်ကယ်လှေများနှင့် လိုက်လံ ရှာဖွေခဲ့ရာ အဆိုပါကမ်းရိုးတန်းဒေသရှိ ထူထပ်စွာကျရောက်နေသော မြူခိုး ကြောင့် အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရပြီး မိဘနှစ်ပါး၏ အလောင်းကိုသာ တွေ့ရှိခဲ့ရကြောင်းနှင့် ကလေးငယ်၏ အလောင်းမှာမူ ပျောက်ဆုံးလျက်ရှိကြောင်း တွေ့ရှိရသည်။ (AP,25.11.2012) 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။